@zawwinaung1080: ဘယ်လောင်းကစားက ပိုဆိုးတာလဲ.....? တကယ်တော့ လောင်းကစားအားလုံးဟာ မကောင်းတဲ့အရာတွေပါပဲ။ တချို့က 2D၊ 3D ကြောင့် ဘဝပျက်ကြတယ်။ တချို့က Slots ဂိမ်းတွေ၊ ကျွဲဂိမ်း၊ ငါးပစ်ဂိမ်း တွေကြောင့် ဒုက္ခရောက်ကြတယ်။ တချို့က ကာစီနို၊ တချို့က ဘောလုံးလောင်းကစား စသဖြင့်ပေါ့။ ကိုယ်ကစားတဲ့ လောင်းကစားအမျိုးအစားပေါ် မူတည်ပြီး ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေက မတူညီနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်လောင်းကစားက ပိုဆိုးတယ် ဆိုတာကို တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကိုယ်ကစားတဲ့အရာက ဘာပဲဖြစ်ဖြစ် အဲဒီအရာကို စွဲလမ်းသွားတဲ့အခါ ငွေကြေးဆုံးရှုံးမှုကနေစပြီး အကြွေးတွေ၊ မိသားစုပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေ၊အိပ်မပျော်သောညတွေ၊စိတ်သောကတွေ အထိ ရောက်သွားနိုင်ပါတယ်။ လောင်းကစားတစ်မျိုးနဲ့တစ်မျိုး ကွာခြားနိုင်ပေမဲ့ နောက်ဆုံးမှာ ကိုယ့်ဘဝကို ထိခိုက်စေနိုင်တာကတော့ အတူတူပါပဲ။ ဒါကြောင့် ဘယ်လောင်းကစားကိုမှ အစမပြုမိဖို့ အရေးကြီးသလို၊ စတင်မိခဲ့ပြီဆိုရင်လည်း ကိုယ့်ဘဝကို ယခုထက် ပိုမိုမဆုံးရှုံးခင် ရပ်တန့်နိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်လောင်းကစားက ပိုဆိုးလဲဆိုတာထက် ကိုယ့်ဘဝကို မထိခိုက်ခင် ဘယ်အချိန်မှာ ရပ်တန့်နိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်.......! ကျေးဇူးပါ
Zaw | Gambling Recovery
Region: TH
Sunday 18 October 2026 11:30:48 GMT
Music
Download
Comments
Win Myint :
ကျွဲဂိမ်းအဆိုးဆုံးပါ လိမ်ညာစားတဲ့ဂိမ်းပါ
2026-10-18 12:13:40
8
AyeAK :
လောင်းကစားကတော့အတူတူပါဘဲစမိရင်ဘဝပျက်ကြတာကြီးဘဲ
2026-10-18 11:42:45
3
♠️ Sai Shwe Aung ♠️ :
တစ်ခုမှမကောင်းပါဘူး slotဂိမ်း နဲ့ကျွဲဂိမ်းက ပိုပြီးတော့ဘဝပျက်မြန်တယ် အရမ်းဆိုးပါတယ်
2026-10-18 12:23:03
5
Mya Mya Htay :
ဟုတ်ပါတယ် များ များကြီး ပြောပေးပါတင် ပေးတဲ့ ကျေးစူးပါ
2026-10-18 11:55:55
2
Notoo🇺🇸🇺🇸🇺🇸 :
အကုန်အတူတူပဲ
2026-10-18 11:43:32
2
minzaw6286 :
လက်ငင်းရှုံးတာထက် အကြွေးယူငွေလှည့်အတိုးပေးနေရတာတွေက ပိုဆိုးသွားတာပါ
2026-10-19 04:16:06
0
ko kyaw Ko kyaw :
ပိုက်ဆံပေါ့ကွာ
2026-10-18 13:18:35
0
sanlay :
ဘယ်လောင်းကစားမှအစမလုပ်မိပါစေနဲ့
2026-10-18 12:52:14
0
အောင်ကိုလတ် :
😌😌😌😌
2026-10-19 01:53:45
0
TharTharMayMay :
အမှန်ဆုံးပါ
2026-10-18 12:00:47
1
Daw su :
ကိုယ့်ရ ဲ့အရှေ့မှာရှိုးဘူးတဲ့သူတွေက2Dကိုမစော့ဘိုတားတယ်ကိုယ်တွေကနားမဝင်ခဲ့ဘူး
2026-10-18 13:10:56
0
ye htut :
Slot game
2026-10-18 13:14:58
0
sonia :
ငါးဖမ်း
2026-10-18 12:59:59
0
Paing Say Htet💫 :
သာယာလှပတဲ့ဘဝဆိုတာ လောင်းကစားလောကထဲမှာ ရှာတွေ့နိုင်တဲ့အရာ မဟုတ်ပါဘူး။
တိုးတက်ပြောင်းလဲလာတဲ့ဘဝ၊ ကိုယ့်ကိုယ်ကို အရည်အချင်းရှိရှိ ယုံကြည်နိုင်တဲ့ဘဝ၊ လိပ်ပြာလုံလုံနဲ့ နေထိုင်နိုင်တဲ့ဘဝ....ဒီလိုအရာတွေဟာ လောင်းကစားနဲ့ အတူတူ ရှိမနေနိုင်ပါဘူး။
လောင်းကစားကို ဆက်လုပ်နေသရွေ့ ကိုယ်လိုချင်တဲ့ဘဝနဲ့ ပိုဝေးသွားဖို့ပဲ ရှိပါတယ်။
လောင်းကစားလုပ်နေသူတိုင်းလည်း သိပါတယ်။ “ဒီအရာက ငါ့အတွက် အကျိုးရှိလား၊ မရှိဘူးလား” ဆိုတာကို ကိုယ်တိုင်သိကြပါတယ်။
သိနေပေမယ့် မပြင်ရဲသေးဘူး။မှားနေမှန်းသိပေမယ့် ဆက်လုပ်နေမှဖြစ်မယ်ဆိုတဲ့ အတွေးမှား။
အကြွေးတွေရှိသေးလို့… ဖုန်းအသစ်ဝယ်ဖို့ လောင်းရမယ်… Laptop ဝယ်ဖို့ လောင်းရမယ်… ဒါမှမဟုတ် ပိုက်ဆံလိုတိုင်း လောင်းကစားကနေပဲ ရှာရမယ်ဆိုတဲ့အတွေး ဝင်လာပြီဆိုရင် အန္တရာယ်က ပိုကြီးလာပါပြီ။
“ပိုက်ဆံဆိုတာ လောင်းကစားကနေပဲ ရနိုင်တယ်” ဆိုတဲ့အတွေးကို ယုံကြည်သွားတဲ့အချိန်မှာ ကိုယ့်ဘဝကို ကိုယ်တိုင် ပိတ်လှောင်ထားမိတာနဲ့ တူပါတယ်။
အဲဒီအတွေးကနေ ပြန်လွတ်မြောက်ဖို့ တစ်ခါတလေ အများကြီးပေးဆပ်ပြီးမှ အမှန်ကို မြင်လာရတတ်ပါတယ်။
ဒါကြောင့် ဘဝကို လောင်းကစားမပါဘဲ အရင်ဆုံး တစ်လလောက်ပဲ နေကြည့်လိုက်ပါ။
တစ်လအတွင်း ငွေကြေး၊ စိတ်အေးချမ်းမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အချိန်တွေမှာ ဘာတွေပြောင်းလဲလာလဲ ပြန်ကြည့်ပါ။
ထူးခြားမှုတစ်ခုတော့ ရှိလာပါလိမ့်မယ်။
ဒီတစ်ခါတော့ အဲ့ဒီထူးခြားမှုက ကိုယ့်ဘဝကို ပိုကောင်းလာစေတဲ့ ထူးခြားမှုဖြစ်ဖို့ များပါတယ်။
လောင်းကစားနဲ့ ဘဝကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။
လောင်းကစားကို ဖယ်ပြီး ဘဝကို ပြောင်းလဲကြည့်ပါ။
တစ်လလောက်ပဲ စမ်းကြည့်ပါ....
ကိုယ့်ဘဝရဲ့ တကယ့်တန်ဖိုးကို ကိုယ်တိုင် ပြန်မြင်လာပါလိမ့်မယ်🙂↕️🍀✨🇲🇲
2026-10-18 18:09:13
0
To see more videos from user @zawwinaung1080, please go to the Tikwm
homepage.