@iprd.kawthaung.new: ကော့သောင်းမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀ ) ဖွင့်ပွဲအခမ်းအနားကျင်းပ ကော့သောင်း၊ အောက်တိုဘာ ၁၉ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် ဇာထိုး၊ပန်းထိုးနှင့်အိမ်တွင်းအလှပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းအား နယ်စပ်ဒေသရှိငယ်ရွယ်သူ အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အကျင့် စာရိတ္တကောင်းမွန်စွာဖြင့်ရေရှည် ဘဝရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အပ်ချုပ်ပညာ၊လက်မှုပညာ၊ခေတ်မီမော်တာစက်ချုပ်နည်းအပါအဝင် စက်ချုပ်ပညာကို အဓိကထား၍ စက်ချုပ်၊ ဇာထိုး ပန်းထိုး၊လက်မှုအတတ်ပညာများ၊ မုန့်မျိုးစုံနှင့် အချက်အပြုတ်ပညာရပ်များကို သင်တန်းသူ (၂၀) ဦးအား သင်တန်းကာလ(၂၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။#kawthaung #updatenews #fyp #အိမ်တွင်းမှု #သင်တန်းကျောင်း
IPRD KAWTHAUNG NEWS
Region: MM
Monday 19 October 2026 11:57:44 GMT
Music
Download
Comments
₊˚⊹🎀 𝓑𝓾𝓑𝓾 :
လူတေထပ်မခေါ်တော့ဘူးလာ
2026-10-19 14:21:32
0
To see more videos from user @iprd.kawthaung.new, please go to the Tikwm
homepage.