@yeoreumhb: Overthinkerတစ်ယောက်ရဲ့ နောက်ဆုံးထွက်ခွာချိန်ဟာ တခြားသူတွေနဲ့ မတူဘူး။ သူတို့တွေက လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူတို့ရဲ့ဘဝတစ်ခုလုံးနဲ့ ရင်းပြီး အဆုံးထိချစ်ပေးတတ်ကြတယ်။ အရာရာထက် ပိုတန်ဖိုးထား တယ်၊ မမြင်ရတဲ့ နောက်ကွယ်မှာတောင် ဘယ်တော့မှ မယိုင်လဲတဲ့ သစ္စာတရားကို ဆုပ်ကိုင်ထားပေးတယ်။ ဒါပေမယ့်overthinkerဆိုတဲ့ အတိုင်း သူတို့မှာအတွေးတွေ အရမ်းလွန်တတ်တဲ့ အကျင့်လေးတော့ရှိတယ်။ အကောင့်လေး Active ဖြစ်နေပါလျက်နဲ့ ပို့ထားတဲ့ စာကိုမဖတ်တဲ့အခါ "သူ ငါ့ကို စိတ်ကုန်သွားပြီလား" ဆိုပြီး အဝေးကြီးထိတွေးမိသွားတယ်။ စကား ပြောတဲ့ လေသံလေးပြောင်းသွားတာကအစ "ငါ့ပေါ်ထားတဲ့ အချစ်တွေ လျော့သွားပြီလား" ဆိုတဲ့ အတွေးဆိုးကြီး ခေါင်းထဲရောက်လာတတ်တယ်။ သူတို့ဟာ အသေးအဖွဲလေးတွေကအစ အလေးထားတွေးတတ်သလို၊ ကိုယ်ပေးတဲ့အချစ်၊ ကိုယ်ပေးတဲ့ ဂရုစိုက်မှုမျိုးကိုလည်း တစ်ဖက်လူဆီက ပြန်ရချင်တတ်ကြတယ်။ အချစ်ရေးမှာ လူအများစုက အစပိုင်းမှာတော့ သဲသဲလှုပ် ချစ်ပြကြပေမယ့် အချိန်ကြာလာတဲ့အခါ ဂရုမစိုက်နိုင်တော့ဘူး၊ အရင်လို စိတ်ရှည်မပေးနိုင်တော့ဘူး၊ လေသံတွေမာလာ တတ်ကြတယ်။ ကိုယ်က ပိုချစ်ပြလေလေ "သူငါ့ကိုအရမ်းချစ်တာပဲ၊ ငါ့နားကထွက်သွားမှာ မဟုတ်ပါဘူး" ဆိုတဲ့ အသိနဲ့စချစ်တုန်းကလို တန်ဖိုးမထားပေးတော့တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ဘာတွေပဲ ဖြစ်လာပါစေ၊ ဘယ်လောက်ပဲ နာကျင်ရပါစေ၊ Overthinkerတွေဟာ တခြားသူ တွေလို ပေါက်ကွဲပြနေမှာ မဟုတ်သလို၊ မင်းရဲ့လုပ်ရပ်တွေအပေါ် ဒေါသနဲ့ တုံ့ပြန်နေမှာလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ အတွေးကမ္ဘာသေးသေး လေးထဲမှာ တိတ်ဆိတ်စွာ ခံစားရင်း မင်းကို ဆက်ပြီး ချစ်ပေးနေဦးမှာပဲ။ ဒါပေမယ့် ဒီလိုမျိုး အရာရာကို ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ Overthinkerတစ်ယောက်ရဲ့ အဆုံး သတ်မှာ ထွက်ခွါသွားပြီဆိုရင်တော့ တခြားသူတွေလို ဒေါသတွေ၊ အပြစ်တင်သံတွေနဲ့ ထွက်သွားမှာမဟုတ်ဘဲ ငြိမ်းချမ်းတဲ့ အပြုံးတစ်ခုနဲ့ပဲ နှုတ်ဆက်ထွက်ခွာသွားလိမ့်မယ်။ အရင်လို စာတွေ တန်းစီမပို့တော့ဘူး၊ အရင်လို သဲသဲလှုပ် ဂရုမစိုက်တော့ဘူး၊ အရင်လိုလည်း သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာ မှာ မင်းရှိတော့မှာမဟုတ်ဘူး။ ဒေါသနဲ့ထွက်ခွာသွားသူဟာ တစ်နေ့ ပြန်လှည့်လာနိုင်ပေမယ့် အပြုံးနဲ့ ကျောခိုင်းသွားခဲ့သူတွေကတော့ ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုထွက်သွားတာဟာ မင်းကိုမချစ်တော့လို့ မဟုတ်ဘူး။ အကြိမ်ကြိမ်အခါခါ နာကျင်ရလွန်းလို့ ကျိုးကြေနေပြီဖြစ်တဲ့ သူ့ရဲ့နှလုံးသားကို သူကိုယ်တိုင်ကာကွယ်ဖို့အတွက် နောက်ဆုံးရွေးချယ်လိုက်ရတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနားမှာ သစ္စာရှိလှတဲ့၊ အရာရာထက် ပိုတန်ဖိုးထားပေးတဲ့၊ အရမ်းဂရုစိုက်ပေးတတ်တဲ့ လူတစ်ယောက် ရှိနေပြီဆိုရင် သူ့ကို သေချာတန်ဖိုးထားပေးပါ။ တချို့ တန်ဖိုးရှိတဲ့အရာတွေဟာ တစ်ခါ ဆုံးရှုံးလိုက်ရပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့လို့ပါပဲ❤️
🐷
Region: JP
Sunday 18 October 2026 18:07:29 GMT
Music
Download
Comments
PITI PIW PIW WIW WIW :
လက်လွှတ်ပေးလိုက်တော့မယ်ချစ်သူ😮💨💔
2026-10-19 12:30:17
23
™K xee 🪼 :
ဖော်ပြလိုကိုမရဘူး ဆုံးရှုံးမှာကြောက်လိုဆွဲထားပြန်တော့လည်း ကိုဘဲနာကျင်ရအုန်းမယ်
2026-10-19 14:35:29
1
✤𝑩𝒆𝒆𝑩𝒆𝒆(◕‿◕✿) :
ပင်ပန်းနေပြီ...မချစ်ချင်တော့ဘူး🥺
2026-11-14 04:43:33
0
⚡ ကျူးပါကျဲ⚡ :
အမြဲတမ်းဆွဲမိတဲ့လက်ကလေး ဒီတစ်ခါတော့လွှတ်ပေးလိိုက်ပြီ ဆွဲထားတာများတော့ သူ့လက်ကလေးနာနေမှာစိုးလို့ အဝေးဆုံးကိုထွက်သွားပေးခဲ့တယ်😔
2026-10-19 15:57:35
6
Ma Txwe👻 :
စာသားချပေးလို့🥺
2026-10-19 10:27:02
2
Hnin🌎 :
စာသားလေးပေးလို့ရလား
2026-10-19 04:23:43
1
A🦋 :
စာသားလေးပြန်cropရမလားရှင့်😞
2026-10-19 08:09:52
1
♓ :
ပထမအကြိမ်လမ်းခွဲတုန်းက သူကိုဆွဲထားမိတယ် သူ့ကိုဘဲတမ်းတာမိတယ်ပျက်သွားတာတောင်သူအဆင်ပြေရဲ့လာူလို့စိတ်ပူတယ်
သူပြန်လာမယ်ဆိုတောင်ကိုယ်လက်ခံခဲ့တယ်ချစ်လို့ ဒါပေမယ့်ဟာ ဒတိယအကြိမ်ကိုတော့သူရယူသင့်တယ်
တစ်ရက်ဘဲရှိသေးတယ် ကိုယ်ကသူ့အတွက်အရင်လိုပါဘဲလား ကိုကသူ့အတွက်အရေးမပါဘူးလားဆိုတာကိုသိလာတယ် သူ့အရင်ကောင်လေးနဲ့ဂိမ်းဆော့လို့ကိုယ့်ဂိမ်းအကောင့်ကိုတောင်blထားတယ်ttတွေရော ကိုယ်ကတော့အရူးတစ်ပိုင်းကြီးဖစ်နေရတယ်ဘာလို့လဲဆိုပိးတော့ကိုယ်ဘာအမှားလုပ်မိလို့လဲဆိုပိ ပိမှကိုယ်ကသူအတွက်ခနတာလိုသုံးပါ သူ့အတွက်အရေးမပါဘူးဆိုတာကို လက်မခံချင်ဘဲ လက်ခံစိတ်ဝင်လာတယ်
2026-10-19 14:40:25
1
♎️Moh Moh Aye🧘♀️🇨🇳 :
ပင်ပန်းနေပြီ အကြိမ်ကြိမ်ဖောက်ပြန်တာကို အကြိမ်ကြိမ်ခွင့်လွတ်ပေးခဲ့တယ် 🥺🥺🥺
2026-11-15 08:38:53
0
Felix :
ငါက ပြုံးနဲ့ထွက် သွားပေးတဲ့သူပဲ ဖစ်ချင်တယ်
☺️☺️
2026-10-19 12:00:28
1
🚬 ŜĤÎÑĚ🚬 :
feelတယ်ဟေ့ ငါ့အမတော်ကတော့😆
2026-10-19 12:30:35
1
ᴺʸᵉⁱⁿ ᴷʰᵃⁿᵗ ᵀʰᵘ :
ပြန်တင်ခွင့်ပြုပါဗျာ
2026-11-15 00:11:05
0
Nick :
မနေ့ကတွေ့လ်ုက်ရမာ
2026-11-05 09:14:09
0
🍅ခရမ်းချဉ်သီး🍅 :
စောင့်နေတုန်းပဲ
2026-11-14 15:06:48
0
𝘼♡ :
စာသားလေးပြန်ယူသုံးမယ်နော်
2026-10-29 14:28:12
0
Ãunĝ kõ kõ :
နှစ်ယောက်လုံးက Overthinker ဖြစ်နေရင်ရော🤔🥺
2026-10-28 16:48:21
0
🌊Ŝhinē❤️🔥 :
2026-11-07 12:12:49
0
𝒞𝑜𝑜𝓁 ᥫ᭡ :
2026-10-19 11:57:50
0
𝐙𝐮 𝐙𝐮 𝐦𝐚𝐮𝐧𝐠♐ :
မျက်ရည်နဲ့လှည့်ထွက်လာတဲ့ကျွန်တော်တို့ကရော
2026-10-23 19:45:34
0
jkkarry0 :
အပြုံးနဲ့ထွက်ခွာနိုင်သူ😁
2026-10-31 03:43:49
0
𝙞𝙩𝙯_𝙠𝙖𝙣𝙣𝙚 :
ကျွန်တော် မူးရင် အသည်းမကွဲချင်ဘူးဗျာ
2026-10-26 17:11:59
0
🇲🇲မောင်" ဇီးရိုး🇰🇷(1.2M) :
ပြုံး"လေးပါပဲ
2026-10-26 10:28:09
0
Sir_kenn_fav Nan"🌬️ :
ကိုလဲတတ်နိုင်သလောက်တွဲဆွဲထားခဲ့တာပါပဲ
2026-10-25 10:17:07
0
CHOCOLATE :
စာသားလေးရချင်မိ
2026-10-19 16:33:30
0
To see more videos from user @yeoreumhb, please go to the Tikwm
homepage.