@user9159800633835:

ايــــــوبــــ يـــــعـــقوب💝
ايــــــوبــــ يـــــعـــقوب💝
Open In TikTok:
Region: TD
Sunday 18 October 2026 13:37:42 GMT
2
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @user9159800633835, please go to the Tikwm homepage.

Other Videos

🎗️ ကမ္ဘာ့ရင်သားကင်ဆာနေ့ (World Breast Cancer Day) - - - - - - - - - - - - - - - - - - - - - - - ရေချိုးရင်း ရင်သားမှာ အဖုလေး စမ်းမိပေမဲ့
🎗️ ကမ္ဘာ့ရင်သားကင်ဆာနေ့ (World Breast Cancer Day) - - - - - - - - - - - - - - - - - - - - - - - ရေချိုးရင်း ရင်သားမှာ အဖုလေး စမ်းမိပေမဲ့ "မနာလို့ ကိစ္စမရှိပါဘူး" ဆိုပြီး လျစ်လျူရှုထားမိတဲ့ အမျိုးသမီးတွေ အများကြီးပါ။ တကယ်တော့ ရင်သားကင်ဆာ အဖုဟာ အများအားဖြင့် မနာတတ်ပါဘူး။ အောက်တိုဘာ ၁၉ ရက်နေ့ဟာ ကမ္ဘာ့ရင်သားကင်ဆာနေ့ ဖြစ်ပြီး အောက်တိုဘာလ တစ်လလုံးကို ရင်သားကင်ဆာ သတိပြုရမည့်လ (Breast Cancer Awareness Month) အဖြစ် သတ်မှတ်ထားပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာ့နိုင်ငံအများစုမှာ အမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အမျိုးသမီး (၂.၄ သန်း) ရင်သားကင်ဆာ ရောဂါသစ် တွေ့ရှိခဲ့ပြီး (၆၉၄,၀၀၀) ဦး သေဆုံးခဲ့ပါတယ်။ သတင်းကောင်းကတော့ — စောစောတွေ့ပြီး အချိန်မီ ကုသရင် သေဆုံးနှုန်းကို သိသိသာသာ လျှော့ချနိုင်တဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဝင်ငွေမြင့်နိုင်ငံတွေမှာ ၁၉၈၀ ပြည့်နှစ်တွေကနေ ၂၀၂၀ အထိ ရင်သားကင်ဆာ သေဆုံးနှုန်း (၄၀%) လျော့ကျခဲ့ပါတယ်။ ➡️ ဘယ်သူတွေ ဖြစ်နိုင်ခြေ ပိုများသလဲ - - - - - - - - - - 👉 အမျိုးသမီးဖြစ်ခြင်းနဲ့ အသက်ကြီးလာခြင်း — အဓိက အန္တရာယ်အချက် ဖြစ်ပါတယ် 👉 မိသားစုဝင်မှာ ရင်သားကင်ဆာ ရှိဖူးခြင်း၊ BRCA1 / BRCA2 / PALB2 မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိခြင်း 👉 ရာသီစလာတဲ့အသက်၊ ပထမကိုယ်ဝန် ရတဲ့အသက် စတဲ့ မျိုးဆက်ပွားဆိုင်ရာ အချက်များ 👉 အဝလွန်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း 👉 သွေးဆုံးပြီးနောက် ဟော်မုန်းဆေး (Hormone Therapy) သုံးခြင်း၊ ဓာတ်ရောင်ခြည် ထိတွေ့ဖူးခြင်း ⚠️ မမေ့သင့်တဲ့ အချက် - - - - - - - - - - 👉 ရင်သားကင်ဆာ ဖြစ်သူ (၈၀%) ခန့်မှာ အမျိုးသမီးဖြစ်ခြင်းနဲ့ အသက်ကလွဲလို့ ထူးခြားတဲ့ အန္တရာယ်အချက် မရှိကြပါဘူး 👉 "မိသားစုမှာ မရှိဖူးလို့ ငါမဖြစ်နိုင်ဘူး" လို့ မယူဆပါနဲ့ 👉 အမျိုးသားတွေမှာလည်း ရှားရှားပါးပါး (၀.၅-၁%) ဖြစ်နိုင်ပါတယ် ⚠️ ဒီလက္ခဏာတွေ တွေ့ရင် ဆရာဝန်ပြပါ - - - - - - - - - - 👉 ရင်သား (သို့) ချိုင်းအောက်မှာ အဖု/အမာ — မနာရင်တောင် ပြသပါ 👉 ရင်သား အရွယ်အစား (သို့) ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း 👉 အရေပြား ချိုင့်ဝင်ခြင်း၊ နီရဲခြင်း၊ လိမ္မော်သီးအခွံလို အပေါက်သေးသေးလေးတွေ ဖြစ်လာခြင်း 👉 နို့သီးခေါင်း အတွင်းဝင်သွားခြင်း၊ နို့သီးခေါင်းပတ်လည် အရေပြား ပြောင်းလဲခြင်း 👉 နို့သီးခေါင်းမှ သွေး (သို့) ပုံမှန်မဟုတ်တဲ့ အရည်ထွက်ခြင်း 👉 မကျက်နိုင်တဲ့ ရင်သားအနာ အဖုတိုင်းဟာ ကင်ဆာ မဟုတ်ပါဘူး — အများစုက ကင်ဆာ မဟုတ်ပါ။ ဒါပေမဲ့ စစ်ဆေးမှသာ သေချာနိုင်ပါတယ်။ ➡️ စောစောရှာဖွေစစ်ဆေးခြင်း (Screening) - - - - - - - - - - USPSTF Guideline (2024) အရ — 👉 ပုံမှန် အန္တရာယ်ရှိသူ အမျိုးသမီးများ အသက် ၄၀ မှ ၇၄ နှစ်အတွင်း ၂ နှစ်တစ်ကြိမ် ရင်သားဓာတ်မှန် (Mammogram) ရိုက်စစ်ဆေးသင့်ပါတယ် 👉 မိသားစုသမိုင်း ပြင်းထန်သူ၊ မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိသူတွေကတော့ ပိုစောစော၊ ပိုမကြာခဏ စစ်ဆေးဖို့ အထူးကုနဲ့ တိုင်ပင်ပါ 👉 ကိုယ့်ရင်သားရဲ့ ပုံမှန်အခြေအနေကို သိထားပြီး (Breast Awareness) ပြောင်းလဲမှု တွေ့တာနဲ့ စောင့်မနေဘဲ ပြသပါ ➡️ ဖြစ်နိုင်ခြေ လျှော့ချဖို့ - - - - - - - - - - 👉 ကိုယ်အလေးချိန် မျှတအောင် ထိန်းပါ 👉 အရက်နဲ့ ဆေးလိပ် ရှောင်ပါ 👉 သွေးဆုံးပြီးနောက် ဟော်မုန်းဆေးကို မိမိဘာသာ မသုံးပါနဲ့ — ဆရာဝန်နဲ့ တိုင်ပင်ပါ ➡️ ကုသမှု - - - - - - - - - - 👉 ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း (Radiotherapy)၊ ဟော်မုန်းကုထုံး၊ ဓာတုကုထုံး (Chemotherapy)၊ ပစ်မှတ်ထားကုထုံး (Targeted Therapy) တို့ကို ကင်ဆာအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ပေါင်းစပ်ကုသပါတယ် 👉 ကုသမှုကို အဆုံးထိ ခံယူမှ ရလဒ်ကောင်းပါတယ် — တစ်ဝက်တစ်ပျက် ရပ်လိုက်ရင် ထိရောက်မှု လျော့ကျပါတယ် 👉 ဆေးမြီးတိုတွေကြောင့် အချိန်မီ ကုသမှု နောက်မကျပါစေနဲ့ စောစောတွေ့ရင် ကုသနိုင်ပါတယ်။ ကိုယ့်အတွက်ရော၊ အမေ၊ ညီအစ်မ၊ ဇနီး၊ သူငယ်ချင်းတွေအတွက်ပါ သတိပေးကြပါစို့။ သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မသိသေးသူ မိတ်ဆွေတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်။ *** References 1. World Health Organization. WHO Fact Sheet. 2026 (Breast Cancer Fact Sheet) 2. US Preventive Services Task Force, Nicholson WK et al. JAMA. 2024 (USPSTF Breast Cancer Screening Recommendation Statement) #ငြိမ်းဆေးခန်း #worldbreastcancerday

About