@soe.win.kyaw39: "ယောကျာ်းတွေအနေနဲ့ဖြင့် ကိုယ့်ဇနေးမယားကို မပေါင်းချင်တော့ရင် ရိုးရိုးပဲ ပြောကြပါ ကိုယ့်ဇနီးက စိတ်ကုန်ပြီး ကွာရှင်းချင်လာအောင် တမင်လုပ်ပြနေစရာ မလိုပါဘူး" အရက်မူးလာတိုင်း စိတ်ထိခိုက်အောင် ပြောတာတွေ၊ မိန်းမ မကြိုက်မှန်းသိရက်နဲ့ လုပ်တာတွေ၊ ရန်ရှာတာတွေ၊ မိန်းမ သည်းမခံနိုင်တော့တဲ့အထိ စိတ်ညစ်အောင် လုပ်တာတွေ မလိုပါဘူး။ တကယ် မပေါင်းချင်တော့ဘူးဆိုရင် တည့်တည့်ပဲ ပြောလိုက်ပါ လူကြီးတွေပဲ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောလို့ရပါတယ်။ ကိုယ့်မိန်းမ ပါးစပ်က ကွာရှင်းမယ်ဆိုတဲ့ စကား ထွက်လာအောင် တမင်တွန်းပို့နေစရာ မလိုပါဘူး။ တချို့ယောကျာ်းတွေက မိန်းမဘက်က အရင်ကွာရှင်းခွင့်တောင်းလာရင် သူတို့မှာ အပြစ်မရှိတော့သလို ထင်ကြတယ်။ ဒါပေမဲ့ အဲဒီစကားတစ်ခွန်း ထွက်လာဖို့ မိန်းမတစ်ယောက် ဘယ်လောက်အထိ စိတ်နာခဲ့ရလဲ၊ ဘယ်နှခါ ငိုခဲ့ရလဲ၊ ဘယ်လောက်အထိ သည်းခံခဲ့ရလဲဆိုတာ သူတို့ မစဉ်းစားကြဘူး။ မိန်းမတစ်ယောက်က ကိုယ့်အိမ်ထောင်ရေးကို လွယ်လွယ်နဲ့ လက်လျှော့ချင်တာ မဟုတ်ပါဘူး။ အထူးသဖြင့် သားသမီးတွေ ရှိတဲ့ မိန်းမတစ်ယောက်ဆို ပိုတောင်ခက်တယ်။ ကလေးတွေ မိဘမစုံဘဲ ကြီးပြင်းရမှာ စိုးရိမ်တယ်။ ကလေးတွေ စိတ်ဒဏ်ရာရမှာ ကြောက်တယ်။ ကိုယ်တည်ဆောက်ထားတဲ့ မိသားစုလေး ပြိုကွဲသွားမှာ မလိုချင်ဘူး။ အဲဒါကြောင့်ပဲ မခံချင်တာတွေလည်း ခံခဲ့တယ်။ မကြားချင်တဲ့စကားတွေလည်း နားထောင်ခဲ့တယ်။ စိတ်နာနေရင်းနဲ့လည်း ဘာမှမဖြစ်သလို နေခဲ့ရတဲ့နေ့တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ယောကျာ်းတွေလည်း သိထားဖို့က ကိုယ့်မိန်းမလည်း လူပါ။ သူလည်း ပင်ပန်းတတ်တယ်။ စိတ်ကုန်တတ်တယ်။ ဝမ်းနည်းတတ်တယ်။ တစ်ခါတလေ အားလုံးကို ထားခဲ့ပြီး ထွက်သွားချင်တဲ့စိတ်လည်း ဖြစ်တတ်တယ်။ သူ အမြဲသည်းခံနေတာက ကိုယ်လုပ်သမျှ မှန်နေလို့ မဟုတ်ဘူး။ မိသားစုလေး မပြိုကွဲစေချင်လို့ပါ။ ဒါပေမဲ့ မိသားစုတစ်ခုကို မိန်းမတစ်ယောက်တည်း ထိန်းထားလို့ မရဘူးလေ။ ယောကျာ်းဘက်ကလည်း ထိန်းချင်စိတ် ရှိမှရမှာပေါ့။ ပြီးတော့ ကိုယ့်လင်မယားနှစ်ယောက်ရဲ့ ပြဿနာကြားမှာ ဘာမှမသိတဲ့ ကလေးတွေကိုပါ စိတ်ဒဏ်ရာတွေ မပေးကြပါနဲ့။ ကလေးတွေက အဖေရော အမေရော လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း ရန်ဖြစ်နေတဲ့အိမ်၊ အမေငိုနေတာကို မြင်နေရတဲ့အိမ်၊ အဖေမူးလာရင် ကြောက်နေရတဲ့အိမ်မျိုးကိုတော့ ကလေးတွေ မလိုအပ်ပါဘူး။ တစ်ခါတလေ မိန်းမတစ်ယောက်က ကိုယ့်ယောကျာ်းဆီက လိုချင်တာ အများကြီး မဟုတ်ဘူး။ အေးအေးချမ်းချမ်း နေချင်တယ်။ လူလိုလေးစားတာ ခံချင်တယ်။ကိုယ့်ခံစားချက်ကို နားလည်ပေးစေချင်တယ်။ကိုယ့်အိမ်ထဲမှာ ကိုယ် စိတ်အေးလက်အေး နေချင်တယ် ကိုယ့်မိန်းမကို မလိုချင်တော့ရင် ပြောပါ ဒါပေမဲ့ ကိုယ့်ကို မလိုချင်တော့တဲ့ မိန်းမတစ်ယောက် ဖြစ်လာအောင်တော့ မလုပ်ပါနဲ့ တကယ် လမ်းခွဲရမယ်ဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်အကြိမ်ကြိမ် လုပ်ပြီးမှ လမ်းခွဲတာထက် လူကြီးလို ထိုင်ဆွေးနွေးပြီး လမ်းခွဲကြပါ။ လင်မယားအဖြစ် ဆက်မနေနိုင်တော့ရင်တောင် ကလေးတွေအတွက် မိဘကောင်းတွေ ဖြစ်နေလို့ ရပါသေးတယ်။ မိန်းမတော်တော်များများ အိမ်ထောင်ပြုခဲ့တာ ကွာရှင်းဖို့ မဟုတ်ပါဘူး။ကိုယ်ချစ်တဲ့ယောကျာ်းနဲ့ အသက်ကြီးတဲ့အထိ အတူတူ အေးအေးချမ်းချမ်း နေသွားဖို့ပါ။ ဒါပေမဲ့ တချို့မိန်းမတွေက အိမ်ထောင်ရေးတစ်ခု မပြိုကွဲအောင်ထိန်းရင်းနဲ့ သူတို့ကိုယ်တိုင် ပြိုလဲနေကြရတယ်။ နောက်ဆုံးမှာ ဘာမှပြန်မပြောတော့ဘူး။မငိုတော့ဘူး။ရန်မဖြစ်တော့ဘူး။ဘာမှမမျှော်လင့်တော့ဘူး စိတ်နာရလွန်းလို့ ဘာမှ မခံစားချင်တော့တာ။ ယောကျာ်းတွေအနေနဲ့ ကိုယ့်မိန်းမကို အဲဒီအခြေအနေ ရောက်တဲ့အထိ မတွန်းပို့ကြပါနဲ့။ ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက် စိတ်ကုန်သွားတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ဆိုတာ တော်တော်ခက်သွားပြီ လူကြီးဖြစ်နေပြီဆိုရင် လူကြီးလိုပဲ ပြုမူကြပါ။ ပြဿနာရှိရင် စကားပြောပါ။ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ဆက်မပေါင်းချင်တော့ရင်လည်း ရိုးရိုးသားသားပြောပါ။ တစ်ဖက်လူ စိတ်ကုန်သွားအောင်၊ မခံနိုင်တော့အောင်၊ သူ့ပါးစပ်က လမ်းခွဲမယ်ဆိုတဲ့စကား ထွက်လာအောင် တမင်လုပ်နေစရာ မလိုပါဘူး ကိုယ်လုပ်တဲ့အရာအတွက်ကိုယ်တာဝန်ယူရဲဖို့လည်း လိုပါတယ်။ ကိုယ်က ဆက်မပေါင်းချင်တော့ဘဲ တစ်ဖက်လူကို အပြစ်ရှိသူ ဖြစ်အောင် လုပ်တာမျိုးက လူကြီးဆန်တာမဟုတ်ပါဘူး။ အိမ်ထောင်ရေးတစ်ခု အဆင်မပြေတော့တာ ရှက်စရာ မဟုတ်ပါဘူး။ဒါပေမဲ့ အဆင်မပြေတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံကြသလဲဆိုတာက ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြတာပါ။ ကိုယ့်ပြဿနာကို ကိုယ်လူကြီးလို မဖြေရှင်းနိုင်လို့ ကလေးတွေပါ စိတ်ဒဏ်ရာ ခံစားရတာမျိုး မဖြစ်သင့်ပါဘူး အတူဆက်လျှောက်နိုင်ရင်အတူကြိုးစားကြပါ။ ဆက်မလျှောက်နိုင်တော့ရင်လည်းတစ်ယောက်ကိုတစ်ယောက် မဖျက်ဆီးဘဲလေးလေးစားစား လမ်းခွဲကြပါ။ အသက်ကြီးလာတာနဲ့ လူကြီးဆန်လာတာမတူပါဘူး။ လူကြီးဆိုတာ ကိုယ့်စိတ်ခံစားချက်ကို ကိုယ်တာဝန်ယူတတ်ပြီး တစ်ဖက်လူကို မလိုအပ်ဘဲနာကျင်အောင်မလုပ်တဲ့သူပါ။ မူရင်းကိုcrdပေးပါတယ် soewinkyaw-content creator (မင်းပြား) #MarrigeRespect #HealthMarriage #RespectInMarriage #happyfamily #lovestory

စိုးဝင်းကျော်(➋🅜)
စိုးဝင်းကျော်(➋🅜)
Open In TikTok:
Region: MY
Wednesday 21 October 2026 03:33:58 GMT
192062
10911
132
1279

Music

Download

Comments

ayatelay299
Daw Cho Lay :
ကတိတစ်ခုတောင်းထားတယ် မဖောက်ပြန်ပါနဲ့လို့မတောင်းဆိုပါဘူး နောက်တစ်ဆိုတာရှိခဲ့ရင် ကျမကိုအရင်ကွာရှင်း ပေးခဲ့ပါလို့😌
2026-10-22 02:11:22
9
ah.soe.lay86
ကံကံ၏အကျိုး :
faမှာပြန်တင်ပါရစေ
2026-10-21 09:30:56
1
thinsadyphoo4
👻👻 ထွေးထွေး👻👻 :
ကြိုက်လွန်းလို့ကူးယူခွင့်ပြန်တင်ခွင့်ပေးပါ🥰
2026-10-21 10:12:32
4
thae.tone703
ခိုင်ဇာမြင့် :
သိပ်မှန်တယ်👍👍👍👍👍 အေးအေးနဲ့ဖြေး ဖြေး ပြုံးပြုံးလေးပြော
2026-10-21 09:26:25
5
mimiw7002
mi mi :
ပြန်တင်ပါရစေရှင့်
2026-10-21 15:18:55
1
.fashion.clothing
မိဘ Fashion Clothing👚 :
ကူးပါရစေရှင့် တိုက်ဆိုင်လိုက်တာ
2026-10-21 12:41:48
2
khaing.lay6587
Khaing Lay😘 :
ပြန်တင်မယ်နော်
2026-10-21 14:16:29
1
toe.toe1970
ToeToe :
အရမ်းချစ်တဲ့အမျိုးသမီးတစ်ယောက်အတွက်စိတ်မနာပေမယ့်အမျိုးသားကိုစိတ်ချမ်းသာစေချင်လို့မပစ်နိုင်ပေမယ့်ပစ်နိုင်အောင်တော်တော်ကြိုးစားပြီးပစ်ဖို့ဆုံးဖြတ်တာမျိုးတွေလည်းရှိကြပါတယ်။ ဘယ်လောက်ဝေးဝေးရောက်နေပါစေ အမျိုးသားလေးကျန်းမာချမ်းသာအဆင်ပြေနိုင်ပါစေလို့တော့အဝေးကနေရင်နာနာနဲ့ဆုတောင်းပေးနေမိမှာပါ
2026-10-21 12:26:19
3
user1206113684054
Su su :
ပြန်တင်ခွင်ပေပါဘဝတွေတူနေတယ်
2026-10-21 14:59:56
2
dawaungmaykyi0
Daw Aung May Kyi🍃 :
ကူးပရစေရှင်
2026-10-21 07:45:42
1
user6782345623283
အိလမင်း :
ကူးယူပါရစေရှင့် အရမ်းမှန်နေလို့ပါ
2026-10-21 14:14:33
1
thandar7849963521com
Moe Myint May May :
ယူတင်ပါရစေအရမ်းနာကျင်နေရလို့ပါ😭😭😭
2026-10-22 12:47:50
0
ei.shwe.zin2859
🌻မိမိုး 🌻(ဦးရွှေရိုးသူလေး)🌻 :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-22 03:53:49
0
thuzar.tzmm123gmai
🇲🇲သုဘဒ္ဒါ🇲🇲🇲🇲 :
ဟုတ်ပါရက်
2026-10-21 06:17:12
3
la.pyae9794
LA PYAE :
ရင်ထဲထိရှ
2026-10-21 09:46:38
2
zin.thu.htet809
🥰တော်ဝင်သဇင်ပန်း🥰 :
သိပ်မှန်တယ်မိသားစုထက်အပြင်လူတွေရဲ့စကားသာအမှန်ထင်နေတဲ့ယောက်ျားတွေလည်းရှိသလိုကိုယ့်မိန်းမဇနီးမယားအပေါ်တန်ဖိုးထားရကောင်းမှန်မသိတဲ့ဟာတွေလည်းရှိတယ်ဒီလိုခေတ်ကြီးထဲမှဘာမှပြေးကြည့်စရာမလိုဘူးအိမ်မူကိစ္စနိုင်နင်းပီးမဖောက်ပြန်တတ်တဲ့မိန်းမတွေကရှာသွားပီးအနည်းဆုံးတော့ဖောက်ပြန်ကြတဲ့သူတွေများတယ်မိန်းကလေးတွေရဲ့ဘဝကဘာနဲ့တူလဲ့ဆိုရင်အိမ်ကျွန်နဲ့တူတယ်သူတို့မှာနားရက်မရ က်မရှိဘူးသေချားတွေးကြည့်ရင်သိပ်သနားဖို့ကောင်းတယ်မိန်းကလေးတွေဘဝကဒါပေမဲ့လို့စာနာစိတ်ရှိပီးတန်ဖိုးထားတတ်တဲ့ယောက်ျားနဲ့တွေ့ခဲ့ရင်အဲမိန်းကလေးတွေဘဝကသိပ်ပျော်ရွှင်ကြရတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ပီးပဲလူစိတ်ရှိတဲ့အမျိုးကောင်းသားတွေနဲ့တွေ့နိုင်ကြပါစေ🥰မိန်းကလေးတွေကအချစ်ခံရဖို့ထိုက်တန်တဲ့သူတွေပါ🥰🥰🥰
2026-10-22 05:46:44
3
063yoon
063yoon :
ဒီတိုင်းလေးထွက်သွားရင်သိပ့်ကောင်းမှာ
2026-10-21 14:40:02
1
beautysaloon354
shine beauty saloon 💓 :
ဟုက်ပ
2026-10-21 15:46:48
1
ccw404
အေးချမ်းမှုဘဲလိုချင်ပါတယ် :
စာသားလေးလိုချင်လိုက်တာ
2026-10-21 06:14:58
3
tk6by8zc9qw0t6
မိုးစက် :
ပြန်သုံးခွင့်ပြုပါရှင့်
2026-10-21 21:31:13
1
htethtetaung753536
htethtetaung :
ကိုဖြစ်နေတာနဲတစ်ထပ်ထဲမျက်ရည်မခိုင်တော့ဘူး
2026-10-23 18:37:55
3
yoonmyat1019
yoonmyat :
လူကိုသတ်ရင်တစ်ခါဘဲသေမှာပေါ့ စိတ်ကိုဘဲသတ်ကြတာလေ😳😳
2026-10-21 16:41:36
4
yone.lay474
မီးမီးချစ်တဲပပ :
ပြန်တင်ခွင်ပြုပါနောစာသားလေကြိုက်လို
2026-10-21 14:30:43
1
t.moe72
T Moe :
ယူခွင့်ပြုပါ
2026-10-22 22:44:12
0
user817198602
user817198602 :
ငါကမပေါင်းချင်တာသူတို့ကိုတဖြည်းဖြည်းစိတ်ကုန်လာတာဝဋ်ကြွေးတွေကြေအောင်ဆပ်
2026-10-21 14:43:53
2
To see more videos from user @soe.win.kyaw39, please go to the Tikwm homepage.

Other Videos


About