@soemin.ksm: [အ​မေရိကန်နိုင်ငံ​ရေးပြင်းထန်လာ]💥💥 အမေရိကန်သတင်းစာကြီးနယူးယောက်ပို့စ်[New York Post]ရဲ့မျက်နှာဖုံးထက်မှာ ​ခေါင်းစီးနေရာယူလာမယ့် ဗုံးတစ်လုံးကို သမ္မတ​အိုဘားမား​ဖောက်ခွဲ ============= 19.October.2026 လက်ရှိသမ္မတထရမ့်ကသူကိုယ်​ဝေဖန်သူ​တွေ၊သူနဲ့အယုအဆမတူသူ​တွေကိုမတရားဖိနှိပ်လာတဲ့လုပ်ရပ်​တွေဟာအာဏာရှင်​တွေနဲ့​ပေါင်းပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်​တွေကိုလုပ်​ဆောင်လာ​နေတာကိုမြင်​အောင် ကြည့်ကြဖို့အ​မေရိကန်ပြည်သူ​တွေကိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ ​လောဆယ်ထရမ့်ကို​ဝေဖန်လိုက်လို့စုံစမ်းစစ်ဆေးမှုများ နဲ့ရင်ဆိုင်နေရတဲ့ဒီမိကရက်တစ်ပါတီလွှတ်​တော်ကိုယ်စားလှယ် အီလ်ဟန် အိုမာဘက်က​နေအငြိမ်းစားသမ္မတအိုဘားမားက မားမားမတ်မတ် ရပ်တည်ထောက်ခံလိုက်ပြီး၊ ထရမ့်အစိုးရဟာ ဖက်ဒရယ်အစိုးရယန္တရားကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေတယ်လို့​ပြောဆိုလိုက်ပြီး ‘အလွန်ပင် စက်ဆုပ်ထိတ်လန့်ဖွယ် ကောင်းလှတဲ့လုပ်​တွေကိုလုပ်​ဆောင်​နေတယ်’ လို့ ပြစ်တင်ရှုတ်ချ)လိုက်တဲ့ New York Post ရဲ့မျက်နှာဖုံးထက်မှာ ​ခေါင်းစီးနေရာယူလာတဲ့သတင်းပါပဲ။ သမ္မတဟောင်း အိုဘားမားဟာ လက်ညှိုးငေါက်ငေါက်ထိုး၊ မျက်ခုံးကျုံ့ပြီးစင်မြင့်ထက်ကနေ အသံကုန် ဟစ်ကြွေးလိုက်တာပါ။ သူ့ရဲ့ စကားသံတွေဟာ သာမန် နိုင်ငံရေးသမားတစ်ယောက်ရဲ့ နှုတ်ထွက်စကား မဟုတ်ဘဲ၊ ရင်ထဲက မခံမရပ်နိုင်ဖြစ်မှု၊ နာကျည်းမှုနဲ့ ဒေါသလှိုင်းတံပိုးတွေ အတိုင်းသား ပေါက်ကွဲထွက်နေတာ တွေ့ရပါတယ်။ အိုဘားမားက ထရမ့်အစိုးရရဲ့မတရားအစစ်​ဆေးခံ​နေရတဲ့ အိုမာ ဘက်ကနေရပ်တည်ပြီးပြတ်ပြတ်သားသား​ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ အ​မေရိကန်ပြည်​ထောင်စု၊မင်နီဆိုးတားပြည်နယ်၊ အမတ် အီလ်ဟန် အိုမာ (Ilhan Omar) ရဲ့ အိမ်ကိုထရမ့်ရဲ့အမိန့်နဲ့ ဖက်ဒရယ်အေဂျင်စီတွေက ဝရမ်းနဲ့ ဝင်စီး၊ ဖုန်း​တွေ၊ပစ္စည်း​တွေက်ုသိမ်းဆည်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း[၃၀]ကျော်ကလူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်း အမှုဟောင်းကို ပြန်တူးဆွလိုက်ပြီးနိုင်ငံသားဖြစ်တည်မှုကိုပယ်ဖျက်ကာနိုင်ငံအတွင်းကနှင်ထုတ်ထို့အထိကြိုးစားလာ​နေမှုအ​ပေါ် အိုဘားမားက နှုတ်ဆိတ်မနေတော့ဘဲ ရှေ့ဆုံးကနေ အခုလို ရင်ကော့ ဒိုင်းခံရပ်တည်ပြသခဲ့တာဖြစ်ပါတယ်။ အိုဘားမားက ထရမ့်အစိုးရရဲ့ လုပ်ရပ်အပေါ် အလွန် အလေးအနက်ထားတဲ့ ဝေါဟာရကြမ်းကြမ်းကို ထုတ်သုံးပြီး ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။ အာဏာရှိလာတိုင်း ကိုယ်မကြိုက်တဲ့ နိုင်ငံရေး ပြိုင်ဘက်ကို နှိပ်ကွပ်ဖို့ အစိုးရယန္တရားကြီးတစ်ခုလုံးကို အသုံးချနေတာဟာ လွန်စွာ အောက်တန်းကျပြီး စက်ဆုပ်စရာကောင်းတဲ့ အာဏာရှင်အပြုအမူ ဖြစ်တယ်လို့လည်း​ပြောဆိုတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ သူက ခပ်ပြတ်ပြတ် ပြောလိုက်ပါတယ်။ “It is a basic principle of American democracy that the government can’t selectively target individuals.” အစိုးရတစ်ရပ်အနေနဲ့ အယူအဆမတူတာနဲ့မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှရွေးချယ်ပြီးပစ်မှတ်ထား မနှိမ်ကွပ်ရဘူးဆိုတာ အမေရိကန် ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံး မဏ္ဍိုင်ကြီးပါပဲ၊ဒါကိုချိုး​ဖောက်လိုက်တဲ့သူဟာထရမ့်ပဲ"လို့အိုဘားမားက​ပြောဆိုလိုက်တာပါ။ တရားရေးဌာန (DOJ)၊ FBI နဲ့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (DHS) တွေဟာ ပြည်သူ့အကျိုးကို သယ်ပိုးရမယ့် နိုင်ငံတော် စောင့်ရှောက်ရေး အဖွဲ့အစည်းတွေသာဖြစ်ပြီး၊ သမ္မတတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အာဃာတကို လက်စားချေဖို့၊ အတိုက်အခံကို ပါးစပ်ပိတ်ဖို့ မဟုတ်ဘူးဆိုတ​တော့သိဖို့​ကောင်းတယ်။လို့ အိုဘားမားက အဆိပ်ပြင်းပြင်း ထိုးနှက်လိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတဟောင်းတွေဟာ ပုံမှန်အားဖြင့် လက်ရှိ အစိုးရရဲ့ အသေးအဖွဲ ကိစ္စတွေမှာ ပါဝင်စွက်ဖက်လေ့ မရှိကြပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အိုဘားမားကိုယ်တိုင် မတရားမှု​တွေများလာ​နေတဲ့ထရမ့်ရဲ့ဗရမ်းပတာလုပ်ရပ်​တွေကိုကြည့်ပြီးအ​မေရိကန်မှာသက်တန်းနှစ်ကြိမ်တိုင်တိုင်သမ္မတတာဝန်ယူခဲ့သူအိုဘားမားဟာ စင်ပေါ်ပြေးတက်လာခဲ့ရ​တော့တာလည်းဖြစ်ပါတယ်။ အီလ်ဟန် အိုမာဟာ ဒီမိုကရက်တစ်ပါတီရဲ့ လက်ဝဲယိမ်း လူငယ်တွေအကြား အလွန် ဩဇာကြီးမားတဲ့ အမတ်တစ်ဦး ဖြစ်ပါတယ်။ သူမကိုသာ ထရမ့်အစိုးရက နိုင်ငံသားအဖြစ်က ရုပ်သိမ်းတာ၊ ဒါမှမဟုတ် အိမ်ထဲအထိ ဝင်ဆွဲပြပြီး အလဲထိုးလိုက်နိုင်ရင်၊ ဒါဟာ ဒီမိုကရက်တစ်ပါတီတစ်ခုလုံးရဲ့ လည်ပင်းကို ဓားတင်ပြလိုက်သလို ဖြစ်သွားမှာမို့ အိုဘားမားက အသေအလဲ ကာကွယ်ပေးရခြင်း ဖြစ်ပါတယ်။ ထရမ့်လက်ထက်မှာ ဖက်ဒရယ် အင်အားစုတွေဟာ ပိုမို ကြမ်းတမ်းလာပြီး ပြိုင်ဘက်တွေကို အငြှိုးအတေးနဲ့ ခြေမှုန်းလာတယ်ဆိုတဲ့ အချက်ကို အိုဘားမားက ထောက်ပြပြီး၊ အမေရိကန် လူထုကြီးကို "ဒီမိုကရေစီ ပျက်စီးတော့မယ်၊ နိုးထကြပါ" ဆိုပြီး နိုင်ငံရေး သတိပေးခေါင်းလောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ Ref #newyork Post #trump #obama #fyp

Soe Min
Soe Min
Open In TikTok:
Region: MM
Monday 19 October 2026 07:48:20 GMT
11200
319
8
4

Music

Download

Comments

ko.san.aung203
KO San Aung🇲🇲🇲🇲🇲🇲 :
အမှန်ပဲ
2026-10-19 08:23:29
1
phyo.wai.lin1755
Phyo Wai Lin :
ထရန့် က မရှိသင့်တော့ဘူး
2026-10-19 11:29:19
0
mr.myint871
Mr Myint :
@good
2026-10-19 10:13:08
0
winwinhtay826
maria :
Right
2026-10-19 10:13:22
0
u.maw.myint.htun
ဦးပါကူ :
အမီးလှန်လို့ ?
2026-10-19 07:59:19
0
u.tun.aye09
U Tun Aye :
အိုဘာမားခဗျာထရမ့်ကိုရာထူမနာေတာ့်အိုဘာမားတစ်ပါေတာ့်အိုဘာမားခဗျား[အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][လိုက်ခ်]၇၈၆
2026-10-19 08:04:20
1
aye.chan378
Aye Chan :
🥰🥰🥰
2026-10-19 08:27:53
0
To see more videos from user @soemin.ksm, please go to the Tikwm homepage.

Other Videos


About