@mandalayfreepress: မုံရွာမှာ စစ်အုပ်စုက နေ့စဉ် ပေါ်တာပတ်ဆွဲနေလို့ လက်လုပ်လက်စား လူငယ်တွေ အပြင်မထွက်ရဲ၊ ဆီမတိုးရဲ ဖြစ်နေ၊ မောင်သက်/MFP၊ အောက်တိုဘာ - ၁၈ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လက်လုပ်လက်စား လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထားကာ နေ့စဥ် ဒါဇင်နဲ့ချီ ဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းနေလို့ လူငယ်တွေ အပြင်မထွက်ရဲ၊ ဓာတ်ဆီဆိုင်မှာ ဆီမတိုးရဲဘဲ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ စစ်အုပ်စုဟာ ယခုလတွေအတွင်း နေ့စဉ်နဲ့အမျှ တစ်နေ့ကို လူ ၂၀ ကျော်၊ ၃၀ လောက်အထိ ရအောင် မုံရွာမြို့အနှံ့ ပေါ်တာပတ်ဆွဲနေတာလို့ ဆိုပါတယ်။ "ပေါ်တာဆွဲတာတော့ အမှန်ပဲ။ လူငယ်တွေ အပြင်တောင်မထွက်ရဲလောက်အောင်ဘဲ၊ ရှစ်လပိုင်း နောက်ဆုံးပတ်လောက်ကနေ ခုထိကို ဆက်တိုက် ဆွဲနေတာ" လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ မုံရွာမြို့ ကျောက္ကာလမ်းမီးပွိုင့်၊ ကံသာယာ၊ ကျွဲရဲအဝိုင်း၊ စက်မှုဇုံရပ်ကွက်၊ စျေးတွေ၊ ကမ်းနားလမ်းတလျောက်နဲ့ ကူးတိုဆိပ်တွေမှာ အများဆုံး ပေါ်တာဆွဲနေသလို အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ရပ်ကွက် လမ်းကြိုလမ်းကြားပါမကျန် လှည့်ပတ်ပေါ်တာဆွဲနေပြီး လမ်းပေါ် လူမတွေ့ရင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ဆီဆိုင်မှာ ဆီတိုးသူနဲ့ မြစ်ဆိပ်ရှိ စက်လှေတွေပေါ်အထိ တက်ကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။ "အရပ်ဝတ်တွေနဲ့ ရုတ်တရက် ရောက်ရောက်လာပြိီးဆွဲတာ၊ ဆီဆိုင် ဆီထုတ်ဖို့ တန်းစီတဲ့ လူငယ်တွေပါဆွဲတာ၊ ခုလတ်တလော ဆီဆိုင်မှာ လူငယ်တွေ ဆီမထုတ်ရဲကြတော့ဘူး" လို့ ဒေသခံတစ်ဦးက ပြေပါတယ်။ မုံရွာမြို့မှာ စစ်အုပ်စုက စက်သုံးဆီ အလုံအလောက် ရောင်းမပေးတာကြောင့် ဆီရောင်းတဲ့ ဆိုင်တချို့မှာ မြို့ခံတွေ တန်းတီတိုးဝှေ့ဝယ်ယူ ကြရပြီး အဲ့ဒီ ဆီတိုးနေတဲ့ လူတန်းကိုလည်း စစ်အုပ်စုက ပိတ်ဆို့ကာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာကြောင့် လူငယ်တွေ ဆီမတိုးရဲဘဲ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေပဲ ဆီတိုးနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ လက်လုပ်လက်စား ဆင်းရဲသား လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ ပေါ်တာဆွဲလေ့ရှိပြီး အခုလတွေအတွင်း စစ်အုပ်စု ပေါ်တာအဆွဲကြမ်းလို့ မုံရွာမြို့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင် မြို့၊ရွာတွေကနေ မုံရွာမြို့ပေါ် အလုပ်လာလုပ်တဲ့ လူငယ်တွေ မြို့ပေါ်သွားဖို့နဲ့ အပြင်ထွက်အလုပ်လုပ်ဖို့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စုဆောင်းကာ ရက်တို သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ လူသစ်စုနေတာ ဖြစ်ပြီး နှဟ်နှစ်ကျော်အတွင်း လူ တစ်သိန်းဝန်းကျင် စစ်သားသစ် စုဆောင်းခဲ့ပြီး ဖြစ်သလို လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၉အထိ ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။ မုံရွာမြို့မှာ တွေ့ရတဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ကားတစ်စီး/Photo - ဒေသခံ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #MandalayFreePress #အညာ #မုံရွာ #စစ်ကိုင်း #ပေါ်တာဆွဲ
mandalayfreepress
Region: TH
Sunday 18 October 2026 10:40:42 GMT
Music
Download
Comments
Aung Moe :
ပြည်သူတွေမညီညွှတ်လိုဆွဲလို့ရနေတာပါ
2026-10-18 12:01:43
120
Zaw Zaw Tun :
မုံရွာတင်လားတစ်နိုင်ငံလုံးကိုပက်ဆွဲနေတာ
2026-10-18 11:35:59
61
TheintTheintThu❤️ :
ပေါ်တာဆွဲတာ မယုံဘူးဆိုကြတဲ့သူတွေ မုံရွာမြို့ပေါ်မှာ လာနေကြည့်ကြ တိုင်းရင်းဆေးရုံလမ်း ဆည်မြောင်းလမ်းတို့ ညနေ5.00ကျော်ရင် လာကြည့်ကြ ငါ့အကိုလက်တွေ့မို့ဟေ့ အလုပ်ကအပြန်5.15လောက်အသက်မေးပြီးအတင်းကား ေပါ်ဆွဲတင်ပြီး တန်းခေါ်သွားတာ သင်တန်းလေး2လခွဲ3လပေးပြီး တပ်ရင်းတောင်မရောက်ဘူး ရှေ့တန်းကို တန်းပြီး အပို့ခံလိုက်ရလို့ အခုရှေ့တန်းမှာ သူတို့က ဘယ်လိုလူဆွဲလဲဆို လက်လုပ်လက်စား အလုပ်သွားအလုပ်ပြန်တွေကိုဆွဲတာများတယ် ငါ့အကိုခြေထောက်ကျိုးလို့ စတီးရိုးထည့်ထားတာတောင် ဆေးမှတ်တမ်းမှာမပေါ်ဘူး မရှိဘူးလို့ပြောတာ
2026-10-18 14:08:15
12
YarZar Phyo :
ဟိုဘက်ကဆွဲတာလဲပြောပါအုံးဟ မင်းတို့ဟာလဲ သတင်းမဟုတ်ဘူး အတင်းဖြစ်နေပြီ
2026-10-18 16:11:36
2
minhein3809 :
အဟောင်းတွေမတင်ပါနဲ့
2026-10-18 12:08:49
7
sailtunthank☠️ :
ပတ်ဆွဲနေတာဟ
လုပ်စားဖိုမပြောနဲ
တောင်းစားဖိုတောင်မလွယ်ဘူးဟဘဝ
2026-10-18 12:18:24
18
MG Kaung ❌❌ :
ပတ်ဆွဲနေကျတာပဲ င့တော့မမြင်မိ ပြောနေကျတာမသိ တစ်တိုင်းပြည်လုံးကိုဖစ်နေသလို ရေတာရှည်တောင်ငူမဖစ် ဟေ့ နေပြည်တော်လဲမဖစ်ဟေ့ လာကြည့်ကျအုံး
2026-10-18 12:48:39
1
Dream :
vd အဟောင်း
2026-10-20 15:29:51
0
kozawzaw899 :
အခုတော့ မသိ အရင်က ညနေ၅ မနက်6 အပြင်လမ်းပေါာ်မထွက်ရဲ နေ့ခင်းတောင် ကင်းလှဲ့ တာ သိရင် ပတ်လမ်း က သွားလာနေကြတာ ကားနဲ့တောင် အကြောင်းမယ့် စွဲးခံသူထက် အပြစ်ရှိသူတွေကို စွဲးခေါာ်တာအများ မုံရွာ ရောက်နေက သိခဲ့ရပါတယ် ထီးဆောင်ကျော် pdf ဂိမ့်တွေက လမ်းကြေးပေးရသလို ကြားခုလက်တွေမှာလဲ ခဲးဖိုးရမ်းဖိုးဆိုပီး သက်နတ်တွေနဲ့ အလှူခံတွေ တွေ့ရပါတယ် ကားသေး ၁သောင်း ကားကြီး သိန်းဂဏန်း ဆီဘောင်ချာကားတွေ သိန်း၁၀ထိ လမ်းကြေးပေးရပါတယ် အရင်က အခု မသိတော့ပါ
2026-10-18 14:31:39
1
#😘5/ပေပင်သူလေး😘# :
ပြောတော့ ပစ် ခတ်တာ တွေရပ်ပိဘာလို့ဆွဲနေတာလဲ
2026-10-18 11:57:06
5
Zaw Moe Win :
လက်နက်ကိုင်ပြီးလူမှောင်ခိုလုပ်ဒမြတိုက်နေသလိုပဲ
2026-10-19 04:15:08
2
HTA :
ဟုတ်တယ်ဆွဲတာကြမ်းသလားတော့မမေးနဲ့ကိုတွေတောင်ကံကောင်းလို့
2026-10-18 11:22:51
4
khaing. win. aung. 24 :
ယုတ်မာလွန်းနေပြီ
2026-10-18 13:13:08
3
ပေသီး :
ပြည်သူတွေကိုသက်သက်ဒုတ်ခပေးနေတာ အားလုံးသတိထားကြပါနော်
2026-10-18 12:09:42
6
MK🤠 :
တစ်နိုင်ငံလုံးပါပဲ
2026-10-18 23:37:37
2
Yan Yan :
လက်တွေ့ပဲ ပေါ်တာဆွဲတာ
ကျနော် ညီ ပါသွားတယ်ဗျာ
2026-10-19 12:26:44
1
Sai myat :
တစ်နိုင်ငံလုံးက လူငယ်တွေကိုသူတို့အတွက် လိုအပ်ချိန်မှာ အသင့်စား အစားအစာ လိုသဘောထားနေတာပါ ကိုယ့်အလှည့်ဘယ်တော့လာမလဲစောင့်နေရတဲ့သူတွေပါ
2026-10-20 00:16:34
2
phyo lay :
မဟုပ်တေမတင်ကြပါနဲ့
2026-10-19 10:53:10
1
H+ONE :
ပြေးနိုင်မှ လွတ်မယ်ဆိုတာ အလကားစကားမဟုတ်ပါ။သူတို့လက်ထဲ အာဏအကုန်မရမချင် တနိုင်ငံလုံးကို သဒေးပြစ်မယ် ဆိုတာ အမေ့ပါနဲ့။
2026-10-18 12:16:58
8
000762 :
🌹🌹🌹
2026-10-18 11:21:07
1
ပန်းခလေ :
လွန်လွန်းပါတယ်ဗျာ
2026-10-18 15:07:24
1
minhtet thar :
😳
2026-10-18 11:31:49
1
စအိုကြိုက်ကောင်လေး :
များများဖမ်းပေးပါဗျ
2026-10-18 23:56:51
0
ချစ်လို့မဝ ကိုယ့်ဒုက္ခ :
ပြည်သူအချင်းချင်းတိုက်တဲတိုက်ပွဲဖြစ်နေပါပီ
2026-10-18 13:20:00
1
To see more videos from user @mandalayfreepress, please go to the Tikwm
homepage.