@crunchyroll: Dragon acquired 🐾 #ATaleoftheSecretSaint #anime

Crunchyroll
Crunchyroll
Open In TikTok:
Region: US
Tuesday 20 October 2026 00:00:01 GMT
5176
334
6
6

Music

Download

Comments

lindseydee86
🌸✨Lindsey Dee✨🌸 :
Third
2026-10-20 00:04:56
4
twismiya
Haien :
Sixth
2026-10-20 01:50:50
0
kaiz_editz7
kaiz :
fourth
2026-10-20 00:10:39
1
howarpfim84
HowardDillon2319 :
Second
2026-10-20 00:04:02
1
big_t856
BIG T££🤑🤑🥷 :
fifth
2026-10-20 00:15:37
1
nino_best_xd
XD Deroh :
first
2026-10-20 00:03:29
0
To see more videos from user @crunchyroll, please go to the Tikwm homepage.

Other Videos

ကျုပ်တို့ရှမ်းတွေ တရားမျှတမှု အပြည့်အဝ ရခဲ့ကြလို့လားဆိုတဲ့ မေးခွန်းကို မေးမယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း ပြန်မေးစရာတွေ အများကြီးရှိပါတယ်ဗျ။ ပထမဆုံးအနေနဲ့ ကျုပ်တို့ရှမ်းတွေ ကိုယ့်လူမျိုး၊ ကိုယ့်သမိုင်း၊ ကိုယ့်နယ်မြေနဲ့ ကိုယ့်အနာဂတ်အကြောင်း ပြောဆိုတာဟာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းစရာ မလိုပါဘူး။ ကိုယ့်လူမျိုးရဲ့ အခွင့်အရေးကို ပြောဆိုတာဟာ သူများပါးစပ်နဲ့ ထမင်းစားတာလည်း မဟုတ်ဘူး။ ကိုယ့်လူမျိုးရဲ့ သမိုင်းကို တန်ဖိုးထားပြီး ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ချင်တာဟာ လူမျိုးတိုင်းမှာ ရှိသင့်တဲ့ အခွင့်အရေးပါပဲ။ ပင်လုံစာချုပ်နဲ့ပတ်သက်လာရင်လည်း သမိုင်းကို တစ်ဖက်သတ်ကြည့်လို့ မရပါဘူး။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ ရှမ်း၊ ကချင်၊ ချင်းတို့ရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြတယ်။ အဲဒီသဘောတူညီချက်ရဲ့ ရည်ရွယ်ချက်နဲ့ ကတိကဝတ်တွေကို ပြောမယ်ဆိုရင်လည်း စာချုပ်မှာ ဘာတွေ သဘောတူခဲ့ကြသလဲ၊ နောက်ပိုင်းမှာ အဲဒီမျှော်လင့်ချက်တွေ ဘယ်လောက်အထိ အကောင်အထည်ပေါ်လာခဲ့သလဲဆိုတာကိုပါ ထည့်စဉ်းစားရပါမယ်။ ကျုပ်တို့ရှမ်းတွေ ပင်လုံစာချုပ်ကို လက်မှတ်မထိုးခဲ့ရင် ဘယ်လိုသမိုင်းဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ အာမခံပြီး ပြောလို့မရပါဘူး။ ဒါပေမဲ့ အဲဒီအကြောင်းပြချက်နဲ့ ကျုပ်တို့ရှမ်းတွေရဲ့ နိုင်ငံရေးဆန္ဒ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လျစ်လျူရှုလို့လည်း မရပါဘူး။ သမိုင်းဆိုတာ အတိတ်က ဘာဖြစ်ခဲ့တယ်ဆိုတာကိုပဲ ပြောပြတာမဟုတ်ဘူး။ အဲဒီအတိတ်ကနေ ဒီနေ့အထိ ဘယ်လိုသင်ခန်းစာတွေ ရယူသင့်သလဲဆိုတာကိုပါ စဉ်းစားရတာပါ။ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျုပ်တို့ရှမ်းတွေဟာ တခြားလူမျိုးတွေရဲ့ အခွင့်အရေးကို လုယူချင်လို့ ပြောနေတာမဟုတ်ဘူး။ တခြားလူမျိုးတွေကို အောက်ချချင်လို့လည်း မဟုတ်ဘူး။ ကျုပ်တို့လိုချင်တာက ကိုယ့်လူမျိုးရဲ့ သမိုင်းကို လေးစားဖို့၊ ကိုယ့်နယ်မြေရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ ကျုပ်တို့ရဲ့အသံကို လေးစားဖို့နဲ့ တခြားလူမျိုးတွေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေး ရရှိဖို့ပါပဲ။ တန်းတူညီမျှမှုဆိုတာ လူမျိုးတစ်မျိုးက တခြားလူမျိုးတစ်မျိုးကို အုပ်ချုပ်ခွင့်ရတာ မဟုတ်သလို၊ လူမျိုးတစ်မျိုးရဲ့ ဆန္ဒကို တခြားလူမျိုးတစ်မျိုးက အစားထိုးဆုံးဖြတ်ပေးခွင့်ရတာလည်း မဟုတ်ပါဘူး။ တကယ့်တန်းတူညီမျှမှုဆိုတာ လူမျိုးတိုင်းရဲ့အသံကို တန်ဖိုးထားပြီး လူမျိုးတိုင်းရဲ့ နိုင်ငံရေးဆန္ဒကို လေးစားပေးနိုင်ခြင်းပါပဲ။ ဒါကြောင့် ကျုပ်တို့ရှမ်းတွေ ကိုယ့်အခွင့်အရေးအကြောင်း ပြောလာတဲ့အခါ သူများပါးစပ်နဲ့ ထမင်းစားတယ်လို့ အလွယ်တကူ မစွပ်စွဲပါနဲ့။ ကိုယ့်လူမျိုးအတွက် ရပ်တည်ပြောဆိုတာဟာ ကိုယ့်လူမျိုးအပေါ် သစ္စာရှိခြင်းဖြစ်ပြီး တခြားလူမျိုးကို မုန်းတီးခြင်းနဲ့လည်း မတူပါဘူး။ လူမျိုးတစ်မျိုးရဲ့ အခွင့်အရေးကို တောင်းဆိုတာကို နားမလည်ဘဲ ပုတ်ခတ်နေမယ့်အစား ဘာကြောင့် အဲဒီအခွင့်အရေးကို တောင်းဆိုနေရသလဲဆိုတာကို အရင်နားလည်အောင် ကြိုးစားသင့်ပါတယ်။ ကျုပ်တို့ရှမ်းတွေမှာလည်း ကိုယ့်သမိုင်းရှိတယ်၊ ကိုယ့်ယဉ်ကျေးမှုရှိတယ်၊ ကိုယ့်ဘာသာစကားရှိတယ်၊ ကိုယ့်နိုင်ငံရေးအမြင်နဲ့ ကိုယ့်အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိတယ်။ အဲဒီအရာတွေကို တန်ဖိုးထားတယ်ဆိုတာဟာ တခြားသူကို ရန်သူသတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ လူမျိုးတစ်မျိုးအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်သိခြင်းသာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်။ ကျုပ်တို့ရှမ်းတွေက ကိုယ့်လူမျိုးရဲ့ အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှမှုအကြောင်း ပြောဆိုတာကိုတောင် လက်မခံနိုင်ဘူးဆိုရင် တကယ့်ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူညီမျှရေးဆိုတာ ဘယ်လိုတည်ဆောက်ကြမှာလဲ။ ကျုပ်တို့ရှမ်းတွေ လိုချင်တာက ဘယ်သူ့အပေါ်မှ အခွင့်ထူးခံဖို့ မဟုတ်ဘူး။ ဘယ်သူ့အောက်မှာမှ နိမ့်ကျတဲ့လူမျိုးအဖြစ် မဆက်ဆံခံရဖို့ပါပဲ။ ဒီအမြင်ကို သဘောမတူရင်လည်း လူပုဂ္ဂိုလ်ကို ပုတ်ခတ်မနေဘဲ သမိုင်းအထောက်အထားနဲ့ ဆွေးနွေးကြရအောင်။ ကျုပ်တို့အားလုံးအတွက် အရေးကြီးတာက ဘယ်လူမျိုးက ပိုမြင့်မြတ်သလဲဆိုတာ မဟုတ်ဘူး။ လူမျိုးတိုင်း တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုရရှိနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။ #ရှမ်းပြည်တောင်ပိုင်း #fypシ #ဘာတင်တင်viewerကိုမတက်😔😔😔😔😔😔 #fypppppppp

About