@hmue.hmue8154: တစ်နေ့မှာ လူတစ်ယောက် သင့်ဆီ ရောက်လာလိမ့်မယ်။ သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။ သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်။ သင့်ကို ကာကွယ်ပေးလိမ့်မယ်။ သင့်ကို အလုံးစုံ နားလည်နေလိမ့်မယ်။ သင့်အမှားတွေကို အပြစ်မမြင်၊ အပြစ်မတင်ဘဲ သဘောထားပြည့်၀စွာနဲ့ အမှန်ပြင်ပေးပါလိမ့်မယ်။ သူရှိတယ် လို့ တွေးလိုက်ရုံနဲ့ အရာရာ ပြီးပြည့်စုံသွားသလို သင် ခံစားရလိမ့်မယ်။ သူက သင့်စိတ်၊ သင့်ခံစားချက်တွေကို လုံခြုံစေပါလိမ့်မယ်။ သင့်မျက်နှာကို မြင်နေရရုံနဲ့ သူ ပြုံးပျော်နေလိမ့်မယ်။ သင့်ကို အချိန်ပေးဖို့ သူ အမြဲ ကြိုးစားနေပါလိမ့်မယ်။ သင့်ရဲ့ သံသယသေးသေးလေးအတွက် သူကတော့ အများကြီး ရှင်းပြပါလိမ့်မယ်။ သင့်စိတ်နဲ့ပဲ သူနေပြီး သင့်ဆန္ဒတွေတိုင်းဟာ သူ့တာ၀န် လို့ ခံယူထားပါလိမ့်မယ်။ သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။ သင့်ရဲ့ ဘယ်ကိစ္စမဆို သူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။ သင့်ကို ကြည့်လိုက်ရုံနဲ့ သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။ သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီး သင် လဲကျမသွားအောင်လည်း ထိန်းထားပေးမယ့်သူမျိုးပါ။ သင့်အတွက်ပဲ စဉ်းစားပြီး သင်ကသာ သူ့ဘ၀အဖြစ် သတ်မှတ်ထားမယ့်သူမျိုးပါ။ သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။ သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။ သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့ အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။ သူက သင်မကြိုက်တဲ့အရာတွေကို သင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။ ဒါပေမယ့် သင့်ဆီက သူမကြိုက်တဲ့ အရာတွေအတွက်တော့ သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။ ဘာလုပ်ပေးပါ လို့ သင်တောင်းဆိုစရာမလိုဘဲ သင်လိုအပ်သမျှကို သူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။ သင့်ရဲ့စိတ်ချမ်းသာမှု၊ သင့်ပျော်ရွှင်မှုအတွက် ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။ သင့်ကို တန်ဖိုးထားမယ့်သူပါ။ သင်ကိုယ်တိုင်ကလည်း သူနဲ့ထပ်တူပါပဲ။ သူ့ဆီက သင်ရနေတဲ့ အရာရာအတိုင်း သူ့ကို ပြန်ပေးချင်နေမှာပါ။ အဲ့ဒါကို Right Person လို့ ခေါ်ပါတယ်။ ကျွန်တော် တို့အားလုံးမှာ Right Person ရှိပြီးသားပါ။ အချစ်ရေးကံမကောင်းဘူး ဆိုပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ သစ္စာဖောက်ခံရလို့လည်း မနာကြည်းပါနဲ့။ အသည်းကွဲရင်လည်း အရမ်းမငိုပါနဲ့။ တစ်စုံတစ်ယောက်ကြောင့် နာကျင်ရရင်လည်း သိပ်မခံစားလိုက်ပါနဲ့။ ဒါတွေအားလုံးဟာ သင့်ဆီကို သင့်ရဲ့ Right Person ရောက်လာမယ့် Right Time မဟုတ်သေးလို့ပါပဲ။ ကျွန်တော်ကိုယ်တိုင် သိပ်မယုံကြည်ခဲ့တဲ့ Right Time / Right Person ဆိုတာ တကယ်ရှိပါတယ်။ #crd
💌H🍂
Region: MY
Monday 19 October 2026 12:21:36 GMT
Music
Download
Comments
Su Thinzar Phyo [Zu nge⚽️ ] :
🥰
2026-10-19 17:03:24
1
Anny :
♥️
2026-10-19 13:07:34
1
To see more videos from user @hmue.hmue8154, please go to the Tikwm
homepage.