@morning135790: #relatable #situationship #moveon

Somebody’s pleasure
Somebody’s pleasure
Open In TikTok:
Region: MM
Wednesday 21 October 2026 15:57:03 GMT
212573
15192
249
2385

Music

Download

Comments

mg.kaung0809
R Pa Larr Mg Kaung :
Somebody's pleasure
2026-10-26 01:17:43
0
k.h.i.n.06
𝐕ɪɴA :
ဘာလို့တစ်ဖက်လူကsituationshipထဲပိတ်ထားတာလဲဟင်သူ့ဘက်ကတကယ်မချစ်လို့လား
2026-10-21 16:28:00
57
hnin19115
saunghninphyu. :
သူတို့မချစ်တဲ့သူမို့ပါနော် သူတို့သာချစ်ရင်ပိုင်ဆိုင်ရဖို့ကြိုးစားမှာပါ အချိန်ကုန်မခံပါနဲ့
2026-10-21 16:59:29
794
morning135790
Somebody’s pleasure :
ဘယ်လို move on ကြလဲ pls help me
2026-10-21 15:59:00
207
rymeovv
M. :
situationship ထဲရောက်ရင် relationship ဖြစ်ဖို့ကမသေချာတော့ဘူးနော် trust me
2026-10-21 16:51:54
189
strongest.woman6
Pastless :
Situationship ကနေ ghost လုပ်ခံလိုက်ရလို့ အသံတောင်မထွက်နိုင်တော့ဘူး
2026-10-22 13:49:18
25
junejiniret
J :
ကိုယ်လဲတပုံစံထဲဖြစ်ဖူးတယ် စစချင်းတော့ သူ့ဘက်ကပဲသဘောကျတယ်လာပြောပြီး ကိုယ့်ဘက်ကပြန်ပြီးအရေးပေးတော့ စကားကောင်းကောင်းမပြောတော့ဘူး ငါကြိုက်တာပဲ သည်းခံလိုက်ပါ့မယ်ဆိုပြီး သူ့ဘက်က အရေးမလုပ်တာတွေကို မသ်ိချင်ယောင်ဆောင်ပြီး အရူးလိုပဲ တစ်ယောက်ထဲ လိုက်ကပ်ပြီးစကားပြောနေရတာ ကြာတော့ ကိုယ့်ကိုယ်ကိုတောင်ရှက်လာတယ် နောက်မှပြန်စဉ်းစားမိတာ ကိုယ့်ကိုမလိုလားတဲ့သူကို အဲ့လောက်ထိ ကပ်နေဖို့မလိုဘူးဆိုပြီး ရပ်လိုက်တော့တယ် ဒါမဲ့ သတိကတော့ရတယ် relationship ထက်ကို move on ရခက်နေတယ် 1 လလောက်ပဲစကားပြောခဲ့တဲ့ဆက်ဆံရေးကို🥲
2026-10-21 17:54:14
37
chill_outlol
chilloutlol :
Move မ on နိုင်ပါဘူးနော် သူတို့ အဲ့လိူ play dumb လုပ်လေလေကိုယ်က ပိုလိုချင်လာလေလေ ကျွန်မဆို 3နှစ်ရှိပါပြီး ဖွင့်ပြောတာတွေရော အကုန်လုပ်ခဲ့ပါတယ် သူက ကိုယ့်ကိုမလိုချင်လို့ တွန်းထုတ်လည်း က်ုယ့်အမှားတွေပါဆိုပြီး ကန်းတဲ့ အထိ ဖြစ်ခဲ့တာပါ သူ တခြား သူနဲ့ တွဲလည်း မုန်းမရပါဘူး ပြတ်တဲ့အထိ စောင့်ပြီး သူ့က်ုသုံးနှစ်နီးပါးကြာအောင် စကားသွားမပြော အဆက်အသွယ်မလုပ်ခဲ့လည်း ကိုယ့်စိတ်ကိုယ်မဖြေနိုင်လို့ စကားပြန်သွားပြောခဲ့ပါတယ် ဒါမဲ့လည်း same old story ပါပဲ အဲ့ကြောင့် LADIES STAND UP FOR YOURSELF ဘာလို့ဆိူ ကိုယ့်ကိုတကယ် မချစ် တကယ်မကြိုက်ပဲ ကိုယ်ပေးတဲ့ attention ကို ပဲကြိူက်လိူ့ဒီလို title မရှိတဲ့ ဆက်ဆံရေးတခု မှာထားထားတာပါ သူတို့တကယ်လိုချင်တဲ့သူဆိူ ဘာနေနေရအောင်လုပ်ပါတယ် ကိူယ်တွေ့မို့ပါ
2026-10-21 17:35:47
71
mai_00037
Mai 👩🏻‍🦰 :
ဘယ်လို move on လဲမေးလို့လေ ကိုယ်ဆိုရင် ၂ နှစ်ကြာ Situationship ထဲ ပိတ်မိနေခဲ့တာ …. အဲ့အချိန်ကတော့ သူဘာလုပ်လုပ် သူနဲ့ရှိနေရရင် သူနဲ့စကားပြောရရင်ကို ပျော်ခဲ့တာ …. သိကြမှာပါ Situationship သဘောကို … အချိန်တန်တော့လဲ ရင်ဝစုံကန်ခံကြရတာပဲ … move on တာတော့ အရမ်းခက်တယ် စားဖို့ အိပ်ဖို့ မေ့တဲ့အထိပဲ ထမင်းစာရင်း သူ့ကြောင်းတွေးမိလို့ ထမင်းလည်ပင်းမှာ နင်နေတဲ့အထိပဲ ထိန်းမရအောင်ငိုမိတာလဲ အကြိမ်ကြိမ် … ကိုယ်က သူများနဲ့မတူတာတခုက အရမ်းလိုက်ကပ်တယ် သူ့ဘက်က ငြင်းတဲ့ စကားလုံး စော်ကားတဲ့စကားလုံးတွေကို စိတ်ထဲ မှတ်ထားတာ … ခဏခဏ ကြားဖန်များလာတော့ စိတ်ဒဏ်ရာတခုလိုဖြစ်သွားတာ … ဒီစိတ်ဒဏ်ရာကြောင့်ပဲ အခုဆို သူ့ကို ရွံမုန်း မုန်းသွားတာ သူ့ကိုပြန်မလိုချင်တော့တဲ့အထိ … move on တာ ၉ လကြာတယ် ခုထိ move on နေရတုန်း …. သင်ခန်းစာကတော့ ကိုယ်ကောင်းပေးခဲ့တဲ့ 100 မှာ 10 တောင်ပြန်မရပါဘူး .. ပြန်ရပါစေဆိုတဲ့စိတ်နဲ့ပေးဆပ်ခဲ့တာမဟုတ်ပေမဲ့ ဒါတွေက စော်ကားခံရဖို့မှ မဟုတ်တာ …
2026-10-22 01:39:38
20
eiei30206
EIRA :
Situationship ကို 4နှစ်ကျော်ဖြတ်သန်းပြီး No contact 5လကျော်ထဲမှာ လူကသေမလ်ိုပါဘဲ အလဲလဲအပြို”နဲ့ တိုက်ဆိုင်မှုတွေရှိတိုင်း ငိုရတာအမော… သူကသူ့ဘဝနဲ့သူ stable ဖြစ်နေတဲ့အချိန် ကိုယ်ကတော့ စိတ်ထဲမှာဘဲ နွံနစ်နေတာမျိုးး တစ်ခြားသူတွေထက် ကိုယ့်အကြောင်းပိုအသိဆုံးမို့ မလုပ်ရက်ဘူးထင်ထားခဲ့ပေမဲ့ အထင်နဲ့လက်တွေ့ကတစ်ခြားစီပါဘဲ၊ဒါမဲ့အခုထိ စိတ်မနာသလို တစ်ရက်မှလဲ မေ့မရခဲ့ဘူးး ၊သူ့စိတ်ကြောင့်ဘဲ အလုပ်တွေပိုလုပ်တယ် ငါဘာမှဟူက်မနေလို့ ငါဘာအနေအထားမှ မရှိသေးလို့ သူမရွေးချယ်တာလိူ့ တွေးမိတိုင်း အလုပ်တွေ ဖိလုပ်တော့တာဘဲ…မေ့လဲမရခဲ့သလို မေ့ဖို့လဲ မကြိုးစားခဲ့ဘူး … ဝေးသောအရပ်မှာ အစစအရာရာ အဆင်ပြေပါစေကလေးရေ…အရမ်းချစ်ခဲ့တယ်ဆိုတာ မေ့မသွားရင်ရပြီ…🖤🐶
2026-10-21 18:22:03
19
its_myatphuekh
m. :
ကိုယ့်ကို မသေချာတဲ့အခြေအနေမှာထားထားခဲ့ပြီးအရင်လူနဲ့ပြန်တွဲသွားတယ် ဘယ်လိုတောင်ပြောရမလဲမသိပါဘူး
2026-10-21 17:28:43
12
hsuizme
🎐Hsu🎐 :
move on လိုက်ပါနော် အချိိန်တန်ရင်သူတိူ့တကယ်ကြိုက်တဲ့သူဆိူရင် ချက်ချင်းတွယကပ်ပီး rs ထိဖြစိအောင်ကြိုးစားတာပါ အစတည်းကတန်ဖိုးမထားရင်နောက်ဆိုပိုဆိုးဖိူ့ပဲရှိတယ် မိန်းကလေးတိူင်းအချစ်ခံရဖို့ထိုက်တန်တယ်နော် အစတောင်မကောင်းပေးနိင်တဲ့ယောကျာ်းမျိုးဆီမှာအချိန်ကုန််မခံပါနဲ့ရှင်
2026-10-21 17:21:42
12
xianyanggg
Xiannn :
အမလေး လက်လန်သွားတာတကယ်ကို ဟင်ဆိုပြီးပါဖြစ်သွားတဲ့ထိ သူပဲလာဆက်သွယ် ဖုန်းတွေဆက်ဘာညာနဲ့ SS 2လပေါ့နော် အဲ့တာ ခုတော့ သူအရင်ကတည်းက သဘောကျနေတဲ့ကောင်မလေးကိုပြန်လိုက်နေရှာပြီ No contactဖြစ်သွားခဲ့ပြီ အဆက်သွယ်ပြတ်တိုင်း သူပဲပြန်ပြီးစာလာပို့ခဲ့တာ တကယ်လက်လန်ပါပြီ
2026-10-21 17:04:48
7
mollyri1
张欣怡 :
rsကို တက်နိုင်ရင်တက်မတက်နိုင်တဲ့အရိပ်ယောင်တွေဆို ဖြတ်ချထားခဲ့လိုက်ပါ အကုန်blပီး ghost လိုက်ပါနော်
2026-10-21 23:38:40
16
xiao_ai123
小爱 :
အဆင့်တက်လို့ရရဲ့သားနဲ့ situationship က မတက်တာ မချစ်လို့ပါ နာကျင်ပြီးမှ သိရတဲ့ သင်ခန်းစာတွေ
2026-10-22 04:50:27
9
su111315
SuSu💕 :
ဘယ်လိုmove onလဲဆို ပုတီးကိုကျစ်ကျစ်ပါအောင်ကိုင်ရင်းပေါ့ မေတ္တာသုတ်ရွတ်ရင်းတောင်အသံတွေတုန်ပြီးမျက်ရည်ကျဖူးတယ် နောက်တယောက်ထားလိုက်ပါ အစားထိုးတာမဟုတ်ဘူးနော် သူ့ကိုပေးသလိုဂရုစိုက်မှုတွေ ကိုယ့်ကိုယ်ကိုအရင်ပေးလိုက် ပြီးရင်နောက်တယောက်ကိုမျှပေးလိုက်
2026-10-21 23:39:24
9
jadekim888
justawayfromstress📔 :
ကိုယ့်အတွက်မဟုတ်တဲ့လူတစ်ယောက်နဲ့တန်ဖိုးရှိတဲ့ကိုယ့်အချိန်ကိုအရမ်းဖြုန်းနေသလိုမခံစားကြရဘူးလားဟင် အဲလိုကောင်တွေကလေဒါမျိူးတွေကိုrsဘဝထပ်ပိုခုံမင်ပီးကိုယ့်ကိုအရူးလုပ်တတ်ကြပါတယ် ရှေ့လဲမတိုးသလိုဒီတိုင်းလေးပဲဆက်သွားပီးမလိုတော့ရင်အစားထိုးဖို့နောက်ထပ်အတည်တွဲမဲ့တစ်ယောက်ကိုရှာနေကြတာပါ ချစ်တို့ရယ်။ ကိုယ်တွေလဲမိဘတွေရဲ့တန်ဖိုးရှိလှတဲ့သမီးပျိုလေးတွေပါကွယ် အဲလိုကောင်တွေရဲ့လှည့်ကွက်တွေထဲပိတ်မိမခံပါနဲ့လား။
2026-10-22 03:10:15
9
aleona.suzen
Phoo Pyae Pyae Zaw :
situations ဆိုတာ တကယ်တော့ မပြတ်သားနိုင်တဲ့သူတွေအတွက် အတိတ်တွေနဲ့ခြောက်လန့်နေတဲ့ ငရဲတစ်ခုပဲ မတွဲလိုက်ရဘဲကို သေအောင်နစ်နေအောင်ခံစားရတာ
2026-10-21 21:00:51
6
cy_yati
Yatii :
တို့ကိုလည်း ကူကြပါလားရှင် move onမရဘူးလို့ စကားသွားပြောချင်တာ အသားတွေတောင် တဆတ်"တုန်တယ် ဟိုက အဖက်တောင်မလုပ်ဘူး
2026-10-21 17:24:32
6
kimsohyung78
Somie☕ :
သူတို့မချစ်လို့ပါ ချစ်ရင် ရအောင်ကြိုးစားပါတယ် ယောကျာ်းလေးဖြစ်"မိန်းကလေးဖြစ်"တကယ်မချစ်လ်ို့ အဲ့အခြေအနေမှာပဲ ထားထားတာပါ
2026-10-22 10:47:43
4
zonmemesoe
🦂Zunmi :
ဒီနေ့ပဲဖြတ်တောက်လိုက်ပြီ နာကျင်ကပါတယ်
2026-10-22 13:55:55
2
yoonmaythu328
𝐘𝗼𝗼𝐧 𝐌𝐚𝐲 𝐓𝐡𝐮 :
ဘာလို့တစ်ဖက်လူကsituationshipထဲပိတ်ထားတာလဲဆိုရင် သူ့ဘက်က နည်း"တောင်မချစ်လို့ပါ ကိုယ့်တွေ့ 😑
2026-10-22 15:58:48
2
simply_joying
simply_joying :
ကိုယ့်ကိုကျ အလုပ်မှာကံမကောင်းလို့ဆိုတဲ့စကားတစ်ခွန်းနဲ့ထားခဲ့သွားတာ အစတုနိးကတော့ငိုလိုက်ရယ်လိုက်ပေါ့ deleted acc ကိုစာတွေသွားပို့သေးတယ် အဲ့မှာဘာသိလိုက်လဲဆိုတော့ သူ seenပြပြီးစာပြန်လာမှာတအားအောင်ကြောက်တာ 🥹 အဲ့မှာပိုသေချာသွားတာ ဟာ ငါသူပြန်လာမှာကိုမလိုလားတာပဲဆိုပြီး မွန်းကြပ်ခဲ့ပြီး စိတ်ကလေးလံခဲ့တာလေသူနဲ့ပြောတုန်းက ပြီးသွားတာအရမ်းပျော်လို့ ပြန်လာမှာတအားကြောက်မိပါသော။ အဲ့လိုထားခဲ့နိုင်တယ်ဆိုကတည်းက သူ့စိတ်ထဲကိုယ့်ကိုတန်ဘိုးဘယ်လောက်ထားထားလဲသိနေရပြီကိုနော့ အဲ့တာတောင်နားလည်ပေးခဲ့သေးတာ😂
2026-10-22 16:35:41
1
zun.pwint.phyu262
Rêgìñã Züñ💫💫 :
ရှိပါတယ် ကျမပါ🥺 ကိုစာပို့ရင်တောင်စာမပြန်တော့တဲ့ rsတဲ့ သူလိုလားရင်ကို့ဆီစာပို့ဖုန်းဆက် မလိုရင် ချောင်ပိတ်ထား ကိုကရှေ့ဆက် ဘာလုပ်ကမှန်းမသိ💔 သူလိုအပ်မှသုံးဖို့ထားတဲ့နယ်ရုပ် သာသာ တစ်ခု😌😌
2026-10-22 11:22:19
2
liamszn69
liam szn :
သူဖြစ်စေချင်တာကလေ ကျတော့်ကိုလေကိုယ့်အသိစိတ်နဲ့ကိုယ်သူ့ဘဝထဲကနေထွက်သွားစေချင်တာ သိလား သူလုံးဝလူဆိုးအဖြစ်မခံဘူးဗျာ
2026-10-22 08:02:38
3
To see more videos from user @morning135790, please go to the Tikwm homepage.

Other Videos


About