@tangmo.lay1: "အပ်"ပျောက်ရင်"ဆင်"နဲ့ရှာပါ **** ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ ဖူးပါတယ် "အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား" ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့ အမြင်မှန်ရသွားခဲ့ရပါတော့တယ် (အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့ အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ် တစ်ကယ်တော့"အပ်"ဆိုတာက လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့ အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ် ပါဘူး ပညာရှိတွေပြောတဲ့"အပ်"ကတော့ လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိ မှာ ပြောစရာကိစ္စရှိလာတဲ့အခါ ပြော"အပ်" မပြော"အပ်" သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ သွား"အပ် မသွား"အပ်" နေစရာကိစ္စများနဲ့ကြုံတဲ့အခါ နေ"အပ်"မနေ"အပ်" မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို"အပ်" မလို"အပ်" အစရှိတဲ့လူမှု ဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရ တဲ့ "အပ်" ပေါင်းများစွာတွေပါ တစ်ခါတရံ မိမိတို့မှာ လုပ်အပ် မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ် အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်း အားဖြင့် "အပ်" ပျောက်နေရင် ခုနကပြောတဲ့ "ဆင်"ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့ "ဆင်" ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာ မဟုတ်ပါဘူး (ယောနိသောမနသီကာရ) နည်းမှန်လမ်း မှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတော မှုလို့ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကို ဆိုလိုတာပါ "အပ်"ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့ ပြောအပ် မပြောအပ် စသည် ဝေခွဲရခက် နေရင် (ဆင်ခြင်တုံတရား)လေးနဲ့စဉ်းစား ဆုံးဖြတ်ပါ (ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေ ဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားက တော့ (သတိနဲ့ဉာဏ်ပညာ)ပါ အဲဒီတရား ၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့"အပ်" ကို ရှာဖွေပေးနိုင်မှာပါ ဒါကြောင့်မို့ ပျောက်နေတဲ့"အပ်" ကိုရှာဖွေဖို့ မိမိတို့မှာ"ဆင်" ရှိဖို့လိုပါတယ် နည်းမှန်လမ်းမှန် သမာသမတ်ကျ ကျစဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင် မှု(အခံ) ရှိရပါမယ် အဲဒီနည်းမှန်လမ်းမှန်တွေးခေါ် သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ သူတော်ကောင်းမိတ်ဆွေရှိရပါမယ်ပညာရှိသူတော်ကောင်း ဆရာများထံမှာ ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်ရပါမယ် အဲဒီလိုလေ့လာသင်ယူနိုင်အောင် လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော် ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ် ပညာရှိ သူတော်ကောင်းတွေနဲ့ အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကိုဖြစ်စေပါတယ် ဒါကြောင့်မြတ်စွာဘုရားရှင်က "အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်" လို့(သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ) သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ် ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော် ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန် သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီး တစ်ခါတရံ ပျောက်နေတတ်တဲ့မိမိတို့ "အပ်" ကို "ဆင်"စီးပြီးရှာဖွေ တွေ့ရှိနိုင် ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါ ပြုလိုက်ပါတယ်ရှင့်…… #tangmolay1 #fyp #foryou #viral #မြင်ပါများပီးချစ်ကျွမ်းဝင်အောင်လို့🤒🖤

TangmoLay(Single MomAC Family
TangmoLay(Single MomAC Family
Open In TikTok:
Region: TH
Sunday 18 October 2026 23:14:30 GMT
457979
44484
168
2197

Music

Download

Comments

moe.moe.myint496
Mg :
အပ်ပျောက်ရင်ဆင်နဲ့ရှာဆိုတာက စကားပြောရင် ပြောအပ်မပြောအပ်ဆိုတာကိုဆင်ခြင်တုံတရားနဲ့ရှာရမယ်လို့လူကြီးတွေပြောတာကြားဖူးပါတယ်
2026-10-19 01:36:05
929
ayemyatmin09
AyeMyat Min09 :
အပ်ဆိုတာလိုအပ်မလိုအပ်မသုံးအပ်သုံးအပ် မသွားအပ်သွားအပ်တာတွေကို ဆင်ဆိုတာ ဆင်ခြင်တုန်တရားကိုပြောတာ
2026-10-19 05:56:14
18
wah.wah.nu2
W🧠💛 :
ကျေးဇူးတင်ပါတယ် ခုမှ နားလည်လိုက်လို့
2026-10-19 05:03:35
46
nant.thidaraye
Nant ThidarAye :
ပြန်ယူသုံးချင်တယ်ရလာရှင့်
2026-10-19 08:10:38
0
pannnu521
𐙚 𝑪𝒉𝒐 𐙚 :
ကျေးဇူးပါရှင့်🥰
2026-10-19 14:27:11
0
kopyae15626943
🅚🅞亗🅟🅨🅐🅔๛ :
စာသားလေး ယူပါရစေဗျ🙏🏼
2026-10-20 02:23:58
0
cole4757
ནCole❥ :
တကယ်ကောင်းတယ်ဗျားပြန်တင်မယ်နော်ရလား
2026-10-19 14:45:08
0
tt.tt.o2
အဝေးရောက်အမေ့သမီးငယ် :
စာသာလေးယူသုံးမယ်ရှင့်
2026-10-19 17:37:48
0
koaungphyo211
🔥AungPhyoThet🇰🇷 :
ကျေးဇူးပါ
2026-10-19 03:59:57
0
ahyoon0197
數|•𝐓𝐨𝐦ᥫ᭡:夔✰ :
နားလည်ပါပြိ
2026-10-19 02:31:50
0
myatsihan
Black :
စားသားလေးကောင်းလိုက်တာ
2026-10-19 05:11:49
0
ohn.mar6941
T🍓🍇🍎 :
copyယူပါရစေ☺️
2026-10-19 01:33:10
0
thidarnyein928
💐N💐 :
ပြန်တင်လို့ရလားရှင့်🥰
2026-10-19 11:40:39
0
phyowutyi2003
Phyo💚 :
တင်ပေးသူအားဗဟုသုတတွက်ကျေးဇူးတင်ပါတယ်
2026-10-19 01:59:32
0
.w21916
⚡L💫 :
စာလေးပြန်တင်ချင်လို့ပါရှင့်[Heartwarming]
2026-10-20 12:56:15
0
gugue7631
H🤎💓 :
crdပါအမရေ
2026-10-19 04:49:31
0
dollyxjz5
Sakura 🌸 :
ပြန်တင်ချင်မိ🥺
2026-10-19 08:26:03
0
n10..real
neymar jr fan🇧🇷🇧🇷 :
ကျေးဇူးပါ🥰🥰
2026-10-19 01:58:01
0
u.naing.linn22
✨✨𝓚𝔂𝓪𝔀 𝓝𝓪𝓲𝓷𝓰 𝓛𝓲𝓷✨✨ :
စကားပုကိုလူတွေကြားဘူးပေမယ့်အဓိပ္ပယ်ကိုသိပ်မသိကြတာများတယ်
2026-10-20 11:41:26
0
cheroot06
cheroot :
ဆင်ပါပျောက် ရင်ရော[Heartwarming]
2026-10-19 04:58:05
2
neffex906
Khun hla htut :
ခုမှသိရတယ် Thanks ပါ❤🤍
2026-10-19 04:06:59
0
kenji00325
ᴀᴜɴɢ ᴘʜʏᴏᴇ ᴘᴀɪɴɢ :
အခုမှပဲဆိုလိုရင်းအဓိပ္ပာယ်ကိုတိတိကျကျသိတော့တယ် ကျေးဇူးပါခဗျာ 🤍
2026-10-19 04:54:59
0
tar.chit88
🌑Tar🖤🥀🥀 :
နားလည်ပါပီဗျာကျေဇူးလည်းတင်ပါတယ် အားလည်ပေးပါတယ်
2026-10-19 09:28:42
0
user6177912275569
အတာလေး :
အမှန်ပါဘဲနော် အစက ကိုယ်လည်းမသိ့ခဲ့ဘူးအဘိုးပြေားပြခဲ့လို့သိ့ခဲ့ရတာပါ
2026-10-19 03:29:14
0
thaethaeeikhaingt
🌈Thae🤎 :
ပြန်တင်မယ်နော်🥰🥰
2026-10-19 12:20:12
0
To see more videos from user @tangmo.lay1, please go to the Tikwm homepage.

Other Videos


About