@crazy4.k2: Caption...→→→→→ တစ်နေ့မှာ... သည်းခံတတ်တဲ့ ယောင်္ကျားတစ်ယောက် ၊ Overthinking ဖြစ်တတ်တဲ့ ယောင်္ကျားတစ်ယောက်၊ သစ္စာကို အသက်ထက်တန်ဖိုးထားတဲ့ ယောင်္ကျားတစ်ယောက်၊ ကလေးဆန်ဆန် ချစ်တတ်တဲ့ ယောင်္ကျားတစ်ယောက်၊ ဘယ်လောက်နာကျင်ရပါစေ "ရပါတယ်" ဆိုပြီး အရာအားလုံးကို ခွင့်လွှတ်ပေးခဲ့တဲ့ ယောင်္ကျားတစ်ယောက်... အဲ့ဒီယောင်္ကျား ထွက်ခွာသွားတဲ့အချိန်မှာတော့... သူပြန်မလာတော့ဘူး။ အရင်လို စာမပို့တော့ဘူး၊ အရင်လို စိတ်ပူမေးမနေတော့ဘူး၊ အရင်လို အမှားတွေကို နားလည်ပေးမနေတော့ဘူး၊ အရင်လို "ရပါတယ်" ဆိုတဲ့ စကားကိုလည်း မပြောတော့ဘူး။ ဘာလို့လဲဆိုတော့... သူချစ်တာ လျော့သွားလို့ မဟုတ်ဘူး။ သူ့နှလုံးသားက ပင်ပန်းလွန်းသွားလို့။ အမြဲသည်းခံနေတဲ့လူတစ်ယောက်လည်း တစ်နေ့တော့ မခံနိုင်တော့ဘူး။ အမြဲခွင့်လွှတ်နေတဲ့လူတစ်ယောက်လည်း တစ်နေ့တော့ စိတ်ကုန်တတ်တယ်။ အမြဲလိုက်ထိမ်းသိမ်းနေတဲ့လူတစ်ယောက်လည်း တစ်နေ့တော့လက်လွှတ်တတ်တယ်။ လူတော်တော်များများက ထွက်သွားတဲ့လူကို အပြစ်တင်ကြတယ်။ ဒါပေမယ့်...သူဘာကြောင့် ထွက်သွားရတဲ့အကြောင်းအရင်းကိုတော့ မစဉ်းစားကြဘူး။ ယောင်္ကျားတစ်ယောက်က တကယ်ချစ်ရင် အရာအားလုံးကို သည်းခံပေးနိုင်တယ် ။ ဒါပေမယ့် အဲသည်းခံမှုကို အားနည်းချက်လို့ မြင်လာတဲ့အချိန်... သူရဲ့တန်ဖိုးကို မလေးစားတော့တဲ့အချိန်... သူ့ခံစားချက်ကို အလေးမထားတော့တဲ့အချိန်... အဲ့ဒီအချိန်ကစပြီး သူ့ရဲ့ နှုတ်ဆိတ်မှုက အဖြေဖြစ်လာတယ်။ တကယ်တမ်း ကြောက်စရာအကောင်းဆုံးက ဒေါသထွက်တဲ့ ယောင်္ကျားမဟုတ်ဘူး။ ဘာမှမပြောတော့ဘဲ တိတ်တိတ်လေး ထွက်သွားတဲ့ ယောင်္ကျားပဲ။ ဘာလို့လဲဆိုတော့... သူ့ဆုံးဖြတ်ချက်က ဒေါသကြောင့် မဟုတ်ဘူး။ အကြိမ်ပေါင်းများစွာ နာကျင်ပြီးတဲ့နောက် ချလိုက်တဲ့ ဆုံးဖြတ်ချက်မို့လို့။ ဒါကြောင့်.......... ကိုယ့်ဘဝထဲမှာ သစ္စာရှိတဲ့၊ သည်းခံတတ်တဲ့၊ ကလေးဆန်ဆန်ချစ်တတ်တဲ့၊ အမြဲနားလည်ပေးနေတဲ့ ယောင်္ကျားတစ်ယောက်ရှိနေသေးရင်...သူ့ကိုတန်ဖိုးထားလိုက်ပါ။ တစ်ခါတလေ ဆုံးရှုံးပြီးမှ တန်ဖိုးသိရတဲ့လူတွေက...ပြန်ခေါ်လို့မရတော့ဘူး ။ 🌹Crd♻️ #qoute #foryou #fypage #viewတေရှယ်ကျ #fypppppppppppppppppppppppp
𝑴𝒊𝒛𝒖𝒌𝒊𝒆𝒍ᥫ᭡
Region: MM
Wednesday 21 October 2026 11:16:13 GMT
Music
Download
Comments
U Hsan Da :
မမှားလဲမှား မှားလဲမှားဆိုတဲ့ ခံစားချက်အပြင်
စကားလုံးကြမ်းကြမ်းတွေထိ ပါလာနေမှတော့ 🥺
2026-10-22 15:28:25
2
sanminn91 :
သိပ်မှန်တယ်😰😰
2026-10-22 17:22:05
1
𝐓 𝐊𝐢𝐧𝐠 👑 (🔑) :
https://vt.tiktok.com/ZSg5M28Su/
2026-10-22 22:41:04
1
𝓚𝓱𝓲𝓷 𝓜𝓪𝓾𝓷𝓰 𝓣𝓾𝓷 :
ပြန်တင်မယ်နော်broရလား
2026-10-22 12:19:44
1
. :
အချို ့အရာတွေက သွေးအေးသွားတာမဟုတ်ဘူး တစ်ဖက်လူအာရုံသိမလာလို့ ဦးစားပေးမခံရလို့ အရေးကြီးတဲ့ထဲမပါလို့ သွေးအေးသွားတာမျိုးပါ
2026-10-22 14:53:21
3
Min.Htet :
မှန်တာပေါ့☺️
2026-10-22 14:25:30
1
Aung Myo Thu :
ပြန်တင်ချင်လို့bro
2026-10-21 14:55:35
1
kophyo :
စာသားလေးလိုချင်လို့ဗျ
2026-10-21 11:23:26
1
爱过就够了💔🥀❤️🩹 :
2026-10-23 10:26:53
0
Shine htet Aung :
ငါဒိလိုစာတေ ဖက်ဖို့ ပိုခဲ့ပ့သေးတယ် အရေးမလူပ်ပူးမဖက်ပူးလေ[Broken heart][Broken heart][Big LOL][Big LOL]
2026-10-22 15:23:33
0
𝗠𝗠 𝗥𝗲𝗰𝗮𝗽 𝗦𝘁𝘂𝗱𝗶𝗼🔹 :
ငိုချင်သွားပြီ
2026-10-23 05:20:03
0
Thura Awng :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-23 06:09:40
1
J🐟🌊 :
🥺🥺
2026-10-23 06:18:54
1
To see more videos from user @crazy4.k2, please go to the Tikwm
homepage.