@ketchupwithemily: ဒီဗီယက်နမ်ကော်ပြန့်လိပ်ကြော်လေးကလေ အနံ့လေးကလဲမွှေးမွှေးလေးနဲ့ စားလိုက်ရင် ရပ်တောင်မရပ်ချင်လောက်အောင်ကောင်းတာ ဒီသီတင်းကျွတ်ပိတ်ရက်မှာလုပ်စားကြည့်နော် ဒီကော်ပြန့်လိပ်လေးက ပုံမှန်ကော်ပြန့်ရွက်နဲ့မဟုတ်ဘဲ Vietnamese Rice Paper လေးနဲ့ကြော်တာမို့ တစ်မျိုးလေးဆန်းတယ်ပေါ့နော် ကော်ပြန့်လိပ်လေးတွေအများကြီးလုပ်ပြီးရင် အကုန်မကြော်ဘဲ ခဲထားပြီး လိုသလောက်ပဲထုတ်ကြော်လဲရပါတယ်ရှင် အိမ်မှာကြော်စားကြည့်ပါဦးနော် ပါဝင်ပစ္စည်းများ- ဝက်ကျိတ်သား - ၅၀၀ ဂရမ် (အဆီအသားအရောကိုရွေးဝယ်ပါနော်) ပုစွန် - ၁၅၀ ဂရမ် ပဲကြာဇံ - ၅၀ ဂရမ်ခန့် ကြွက်နားရွက်မှို - လက်တစ်ဆုပ်စားခန့် မုန့်လာဥနီ - အနည်းငယ် ကြက်သွန်နီဥအကြီး - ၁ ဥ ကြက်သွန်ဖြူ - ၁ ဥ ကြက်ဥ - ၂ လုံး ဆား - လက်ဖက်စားဇွန်း ၁ ဇွန်း သကြား - လက်ဖက်စားဇွန်း ၂ ဇွန်း ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း တို့စားရန်ဆော့စ် - ရေနွေး - ထမင်းစားဇွန်း ၃ -၄ ဇွန်း သကြား - ထမင်းစားဇွန်း ၂ ဇွန်း ငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း ကြက်သွန်ဖြူ - ၃ -၄ တက် ငရုတ်သီးစိမ်း - ၃ -၄ တောင့် (ငရုတ်သီးစိမ်းအနီးကိုသုံးပါနော်) #myanmartiktok #ဗီယက်နမ်ကော်ပြန့်လိပ်ကြော် #ကော်ပြန့်လိပ်
Ketchup with Emily - အမ်မလီ
Region: GB
Wednesday 21 October 2026 11:19:09 GMT
Music
Download
Comments
Su Myat Sandi Win :
မမရေ ည၉:၃၅ မှာတွေ့တာလေ🥺
2026-10-21 15:05:30
1
Sunflower 🌻 :
အသံချိုချိုလေးလာပါပီဗျို့[Red heart]
2026-10-21 13:54:43
1
K Thwe Kyaw🌸🤍 :
တစ်ခါလောက် မမလက်ရာလေးစားချင်မိ🥰🌸🤍
2026-10-21 11:33:38
1
ခိုင် :
2026-10-22 03:15:41
1
I_am_ur_M 3 K :
ဘာလေးချက်ချက်စေတနာလေးနဲ့ 🥰
2026-10-21 14:38:00
1
sayar ma🇯🇵🎌 :
ဟုတ် ကျေးဇူးပါ
2026-10-23 07:25:47
0
Thiri Thiri :
[Heart eyes][Heart eyes][Heart eyes]
2026-10-21 16:14:25
1
May Myat Lin :
🥰🥰🥰
2026-10-21 13:52:02
1
Royal Queen :
🥰🥰🥰
2026-10-22 12:30:17
0
Swe Swe Myint :
👍👍👍👍👍👍👍
2026-10-28 02:12:57
0
yati :
[Heart eyes][Heart eyes][Heart eyes][Heart eyes][Heart eyes]
2026-10-21 11:45:04
1
To see more videos from user @ketchupwithemily, please go to the Tikwm
homepage.