@zawmyo4685: တစ်နေ့တာလုံး ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ… ဖုန်းလေးကို ခဏခဏဖွင့်ပြီး မင်းဆီက စာလေးတစ်စောင် ရောက်လာမလားလို့ မျှော်နေမိတယ်။ ကိုယ့်ကို သတိရနေသေးလား၊ ကိုယ်နဲ့ စကားပြောချင်နေသေးလား၊ မင်းပို့လာမယ့် စာလေးတစ်စောင်ကနေ သိချင်နေမိတာပါ။ ဖုန်းထဲကို Notification ဝင်လာတိုင်း မင်းများလားဆိုပြီး ဝမ်းသာသွားမိတယ်။ ဖွင့်ကြည့်လိုက်တော့ မင်းမဟုတ်တဲ့အခါ ဘာမှမဖြစ်သလို နေလိုက်ပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းလေး ဝမ်းနည်းသွားမိတယ်။ ကိုယ်လိုချင်တာလည်း အများကြီးမဟုတ်ပါဘူး။ မင်းဆီက စာလေးတစ်စောင်၊ ကိုယ့်ကို သတိရကြောင်း ပြောလာတဲ့ စကားလေးတစ်ခွန်း၊ ကိုယ်နဲ့ စကားပြောချင်နေသေးတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခုပါပဲ မင်းပင်ပန်းနေတာလည်း နားလည်ပါတယ်။ မင်းမှာ ကိုယ့်ထက် အရေးကြီးတဲ့အရာတွေ ရှိနေနိုင်တာလည်း သိပါတယ်။ ကိုယ်ကတော့ မင်းပို့လာမယ့် စာလေးတစ်စောင်ကို မျှော်ရင်းနဲ့ပဲ တစ်နေ့တာတွေကို ဖြတ်သန်းနေမိတယ်။ ကိုယ်စောင့်နေတဲ့ စာလေးက စာတစ်စောင်တည်း မဟုတ်ဘူး။ ကိုယ့်ကို သတိရနေသေးတဲ့ မင်းရဲ့စိတ်လေးကိုပါ။
A🫀
Region: TH
Tuesday 20 October 2026 03:33:57 GMT
Music
Download
Comments
Tom✍(Official) :
ပြန်တင်ခွင့်ပြုပါနော်
2026-10-20 13:38:58
0
ธันดาใช่💫🐰 :
ပြန်တင်လို့ရလာ
2026-10-27 13:00:49
0
💥⚡ မောင်လူကြမ်း⚡💥 :
အကိုယူသုံးမဲ့နော်
2026-11-11 12:58:55
0
Tom✍(Official) :
စာသားလေးlinkချပေးပါလား
2026-10-20 13:36:00
0
🍃𝓜𝓰 𝓣𝓱𝓪𝓽 𝓦𝓪𝓲🍃 :
ပြတင်မယ်နော့်
2026-10-21 01:05:30
0
To see more videos from user @zawmyo4685, please go to the Tikwm
homepage.