@venpanyadaja: "နေတတ်အောင် နေပါ" ~~~~~~~~~~~~~~ လူ့ဘဝရတာချင်းတူရင်တောင် နေတတ်တဲ့သူက စိတ်ချမ်းသာတယ်။ တစ်ရက်မှာ (၂၄)နာရီအချိန်ရတာချင်းတူရင်တောင် အသုံးချတတ်တဲ့ သူက အကျိုးပိုရှိတယ်။ ဘဝမှာ စိတ်ထားတတ်တဲ့သူက အဆင်မပြေလည်း ဘယ်နေရာမဆို စိတ်ချမ်းသာအောင် နေတတ်တယ်။ တကယ်တော့ လူတိုင်းမှာ အတွေးကိုယ်စီ၊ အပူကိုယ်စီနဲ့ပါ။ ဒါပေမယ့်... အတွေးတွေကို ထိန်းနိုင်တဲ့သူနဲ့ အပူတွေကို အေးအောင် ငြိမ်းနိုင်တဲ့သူက အေးချမ်းမှု ပိုရသွားတာပေါ့ ။ ဘာမဟုတ်တဲ့ လူတွေအတွက်နဲ့ စိတ်ညစ်မခံ ပါနဲ့။ ဘာမဟုတ်တဲ့ ကိစ္စ အသေးအမွှားလေးတွေအတွက်နဲ့ ခေါင်းထဲထည့်မနေပါနဲ့။ ခုမဟုတ်ရင်တောင် အချိန်အတိုင်းအတာ တစ်ခုခုမှာ ပြောင်းလဲချင် ပြောင်းလဲသွားမှာပါ။ ပြီးခဲ့သမျှတွေကို ဒီနေ့မှာချန်ထားခဲ့လိုက်ပါ မနက်ဖြန်ထိ သယ်မသွားပါနဲ့။ သူ့ကြောင့် ငါ့ကြောင့်မတွေးပဲ ဖြစ်ပျက်သမျှတွေအပေါ် စိတ်ထားပုံ ထားနည်း ကွာသွားရင်ပဲ ခွင့်လွှတ်ပေးနိုင်သူ မေတ္တာ ထားနိုင်သူက ငြိမ်းချမ်းတာပါပဲ ...။ #fypシ゚viral🖤tiktok #crd #fypシ #စေတနာဖြင့်သာမျှဝေသည်

ဥူးပညာဓဇ
ဥူးပညာဓဇ
Open In TikTok:
Region: MM
Tuesday 20 October 2026 05:13:05 GMT
2157
243
6
7

Music

Download

Comments

htwe.htwe4840
Htwe Htwe :
တင်သမျှစာလေးတွေဖက်ဖြစ်တယ်🙏🙏🙏
2026-10-20 15:14:40
1
user48440232802064
🍁suyati🍁 :
တင်ပါဘုရား🙏🙏🙏
2026-10-21 02:05:26
0
shoon.lae.moe.s.l
🍒Shoon Lae💞 :
🥰
2026-10-20 10:54:53
0
lice.lice15
lice lice :
🙏🙏🙏
2026-10-20 12:31:33
0
thitarsoe11
thitarsoe11 :
🙏🙏🙏
2026-10-20 06:20:44
0
user4981697935519
Mg. Pay :
🙏🙏🙏
2026-10-21 04:33:31
0
To see more videos from user @venpanyadaja, please go to the Tikwm homepage.

Other Videos


About