@mommymoe27: "ငယ်ရွယ်တဲ့ဘေဘီလေးတွေဘာကြောင့်ခေါင်းအုံးမလိုသလဲ?" ဘေဘီလေးတွေဟာ သူတို့အသက်တစ်နှစ်ခွဲအရွယ်အထိ အိပ်တဲ့အခါ ခေါင်းအုံး အသုံးပြုဖို့ မလိုသေးဘူးလို့ ဆရာဝန်တွေက အကြံပြုထားကြပါတယ်။အကြောင်းရင်းတွေကတော့ ဘေဘီလေးတွေ အိပ်တဲ့အခါ ခေါင်းအုံးကြောင့် ဦးခေါင်းမြင့်နေမယ်ဆိုရင် (၁)အိပ်ပျော်နေစဉ် အသက်ရှူကြပ်စေနိုင်ပါတယ်။ (၂)SIDSလို့ခေါ်တဲ့ Sudden Infant Death Sydrome(ကလေးငယ်တွေအိပ်ပျော်နေစဉ်ရုတ်တရက်အကြောင်းမဲ့သေဆုံးခြင်း)ဖြစ်နိုင်ချေမြင့်မားစေပါတယ်။ (၃)ကလေးရဲ့ ကျောရိုးတစ်လျှောက်ကို ဒဏ်ဖြစ်စေပါတယ်။ (၄)Flat head sydrome လို့ခေါ်တဲ့ ခေါင်းအလွန်အမင်းပြားတာဖြစ်စေနိုင်ပါတယ်။ (၅)အိပ်ပျော်နေစဉ် မသက်တောင့်မသက်သာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်ခွဲအောက်ဘေဘီလေးကို ခေါင်းအုံး မသုံးပေးတာဟာ သူတို့အတွက် အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။ကလေးရော/လူကြီးတွေရော ခေါင်းအုံးမပါဘဲ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ (၁)နောက်ကျောနာကျင်တာကို ကာကွယ်ပေးပါတယ်။ (၂)အရိုးတွေကို စနစ်တကျဖွံ့ဖြိုးလာစေပါတယ်။ (၃)စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ (၄)သင်ယူနိုင်စွမ်းမှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ (၅)ကိုယ်နေဟန်ထားကို မှန်ကန်စေပါတယ်။ (၆)နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ (၇)ခန္ဓာကိုယ်က စွမ်းအင်ကိုမြှင့်တင်ပေးပါတယ်။ (၈)စိတ်ကျရောဂါဖြစ်ခြင်းကို ကယကွယ်ပေးပါတယ်။ (၉)ခန္ဓာကိုယ်ထဲက ဆဲလ်အသစ်တွေကို မွေးဖွားပေးပါတယ်။ (၁၀)ခေါင်းအလွန်အကျွံပြားတဲ့ပြဿနာကိုကာကွယ်ပေးပါတယ်။ (၁၁)အရေပြားဓာတ်မတည့်မှုပြဿနာလျော့နည်းစေပါတယ်။ ဒီလိုများပြားလှတဲ့အကျိုးကျေးဇူးတွေကြောင့် ဘေဘီလေးတွေကို တစ်နှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်အရွယ်အထိခေါင်းအုံး မသုံးပေးတာအကောင်းဆုံးဖြစ်ပါတယ်။တစ် ကယ်လို့ ဘေဘီလေးတွေက ညဖက်မှာ ချွေးထွက်တတ်တယ်ဆိုရင် သဘက်ပါး ဒါမှမဟုတ် ပိတ်စပါးလေးကို ခေါင်းအုံးအဖြစ် အသုံးပြုပေးလို့ရပါတယ်ရှင်။ (Ref:https/wwwyouaremom.com https/parenting.firstcry.com) ညနေမိုး(ကလေး) #Nynaymoe-Kalay
Nyanaymoekalay/ညနေမိုး(ကလေး)
Region: US
Wednesday 21 October 2026 15:52:11 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @mommymoe27, please go to the Tikwm
homepage.