@waiai27: ‼️ Episode 18 Spoiler Preview ‼️ 🍂 The Lament of Autumn စစ်မြေပြင်မှာ အောင်ပွဲတွေရယူပြီး ပြန်လာခဲ့တဲ့ ယွီချန်ရွှမ်း ‌ေအာင်မြင်မှုရဲ့ နောက်ကွယ်မှာတော့ သူတစ်ယောက်တည်း ကြိတ်မှိတ်ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ အနစ်နာခံမှုတွေ အများကြီးရှိနေခဲ့ပါတယ်တဲ့ အရင်က ချန်ရွှမ်းရဲ့ စိတ်ရင်းကို နားမလည်ခဲ့တဲ့ ရွဲ့ဖျင်ကျွင်းတစ်ယောက်လည်း သူမနဲ့ သူမမိသားစုအတွက် ချန်ရွှမ်း တိတ်တဆိတ် ကာကွယ်ပေးခဲ့တာတွေ၊ သူမရဲ့မိခင်ကို ကယ်တင်ပေးခဲ့တာတွေနဲ့ သူမအတွက် အမှန်တရားတချို့ကို ဖုံးကွယ်ပေးခဲ့တာတွေကို သိလာရတဲ့အခါ နောင်တတွေရလာခဲ့ပါတယ်။ ဒါကြောင့် သူမကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောဖို့နဲ့ အရင်က သူ့အပေါ် နားလည်မှုလွဲမှားပြီး ခေါင်းမာမာနဲ့ ဆန့်ကျင်ခဲ့မိတာတွေအတွက် တောင်းပန်ဖို့ ချန်ရွှမ်းဆီကို အပြေးအလွှား သွားတွေ့ခဲ့ပါတယ် ဒါပေမဲ့ အရင်က သူမကို မနာလိုစိတ်တွေနဲ့တောင် လက်မလွှတ်နိုင်ခဲ့တဲ့ သူကဖျင်ကျွင်းကို မြင်လိုက်တာတောင် သူစိမ်းတစ်ယောက်လို အေးစက်စက်ဆက်ဆံပြီး သူမရဲ့စကားတွေကို နားထောင်ပေးဖို့တောင် စိတ်မဝင်စားတော့ဘဲ ထွက်ခွာသွားခဲ့ပါတယ်💔 တစ်ချိန်က သူမအနားမှာရှိဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့သူက အခုတော့ သူမကို အဝေးဆုံးမှာထားဖို့ ရွေးချယ်လိုက်ပြီလား။ ဖျင်ကျွင်းတစ်ယောက် နောင်တရလာတဲ့အချိန်မှာတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီလား? တစ်ယောက်က ခေါင်းမာလိုက်တာမှ ပြောမရ၊ တစ်ယောက်ကလည်း ကိုယ့်ခံစားချက်ကိုယ်တောင် နားလည်ဖို့ခက်တဲ့သူဆို‌ေတာ့ ငါတို့အချိုစားရဖို့ဆိုရင် သူတို့နှစ်ယောက်ကြားက အချစ်ရေးကို အဆင်ပြေအောင် လုပ်ပေး‌ဖို့ အောင်သွယ်တော်ကြီးလီပေါ်ရန်ကို အားကိုးရတော့မယ်😅 #waiai27 🎬 #TheLamentOfAutumn 👫 #ChengLei #XuRuohan

Wai Drama(Wai'sAICartoonWorld)
Wai Drama(Wai'sAICartoonWorld)
Open In TikTok:
Region: SG
Tuesday 20 October 2026 16:52:41 GMT
10719
325
7
5

Music

Download

Comments

user61842755259391
Phyu Phyu thwe :
18-19လိုက်ရှာေနတာေခါင်းေတာင်မူးေနပီ
2026-10-21 05:00:00
1
thaintthaint86
thaint lay 😻 :
ကြည့်ချင်နေပီ🤭
2026-10-21 00:48:10
1
moana164_
moana164_ :
မင်းသားအလှည့်[Heartwarming]
2026-10-21 03:18:09
1
lavenderfloweralicelay
lavender Alice lay :
ကြည့်ချင်နေပီ😁😁
2026-10-21 03:24:00
1
To see more videos from user @waiai27, please go to the Tikwm homepage.

Other Videos


About