@myanmarrescue30: အားနာတတ်တဲ့သူတွေကို ငတုံးလို့ မထင်ပါနဲ့"😏 ကိုယ်ချင်းစာတယ်ဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်ထားကလာတာဖြစ်ပြီး အားနာတယ်ဆိုတာ တစ်ဖက်လူရဲ့ မျက်နှာကို ငဲ့ညှာလွန်းလို့ပါ ။🥺 တစ်ခါတလေ ဘဝမှာ တစ်ဖက်လူ စိတ်မကောင်းဖြစ်မှာ စိုးလို့၊ နာကျင်သွားမှာ စိုးလို့ ကိုယ်ကပဲ အမှန်တရားတွေကို မြိုသိပ်ပြီး နှုတ်ဆိတ်ပေးခဲ့တဲ့ အကြိမ်တွေ မနည်းခဲ့ပါဘူး။ 🤫 ဒါပေမဲ့ ကိုယ်က ငဲ့ညှာပေးလိုက်တဲ့အခါ၊ ကိုယ်ကပဲ အမြဲအရှုံးပေးပြီး သည်းခံပေးလိုက်တဲ့အခါမှာ တစ်ဖက်လူက ကိုယ့်ရဲ့ စေတနာနဲ့ အားနာမှုကို အလိုလို နားလည်ပေးမယ့်အစား "သူဘာမှမသိလို့ ငြိမ်နေတာ၊ သူက အ,လို့ ခေါင်းငုံ့ခံနေတာ" ဆိုပြီး ကိုယ့်ကို ငတုံး၊ ငအ တစ်ယောက်လို ထင်မြင်ယူဆသွားတတ်ကြတယ် ။🤦♂️ တကယ်တော့ ကိုယ်က မပြောတတ်လို့ မဟုတ်ဘူး၊ မသိလို့လည်း မဟုတ်ပါဘူး၊ အမှန်တရားတွေကို ချပြလိုက်ရင် တစ်ဖက်လူ သိက္ခာကျပြီး ရှက်သွားမှာစိုးလို့ ကိုယ့်ဘက်က ယဉ်ကျေးစွာနဲ့ ဝှက်ပေးထားခဲ့တာပါ။🤐 ဒါကို အခွင့်ကောင်းယူပြီး ကိုယ့်အပေါ် အနိုင်ကျင့်ချင်ကြတဲ့အခါမှာတော့ ကိုယ့်ရဲ့ အားနာတတ်တဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်တွေဟာ သူတို့နဲ့ မထိုက်တန်ဘူးဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားရတယ်။😒 အားနာခြင်းနဲ့ ကိုယ်ချင်းစာတရားဆိုတာ စိတ်ထားမြတ်သူတွေရဲ့ လက်နက်ဖြစ်ပြီး ဒါကို အသုံးချပြီး အနင်းခံ၊ အနိုင်ကျင့်ခံဘဝမျိုးတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့၊ ကိုယ့်ရဲ့ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူနေသူတွေကို ကိုယ်က အ,လို့ ငြိမ်နေတာမဟုတ်ကြောင်း၊ အရာရာကို သိလျက်နဲ့ စောင့်ကြည့်နေတာဖြစ်ကြောင်း ပြတ်ပြတ်သားသား သတိပေးလိုက်ပါ 👍။.....✍#ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်မူဆယ်မြို့မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့MyanamrRescueMRJaSengMai #အဖွဲ့သူ☎️09976746178
Lamai - JaSengMai
Region: MM
Wednesday 21 October 2026 12:34:33 GMT
Music
Download
Comments
NAY ZAW :
ညီမရေးတဲ့စာအမှန်းတရားတွေပါ
2026-10-21 14:13:06
1
ဇော်ခင်.မူဆယ် :
မှန်တယ်သ္မီး👍👍👍ဦးတို့လည်းအဲ့ဒီအားနာတတ်တဲ့လူစားမျိုးထဲမှာပါတယ်🤗🤗🤗🤗🤗
2026-10-21 14:48:26
1
phyo_ᥫ᭡♡︎😻 :
2026-10-21 12:42:17
1
Mg Kid :
🥰🥰🥰🥰🥰🥰
2026-10-21 14:42:11
1
အပြုံးလေးရဲ့မမ :
ချစ်စရာလေး🥰🥰🥰🥰🥰🥰
2026-10-21 16:27:42
0
nwayhtoo6562 :
🥰🥰🥰
2026-10-21 13:19:19
0
Mai Nai Kyaw San :
🥰🥰🥰
2026-10-21 12:48:23
1
Thet Paing :
[Heart eyes][Heart eyes][Heart eyes][Heart eyes][Heart eyes][Heart eyes][Heart eyes][Heart eyes]
2026-10-21 12:43:50
1
🐉Toe Pyae Hlyan🐉🐉 :
[Heartwarming][Heartwarming][Heartwarming]
2026-10-21 12:47:31
1
𝑲𝒐 𝑨𝒖𝒏𝒈 𝑮𝒚𝒊(ယောသား) :
🥰🥰🥰
2026-10-21 12:46:44
1
Ko Saw (Nay Pyi Taw) :
🥰🥰🥰
2026-10-21 13:13:56
0
myomintun :
🥰🥰🥰
2026-10-21 13:47:33
1
To see more videos from user @myanmarrescue30, please go to the Tikwm
homepage.