@min.khant.thu117: 🗣️ ❝ ပွဲတပွဲရဲ့ ပေးထားချက်တွေအပေါ် မူတည်ပြီး ကစားဟန်ကို ပြောင်းလဲကစားသွားတာက အကောင်း‌ဆုံးပါ ❞ နည်းပြ အာတေတာကတော့ ကစားဟန်တခုတည်းကို တသတ်မတ်တည်း ကစားသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဒီနှစ်ရာသီမှာ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကနဲ့ မတူခြားနားတဲ့အသင်းတသင်း ဖြစ်လာခဲ့ပြီး တိုက်စစ်ကို ပိုမိုအသားပေးလာခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ အသင်းအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုမရှိဘဲ ဘရိုက်တန်ကို ရှုံးခဲ့တဲ့ပွဲကလွဲလို့ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ နိုင်ပွဲတွေ ရယူနေနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နည်းပြ အာတေတာက အသင်းရဲ့ ကစားဟန်ကို ပွဲစဉ်တိုင်းရဲ့ အခြေအနေအပေါ်လိုက်ပြီး ပြောင်းလဲကစားသွားမှာ ဖြစ်တယ်လို့ အတည်ပြုသွားတာပါ။ " ကျွန်တော်တို့ဟာ ဟိုးအရင် (၇) နှစ်တုန်းကနဲ့ မတူညီတဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ ကစားသမားတွေလည်း ပြောင်းလဲသွားခဲ့သလို လိဂ်ကလည်း ပြောင်းလဲလာခဲ့ပါတယ်။ " " ချန်ပီယံလိဂ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ မတူပါဘူး။ ကျွန်တော်တို့ဟာ ပွဲတပွဲချင်းစီရဲ့ ပေးထားချက်အပေါ်လိုက်ပြီး အကောင်းဆုံးဗားရှင်းကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ " " ဒါကိုသာ လုပ်နိုင်ရင် ကျွန်တော်တို့ အောင်ပွဲတွေ ဆက်ရနေမှာဖြစ်ပြီး နိုင်ပွဲနဲ့ ထိုက်တန်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြိုင်ဘက်ထက် ပိုကောင်းလို့ပါပဲ။ " " ကစားဟန်အကြောင်း ပြောရရင် ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ကစားရမှာလဲလို့ ပြန်မေးရပါလိမ့်မယ်။ တဦးချင်း လူကပ်ကစားပုံကို အားပြုထားတဲ့ ပြိုင်ဘက်မျိုးဆိုရင် ဘယ်လို ကစားဟန်နဲ့ ရင်ဆိုင်သွားမလဲ ... " " လီဗာပူးလ်နဲ့ မန်စီးတီးပွဲကိုလည်း ကြည့်ဖြစ်ကြလား ... အဲဒီပွဲရဲ့ ပွဲချိန် (၁၆) မိနစ်လောက်အထိ ဘယ်နှစ်ကြိမ်လောက် ပွဲကို ရပ်ပြီး ပြန်စခဲ့ရသလဲ ... (၄) ကြိမ်ကျော်တဲ့ ပေးပို့မှုလမ်းကြောင်းတွေ ဘယ်လောက်အထိ ထွက်သလဲ ... ဒါဟာ နှစ်သင်းစလုံးရဲ့ ကစားဟန်ကြောင့် ဖြစ်လာတဲ့ ပွဲရဲ့ အခြေအနေတွေပါ။ " " ခင်ဗျားက ဖရာရီတစင်းကို အဝေးပြေးလမ်းမှာ မောင်းလာရင်း ရှေ့မှာ မတော်တဆမှုတခု ရှိနေတယ် ဆိုပါစို့ ... ဒီအခြေအနေမှာ ယာဉ်ကြောပိတ်ဆို့နေတာကြောင့် ခင်ဗျားက တနာရီကို ကီလိုမီတာ (၂၀၀) နှုန်းနဲ့ မောင်းဖို့ မဖြစ်နိုင်ပါဘူး။ " " ဒါပေမဲ့ အမြန်နှုန်းသတ်မှတ်ချက်တွေ မရှိတဲ့ ဂျာမနီမှာတော့ စိတ်တိုင်းကျ မောင်းနိုင်ပါလိမ့်မယ်။ " " ဆိုတော့ .. ဒါတွေက ပေးထားချက်တွေပါပဲ။ ပွဲတပွဲမှာ လိုအပ်သလို အကောင်အထည်ဖော်နိုင်စွမ်း ရှိရပါမယ်။ " " ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှားနိုင်ဖို့ အကောင်းဆုံး လမ်းကြောင်းပြစနစ် ရှိရပါမယ်။ အချိန်မီရောက်နိုင်ဖို့ အခြားလမ်းကြောင်းကို အသုံးပြုရပါမယ်။ " " ဒါဟာ ကျွန်တော်တို့ လုပ်ရမဲ့ အရာတွေပါပဲ။ "

𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Open In TikTok:
Region: MM
Monday 19 October 2026 11:54:10 GMT
118
15
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @min.khant.thu117, please go to the Tikwm homepage.

Other Videos


About