@min.khant.thu117: လေ့ကျင့်ရေးကွင်းကို အကြီးစား အဆင့်မြှင့်တင်တော့မဲ့ အာဆင်နယ်။ အာဆင်နယ်က အသင်းရဲ့ Gym , ကုသမှုနဲ့ ပြန်လည်ထူထောင်မှုဆိုင်ရာ အသုံးအဆောင်တွေကို အကြီးစား အဆင့်မြှင့်တင်သွားတော့မှာ ဖြစ်တယ်။ အခုဆိုရင်ကို ပထမအသင်းကြီးရဲ့ Gym နဲ့ ကုသရေး အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ သိရတယ်။ ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နေတုန်းမှာ အမျိုးသမီးအသင်း အသုံးပြုနိုင်မဲ့ ယာယီ Gym တခုကို သုံးနှစ်အထိ ဖန်တီးပေးထားဖို့ ခွင့်ပြုချက်လည်း ရယူထားပါတယ်။ အမျိုးသားအသင်းအတွက်လည်း ခေတ်မီပြီး နောက်ဆုံးပေါ် လေ့ကျင့်ရေးကွင်းသစ်တကွင်း တည်ဆောက်ပေးသွားဖို့ စတင်လေ့လာနေပါပြီ။ အဆိုပါ လေ့ကျင့်ရေးကွင်းသစ်ဟာ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တကွင်း ဖြစ်လာမှာပါ။ လေ့ကျင့်ရေးကွင်းသစ် ပြီးစီးသွားချိန်ကျရင် လက်ရှိ လေ့ကျင့်ရေးကွင်းကို အမျိုးသမီးအသင်းက အသုံးပြုသွားမယ်လို့လည်း သိရတယ်။ ယူ-၁၉ နဲ့ ယူ-၂၁ လူငယ်အသင်းတွေအတွက်လည်း ‌အသေးစားကွင်းလေးတွေ တည်ဆောက်ပေးဖို့ စဉ်းစား‌ခဲ့ပါသေးတယ်။ ဒါပေမဲ့ ‌နောက်ပိုင်းမှာ ဒီအစီအစဉ်ကို အကောင်အထည်မဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်။ လေ့ကျင့်ရေးကွင်းကို စပွန်ဆာပေးထားတဲ့ Sobha Realty ကုမ္ပဏီကလည်း ဒီလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အသင်းရဲ့ အဓိကရည်မှန်းချက်ကတော့ အနီးကပ်ဆုံး ပြိုင်ဘက်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ပါပဲ။ လက်ရှိ London Colney လေ့ကျင့်ရေးကွင်းရဲ့ အသုံးအဆောင်တွေဟာ ပရီးမီးယားလိဂ် ကြီးခြောက်ကြီးထဲမှာ နောက်ကျကျန်နေခဲ့ပြီလို့ တာဝန်ရှိသူတွေက ခံစားနေတာပါ။ ပြည်တွင်းနဲ့ ဥရောပ ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ခေတ်မီပြီး နောက်ဆုံးပေါ် လေ့ကျင့်ရေး ကွင်းသစ်တကွင်း လိုအပ်နေတာ အမှန်ပါပဲ။

𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Open In TikTok:
Region: MM
Monday 19 October 2026 08:12:10 GMT
1097
107
1
1

Music

Download

Comments

user817843418
Aung Aung :
🥰🥰🥰
2026-10-19 10:05:38
0
To see more videos from user @min.khant.thu117, please go to the Tikwm homepage.

Other Videos


About