@netthetkyoe3: ထူးဆန်းတယ်မဟုတ်လား... တစ်နေ့ သေဆုံးရမယ်ဆိုတာ သိလျက်နဲ့ ထာဝရရှင်သန်မယ့်သူတွေလို နေထိုင်ကြတယ်။ အချိန်ဆိုတာ ပြန်မရနိုင်မှန်း သိလျက်နဲ့ တန်ဖိုးအရှိဆုံးအရာကို တန်ဖိုးမဲ့သလို ဖြတ်သန်းနေကြတယ်။ ငါတို့ဟာ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလောကထဲကို ရောက်လာခဲ့ကြတာလဲ။ ဘယ်သူ့စည်းမျဉ်းတွေအောက်မှာ ကိုယ့်ဘဝကိုယ် ရှင်သန်ဖို့တောင် ခွင့်တောင်းနေရတာလဲ။ ဖြစ်ချင်တာတွေ ရှိခဲ့ကြတယ်။ ဖြစ်နိုင်ပါလျက်နဲ့ မဖြစ်ခဲ့ကြဘူး။ အကြောင်းရင်းကတော့ "မဖြစ်သင့်ဘူး" ဆိုတဲ့ စကားတစ်ခွန်း။ အဲဒီစကားအောက်မှာ အိပ်မက်တွေ တိတ်ဆိတ်သွားကြတယ်။ ဆန္ဒတွေ အရောင်မှိန်သွားကြတယ်။ နောက်ဆုံးမှာ ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာတွေကို သူစိမ်းတစ်ယောက်လို အဝေးကနေ ပြန်ငေးကြည့်နေရတယ်။ ဒါဆိုရင်... ငါတို့ဟာ ကိုယ့်ဘဝကိုယ် ရှင်သန်နေကြတာလား၊ သူများမျှော်လင့်ထားတဲ့ လူတစ်ယောက်အဖြစ် တဖြည်းဖြည်း ပျောက်ကွယ်နေကြတာလား။ မနက်ဖြန်ဆိုတာ ဘယ်သူ့လက်ထဲမှာမှ မရှိတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ငါတို့ကတော့ မနက်ဖြန်ရှိနေဦးမယ်လို့ ယုံကြည်ပြီး ဒီနေ့ပြောသင့်တဲ့ မေတ္တာစကားတွေကို ရွှေ့ဆိုင်းကြတယ်။ ဒီနေ့ ရှင်သန်သင့်တဲ့ အိပ်မက်တွေကိုလည်း နောက်တစ်နေ့အတွက် ချန်ထားခဲ့ကြတယ်။ တကယ်လို့ မနက်ဖြန်သာ မရောက်လာခဲ့ရင်... ငါတို့ရဲ့ နောင်တတွေကို ဘယ်သူ့ဆီ သွားအပ်နှံကြမလဲ။ ဖြစ်ချင်တာတွေကို အမြဲတမ်း မျိုသိပ်မထားနဲ့။ မေတ္တာထားနိုင်တဲ့အချိန်မှာ မေတ္တာထားပါ။ နားလည်ပေးနိုင်တဲ့အချိန်မှာ နားလည်ပေးပါ။ ငါတို့အားလုံးဟာ မတူညီတဲ့ အိပ်မက်တွေနဲ့ မွေးဖွားလာကြပေမဲ့ နာကျင်မှုကို ခံစားတတ်တဲ့ နှလုံးသားတွေ၊ အေးချမ်းမှုကို တောင့်တတဲ့ စိတ်တွေကိုတော့ အတူတူ သယ်ဆောင်ထားကြတယ် ဆိုတာကို မမေ့ကြပါနဲ့။ ဒါကြောင့် . . . . မနက်ဖြန်ထိ စောင့်မနေတော့ပဲ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ကောင်းသောဆန္ဒလေးတွေကို ဦးစားပေးပြီး သာယာတဲ့ လူ့ဘ၀ကြီး ဖန်တီးလိုက်ကြရအောင်။ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd
𝖄𝖆𝖓𝖌 𝕾𝖎𝖖𝖎
Region: MM
Wednesday 21 October 2026 02:42:58 GMT
Music
Download
Comments
wai hlyan :
ပြန်တင်ပါရစေ
2026-10-21 13:13:51
1
Xairo💔🥀🦋 :
ပြန်တင်မယ်နော်
2026-10-21 13:10:41
1
"Moe Nge🍀" :
စာသားကြိုက်တယ် ဒီတိုင်းလေး ပြန်တင်ခွင့်ပြုပါ စာပေချစ်သူမို့ပါ🙂
2026-10-21 12:16:58
1
khantmon68(သားလေးမေမေ😘) :
စာသားလေး လိုချင်🥰
2026-10-21 03:05:54
1
ကြယ်ကလေး :
2026-10-21 07:48:02
1
Kham Moon :
👍း👍👍👍👍
2026-10-21 05:43:19
0
moon :
ပြန်တင်ပါရစေရှင့်[Heartwarming]
2026-10-21 14:13:37
0
🇲🇲@K T Y🇹🇭 :
Copy ယူမယ်ဗျာ
2026-10-21 16:37:17
0
@maw 68912 :
🤍🩷🩵💚
2026-10-21 04:41:37
1
Min zaw :
🥰
2026-10-21 13:08:54
1
𝔖𝔥𝔦𝔫 𝔗𝔥𝔢𝔦𝔫 𝔐𝔶𝔴𝔞𝔢 :
ပြန်တင်မယ်နော်
2026-10-21 09:08:15
1
မီမီစော :
😘😘
2026-10-21 05:46:03
1
HtweLin Aung :
🥰🥰🥰
2026-10-21 04:17:58
1
စေတနာ :
🥰👍👍👍
2026-10-21 06:11:46
1
To see more videos from user @netthetkyoe3, please go to the Tikwm
homepage.