Language
English
عربي
Tiếng Việt
русский
français
español
日本語
한글
Deutsch
हिन्दी
简体中文
繁體中文
API
Home
How To Use
Language
English
عربي
Tiếng Việt
русский
français
español
日本語
한글
Deutsch
हिन्दी
简体中文
繁體中文
Home
Detail
@xaanhmangxiudep: #anhmangxinhchoaican #flopquaik🐸💦
meo wibu😈
Open In TikTok:
Region: VN
Tuesday 20 October 2026 14:49:55 GMT
1790
100
0
12
Music
Download
No Watermark .mp4 (
0MB
)
No Watermark(HD) .mp4 (
0MB
)
Watermark .mp4 (
0MB
)
Music .mp3
Comments
There are no more comments for this video.
To see more videos from user @xaanhmangxiudep, please go to the Tikwm homepage.
Other Videos
#🥹💯 #sindhisong #sindhinewstatus #sindhinewsongstatus
تاابدمتنفرمازاینخبروادیتم💔#joongdunk #creatorsearchinsights #reggiewifi
Echchry 🙌 #ruby #fypシ゚viral #viralvideo #foryoupage #whatsappstatus
#christmas #spongebob #edit
All I was trying to do is prove that there’s life after @The Beatles #PaulMcCartney #TheBeatles
ချောင်းဦးနယ်မှာ NGOတွေ၊လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ခွင့်ပြုချက်မယူဘဲ ကူညီကယ်ဆယ်ရေးလုပ်ရင် အရေးယူမယ်လို့ ပအဖ ထုတ်ပြန် MN/MFP ၊ အောက်တိုဘာ - ၂၀ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ NGOတွေ၊လူမှုကူညီရေးအသင်းအဖွဲ့(CSO)တွေအနေနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ပါက အရေးယူသွားမယ်လို့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ NGO၊ CSO နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ အားလုံးကို ချောင်းဦးမြို့နယ် ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနဲ့ ချောင်းဦးမြို့နယ်အတွင်းက ပြည်သူလူထုနဲ့ NGO၊ CSO အပါဝင် လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် အခုလိုထုတ်ပြန်ရတာလို့ ချောင်းဦး-ပအဖက ဖော်ပြပါတယ်။ ချောင်းဦးမြို့နယ်ထဲမှာ လူမှုကူညီရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဟာ ခွင့်ပြုချက် တောင်းသူတွေရှိသလို၊ ခွင့်ပြုချက်မတောင်းဘဲ ဝင်ရောက်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ များနေတာကြောင့် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ပါ စိန်ခေါ်မှုတွေ ရှိလာပြီး မြေပြင်မှာ အမှန်တကယ် လိုအပ်နေသူတွေဆီကို အကူအညီတွေ မရောက်တာတွေလည်း ရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။ “ခွင့်ပြုချက်တောင်းပြီးတော့ ဝင်လာတဲ့ အရပ်ဘက်အဖွဲ့တွေ ရှိသလို ခွင့်ပြုချက်မတောင်းဘဲနဲ့ ဝင်နေတဲ့ အဖွဲ့တွေလည်း ရှိနေတယ်။ အဲဒီလိုဆိုတော့ မြို့နယ်အဖွဲ့အစည်းနဲ့ ရပ်ကျေးအဖွဲ့အစည်းတွေတောင် မသိလိုက်ဘဲ ဝင်လုပ်သွားတာတွေ တဖြည်းဖြည်းများလာလို့ပါ။ အဓိက,ကတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတွေဖြစ်လာသလို နီးစပ်ရာ အဆင်ပြေတဲ့သူတွေနဲ့လုပ်လိုက်ကြတော့ တကယ်လိုအပ်နေတဲ့သူတွေဆီ မရောက်တော့ဘူး။ အဲဒီအတွက် ဒေသတွင်းမှာ မတည်ငြိမ်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အရေးယူတဲ့အပိုင်းကတော့ တည်ဆဲဥပဒေတွေနဲ့ ကာလ၊ဒေသ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ လုပ်သွားမှာပါ”လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူက ပြောပါတယ်။ ချောင်းဦးမြို့နယ်ထဲမှာ NGOတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေဟာ စစ်ဘေးရှောင်တွေနဲ့ မီးဘေးသင့် ပြည်သူတွေအတွက် အဓိကထား ကူညီထောက်ပံ့နေတာဖြစ်ပြီး အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းက ချောင်းဦးနယ်တောင်ခြမ်းက ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချို ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ခဲ့တာကြောင့် ရှေးဟောင်းသမိုင်းဝင် နှီးဘုရားကြီးအပါဝင် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ချောင်းဦးနယ်အနောက်ခြမ်းက ရွှေဒါးကျနဲ့ ကျီကုန်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါဝင် ဒေသခံပြည်သူ ခြောက်ဦးကို ဖမ်ဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ လူသုံးဦးမှာ တစ်ဦးနီးပါး (သို့မဟုတ်) လူဦးရေ ၁၇ ဒသမ ၉သန်းဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က အောက်တိုဘာလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသွားပုံနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေ(ပုံဟောင်း)/ဓာတ်ပုံ-ဒေသခံ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #ချောင်းဦး#အန်ဂျီအို
About
Robot
API
Legal
Privacy Policy