@yangsiqi03: ချစ်ခဲ့မိတဲ့အတွက် နောင်တတွေတော့ ရှိမနေပါဘူး။ မင်းနဲ့တွေ့ခဲ့တယ် ပြီးတော့ ချစ်ခဲ့တယ် ပြီးတော့ ဝေးခဲ့ရတယ်။ သိပ်ကို နာကျင်ခဲ့ရတာပေါ့ ဟုတ်တယ်မလား။ ကိုယ်က ချစ်ခဲ့ရတဲ့လူလေ အဲ့တော့ နာကျင်ခံစားရတာပေါ့။ ဒါပေမဲ့ အချိန်တွေကို နောက်ပြန်လှည့်လို့ရရင်ဆိုတဲ့ ဆုတောင်းတွေရယ် မင်းနဲ့သာ မဆုံခဲ့ရင်ဆိုတဲ့ နောင်တတွေရယ်တော့ ရှိမနေခဲ့ဘူး။ မင်းနဲ့ ဆုံခဲ့ရခြင်းတွေအတွက် တကယ်ပဲ ပျော်ပါတယ်။ မင်းနဲ့သာမဆုံခဲ့ရင် ချစ်ခြင်းမေတ္တာဆိုတာ ဘာမှန်းသိဦးမှာမဟုတ်ဘူး။ သူ့နှုတ်ခမ်းလေး ကွေးရုံနဲ့ ကိုယ့်မှာ ပြုံးရတယ်ဆိုတဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်လာခဲ့မှာမဟုတ်ဘူးလေ။ ပြီးတော့ လူတစ်ယောက်ကို ချစ်မိတဲ့အခါ ဘယ်လောက် ပင်ပန်းရလဲဆိုတာ သိခဲ့မှာမဟုတ်ဘူး။ ကိုယ် မင်းကို ချစ်တယ် အလေးနက်ဆုံး ထားခဲ့ပြီး ချစ်ခဲ့တယ် အနက်ရှိုင်းဆုံးတွယ်တာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး ကျန်ရစ်ခဲ့ခြင်းတွေမှာ အများဆုံး ငိုခဲ့ရတာကိုယ်ပါ။ ဒါပေမဲ့နော် ကိုယ်ကလဲ ခေါင်းမာတယ် ပြန်မပြင်ချင်ဘူးလားဆိုတဲ့ မေးခွန်းတွေရှိလာရင်တောင် ဒီတိုင်းလေးက အဆင်ပြေပါတယ်ဆိုတဲ့ အဖြေတွေပဲ ရှိလာတော့တာ ထူးခြားပြီးတော့ အတိတ်ကို ပြန်ပြောင်း မပစ်ချင်တော့ဘူး။ မင်းနဲ့ဆုံခဲ့ရတဲ့ အမှတ်တရလေးတွေကို သိမ်းထားဖြစ်တယ် မင်းနဲ့ ချစ်ခဲ့ခြင်းတွေကိုလဲ ပြန်တွေးကြည့်တိုင်းနည်းနည်းလေး နာရတာကလွဲလို့ နောင်တတွေတော့ ရှိမနေတော့ပါဘူး။ ပျော်ပါတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ... ဒါပေမဲ့ ဆုံခဲ့ခြင်းတွေအတွက်ကော ပျော်ခဲ့ရခြင်းတွေအတွက်ကော တကယ်ကို ပျော်ပါတယ်။ တကယ်မချစ်ခဲ့ဘူးဆိုရင်တောင် ချစ်ခဲ့ခြင်းတွေအတွက် ကျေးဇူးတွေ တင်ပါတယ်။ နောက်ဆုံးအပြောချင်ဆုံးက ပေးခဲ့တဲ့ သင်ခန်းစာတွေကိုတော့ အမြဲပဲ အမှတ်ရနေမိမှာပါ။ မင်းနဲ့ ပတ်သက်ပြီး ပြန်တွေးမိရင် နည်းနည်းလေးမှ နောင်တတွေရှိမနေခဲ့ပါဘူး။ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd
𝖄𝖆𝖓𝖌 𝕾𝖎𝖖𝖎
Region: MM
Wednesday 21 October 2026 10:58:56 GMT
Music
Download
Comments
thiderwin42 :
ဆုတောင်းတိုင်းပြည့်ခဲမယ်ဆိုရင်သူကိုတဖန်ပြန်လိုချင်ပါတယ်ရင်နင့်အမျှချစ်ရပါသောသူ
2026-10-21 11:25:06
10
Kothulay :
သီချင်းနာမည်လေးသိပါ့ရစေ စာသားလေးလည်းcopy ယူပါရစေရှင့်💕💕💕💕
2026-10-23 11:50:50
1
🖤 🐉°သက်ပိုင်ဦး 🐉°🖤 :
🥺🥺🥺🥺ပြန်တင်ပါရစေခံစားချက်နဲ့တိုက်ဆိုင်နေလိုပါဗျာ😭😭😭😭
2026-10-23 17:16:29
1
#Ni Lar Oo :
စာသားလေးယူထွင့်ပြုပါရှင့်
2026-10-22 02:55:48
1
Rad gal official :
ကူးယူခွင့်ပြုပါ🥰🥰🥰
2026-10-21 15:27:53
2
Sein Sein :
ကျွန်မပေးခဲ့တဲ့သင်ခန်စာနဲ့နောက်တစ်ယောက်ကိုသွားမထွေးပွေပါနဲ့ကျွန်မသိပ်နာကျင်ရလို့အနူးအညွတ်တောင်ပန်ပါတယ်
2026-10-24 07:44:29
1
ထာဝရ ချစ်နေမယ် :
copyယူပြီနော်🥰🥰🥰
2026-10-21 12:26:00
1
NyoNyo :
ပြန်တင်ခွင့်ပြုပါရှင့်😘
2026-10-22 04:28:31
1
user2020572161994 :
🤩
2026-10-22 06:23:50
2
Shwezintun :
🥰👍
2026-10-24 04:04:34
1
L KYAW MAUNG💫💥⚡ :
မင်္ဂလာပါနော်ပို့စ်ပိုင်ရှင်ရေသီချင်းလေးရောစာသားလေးကပါအရမ်းကောင်းလို့ကျေးဇူးတင်မိပါတယ်ချမ်းမြေ့ပါစေနော်ဝန်းရံခဲ့ပါတယ်။🥰❤️🥰
2026-10-22 15:48:50
1
❤T T Saw❤ :
crd
2026-10-21 14:50:42
2
Sandar. maung :
စာသား လေးကောင်းလိုက်တာ
2026-10-21 15:44:37
2
Pwint nge lay :
အဲလိုလားနော်
2026-10-21 14:22:52
2
Thein :
အားပးခဲပါတယ်
2026-10-22 20:06:35
1
soe lay :
ဟုတ်ကဲ့ကျေးဇူးပါ🌿🌿🌿🌿🌿🌿
2026-10-21 13:40:00
2
Jonathan Ag ( Official ) :
ဟုတယ်အဲ့လိုပါပဲ။အေးအေးချမ်းချမ်းလမ်းခွဲတာပေါ့ တချို့လူတွေကသတ်တိမရှိဘူးနော် ပြောလည်းဘာထူးတော့မှာလည်း
2026-10-22 08:31:25
1
🍀N"🍀 :
[Sticker] 😳😔
2026-10-22 18:20:18
1
"💗May Khine 💗 :
စာသားလေးယူခွင့်ပြုပါရှင်🥰🥰🥰🥰🥰
2026-10-23 06:41:50
1
KP :
ချစ်ခဲ့ခြင်းအတွက် နောင်တမရှိခဲ့ပါဘူးမေ....
2026-10-22 01:22:56
1
🌹မနှင်းဝေ🌹 :
သီးချင်နာတောင်ကောင်ရင်နာမိတယ်
2026-10-23 11:05:20
1
user6128618573216nn :
🥰
2026-10-21 14:02:02
1
Ei :
🥰
2026-10-22 04:50:16
1
Su Su Hlaing :
2026-10-22 03:09:26
1
Khin Win :
2026-10-23 12:09:30
1
To see more videos from user @yangsiqi03, please go to the Tikwm
homepage.