@busyenglishbee: 📢 ရန်ကုန်ပြင်ပကသူတွေပါ လျှောက်လို့ရတဲ့ ၆ လကြာ အခမဲ့ သင်တန်းအစီအစဉ် 🎨✨ စကားလုံးတွေနဲ့ ပြောရခက်တဲ့ စိတ်ဖိစီးမှုနဲ့ ခံစားချက်တွေကို ဆေးရောင်ခြယ်ခြင်း၊ ဂီတ၊ အနုပညာနဲ့ ပြဇာတ် လှုပ်ရှားမှုလေးတွေ သုံးပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုစားပေးတဲ့ နည်းလမ်းများ (Expressive Arts Therapy) သင်တန်း ခေါ်ယူနေပါပြီရှင်။ 🌟 ဘာတွေ ရရှိမှာလဲ 💰 စရိတ် ထောက်ပံ့ကြေး ရန်ကုန်ပြင်ပ (နယ်) မှ လာရောက်တက်ရောက်မယ့်သူများအတွက် ကုန်ကျစရိတ် ထောက်ပံ့ကြေး ပါရှိခြင်း။ 🎨 ၆ လကြာ အခမဲ့ သင်တန်း Goethe-Institut Myanmar တွင် ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် အချိန်ပြည့် (Full-time) လူကိုယ်တိုင် သင်ယူခွင့်။ 🌱 Seed Funding & Mentorship သင်တန်းပြီးရင် မိမိပတ်ဝန်းကျင်ကို ပြန်လည်ကူညီမယ့် ပရောဂျက်များအတွက် ရန်ပုံငွေနှင့် လမ်းညွှန်မှုများ ရရှိခြင်း။ 📌 လျှောက်ထားနိုင်သူ ရန်ကုန်တွင် ၆ လကြာ အချိန်ပြည့် တက်ရောက်နိုင်ပြီး မိမိအသိုင်းအဝိုင်းကို ပြန်လည် ကူညီပေးချင်သူ မြန်မာလူငယ်များ။ ⏱️ လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် Goethe-Institut Myanmar မှ အကောင်အထည်ဖော်ပြီး EU မှ ရန်ပုံငွေ ပံ့ပိုးထားတာပဲ ဖြစ်ပါတယ်ရှင်။ #GoetheInstitutMyanmar #freecourses #6monthprogram #busyenglishbee
Busy English Bee
Region: ID
Tuesday 20 October 2026 04:15:35 GMT
Music
Download
Comments
agahga :
အသက် ဘယ် ေလာက်ထိရပါသလဲ
2026-10-20 06:51:21
1
Coraline :
မြန်မာလိုသင်မှာလား
2026-10-20 11:43:59
0
Nang Kham :
လူငယ်ဘဲလျှောက်လို့ရတာလားရှင့်
47နှစ်ဆိုမရဘူးလားရှင့်
2026-10-20 13:41:30
0
susandi :
သင်ချင်ပါတယ်
2026-10-21 03:12:33
0
Kyi Pyar Aung :
သင်ချင်ပါတယ်အသက် 25ပါ ရသေးလားရှင့်
2026-10-21 01:37:36
0
Hazel :
ဒီသင်တန်းကလူတိုင်းအတွက် မဟုတ်ပါ ပညာရှင်/သက်ဆိုင်ရာအလုပ်လုပ်နေတဲ့သူတွေအတွက် သီးသန့်ခေါ်တာပါ
2026-10-20 17:51:07
0
Dreamer :
link
2026-10-20 04:30:19
0
Ingyin Cho :
English to English သင်မှာလား
2026-10-20 18:25:13
0
Karen-ler2 :
🥰🥰🥰
2026-10-20 12:11:39
0
To see more videos from user @busyenglishbee, please go to the Tikwm
homepage.