@zayartbz7news: ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မိခင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးရေးနှင့် မင်းအောင်လှိုင်၏ လုပ်ရပ်များ တာဝန်ခံမှု ရှိစေရေး တောင်းဆိုရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ပြော ရန်ကုန်၊ အောက်တိုဘာ ၂၀ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရန် တောင်းဆိုပေးရန်နှင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကြည့်မိတိုင်း လူများအနေဖြင့် နေ့စဉ်ဘဝတွင် သာမန်ကိစ္စများအဖြစ် ထင်မြင်တတ်သည့် အရာများ၏ တန်ဖိုးကို သတိပြုမိကြောင်းနှင့် ထိုအရာမှာ လွတ်လပ်ခွင့်ဖြစ်ကြောင်း ပြောဆိုသည်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊ နေရောင်ခြည်အောက်တွင် လွတ်လပ်စွာ နေထိုင်နိုင်ခြင်းနှင့် မိသားစုနှင့်အတူ နေထိုင်နိုင်ခြင်းတို့သည် လူတိုင်းရသင့်သည့် ရိုးရှင်းသော်လည်း တန်ဖိုးရှိသည့် အခွင့်အရေးများဖြစ်ကြောင်းလည်း ကိုထိန်လင်းက လူမှုကွန်ရက်တွင် ရေးသားတောင်းဆိုထားသည်။ လက်ရှိတွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၁ နှစ်ရှိပြီဖြစ်သော်လည်း မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရကာ ဖွက်ထားခံနေရဆဲဖြစ်သည့်အတွက် ယင်းကဲ့သို့ ရိုးရှင်းသည့် ပျော်ရွှင်မှုများကိုပင် ခံစားခွင့်မရရှိကြောင်း ကိုထိန်လင်းက ဆိုထားသည်။ ထို့နောက် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များကို မေးခွန်းထုတ်သည့်အနေဖြင့် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရန် တောင်းဆိုခဲ့ကြခြင်း ရှိ၊ မရှိနှင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြခြင်း ရှိ၊ မရှိကို ကိုထိန်လင်းက မေးမြန်းထားသည်။ “မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် မေးချင်တယ်။ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံဖို့၊ ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြရဲ့လား” ဟု ကိုထိန်လင်းက ပြောဆိုသည်။ ကိုထိန်လင်းက မိမိအနေဖြင့် လိုချင်သည်မှာ များပြားသည့် အရာမဟုတ်ဘဲ မိခင်ဖြစ်သူ၏ ဘဝလက်ကျန်အချိန်များကို မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းနိုင်စေရန်သာ လိုလားကြောင်း ပြောဆိုသည်။ “ကျွန်တော် လိုချင်တာ မများပါဘူး။ မေမေ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်လေးတွေကို မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်တာပါပဲ” ဟု ၎င်းက ဆိုထားသည်။ ထို့အပြင် လွတ်လပ်ခွင့်သည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာပြည်သူများအတွက်လည်း ရရှိသင့်သည့် အခွင့်အရေးဖြစ်ကြောင်း ကိုထိန်လင်းက အလေးထားရေးသားထားသည်။ “မေမေလည်း လွတ်လပ်ခွင့်ရသင့်တယ်။ မြန်မာပြည်သူတွေလည်း လွတ်လပ်ခွင့်ရသင့်တယ်” ဟု ၎င်းက ရေးသားထားပြီး အဆုံးတွင် “မေမေ့ကို လွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ” ဟု ထပ်မံတောင်းဆိုထားသည်။ အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဗြိတိန်ဘုရင် ချားလ်စ်က ပေးပို့သော စာအုပ်နှင့် အိတ်ပိတ်စာများကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။@ZayarTBZ 7.1News🍉 @Zayar TBZ 5 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ပြည်တွင်းသတင်း #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း

user79841982560
user79841982560
Open In TikTok:
Region: TH
Tuesday 20 October 2026 11:18:52 GMT
17942
1099
8
13

Music

Download

Comments

u.khin.zaw1676
U Khin Zaw :
ပြန်လွတ်ရန်မလွယ်မြန်မာပိုင်ဒေါ်လာတဘီလျံခိုးပြီးအမေရိကန်ပို့ထားတာအရင်ရှင်းပေးကြပါ
2026-10-20 12:15:43
0
daw.amy87
Daw Amy :
Right
2026-10-20 14:24:22
0
ko.su6463
♧မထော်♧ :
👍👍👍
2026-10-20 11:28:55
1
user3765306157532m
အရှင်ပညာဇောတ :
[Heartwarming][Heartwarming][Heartwarming]
2026-10-20 11:24:32
1
may.thu.tun33
May Thu Tun :
[Pray][Pray][Pray]
2026-10-20 11:40:12
1
la.dy.owner
LA DY OWNER :
🥰🥰🥰
2026-10-20 11:37:59
1
koaungaung8314
U Aung.Aung :
👍👍👍👍👍
2026-10-20 13:20:06
0
user173877583125
user173877583125 :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-20 11:25:35
1
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About