@aungthawchan34: တစ်ခါဆုံးရှုံးဖူးတဲ့သူမို့ ပြန်ရလာတဲ့အခါ ပျော်ရွှင်မှုထက် ကြောက်ရွံ့မှုက ပိုများလာတယ်။ နောက်တစ်ခါ ထပ်ဆုံးရှုံး ရမှာကိုလည်း ကြောက်တယ်။ အရင်လို မဖြစ်တော့မှာကိုလည်း စိုးရိမ်တယ်။ ဒါပေမဲ့ အဲ့ဒီကြောက်စိတ်တွေရှိနေရင်တောင် ကိုယ်က မင်းကို လက်လွှတ်ဖို့ထက် မင်းနဲ့အတူ ဆက်လျှောက်သွားချင်နေတုန်းပါပဲ။ လူတစ်ယောက်ကို ဆုံးရှုံးဖူးပြီးမှ ပြန်ရလာတဲ့အခါ အရင်လို ပျော်ရွှင်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ အရာအားလုံးက အရင်လို ပြန်မဖြစ်နိုင်ဘူး။ ယုံကြည်မှုတွေက ပြန်တည်ဆောက်ရတယ်၊ နာကျင်ခဲ့ဖူးတဲ့ အမှတ်တရတွေကလည်း တစ်ခါတလေ ပြန်ပေါ်လာတတ်တယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာက အရင်လို ပြန်ရလာတဲ့ ပျော်ရွှင်မှုလေးတစ်ခုတည်း မဟုတ်ဘူး။ မနက်ဖြန်တွေမှာလည်း မင်းအနားမှာ ရှိနေနိုင်ဖို့၊ စိတ်ဆိုးစိတ်ကောက်မှုတွေရှိရင်တောင် အဆုံးသတ်ဖို့မဟုတ်ဘဲ နားလည်ပေးဖို့ ကြိုးစားနိုင်ဖို့ပါ။ ကိုယ်က မင်းကို ဆုံးရှုံးပြီးမှ ပြန်ရလို့ ပျော်နေတာထက်… နောက်တစ်ခါ ထပ်မဆုံးရှုံးရအောင် နှစ်ယောက်အတူ ကြိုးစားသွားချင်တာပါ။ ဘာလို့လဲဆိုတော့ ကိုယ်တကယ်မလိုချင်တာက မင်းကို ပြန်ရဖို့တစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့ မင်းနဲ့ပဲ ရေရှည်အတူရှိသွားချင်တာပါ။#fyyy #fyyy #fypシ @K1nex
မငိုရဘူးနော်
Region: MM
Sunday 18 October 2026 11:39:15 GMT
Music
Download
Comments
Ñä .Èî .Śhëh :
အမြဲအားပေးနေပါတယ်🥰
2026-10-18 11:49:48
0
Shine CG Is On Fire :
hi
2026-10-18 12:57:25
0
To see more videos from user @aungthawchan34, please go to the Tikwm
homepage.