@enosishoes2021:

Enosi Shoes
Enosi Shoes
Open In TikTok:
Region: HN
Wednesday 21 October 2026 18:57:22 GMT
1643
98
1
10

Music

Download

Comments

leiva_.98
E S M E🥥 :
Precio 😍😍😍😍😍😍
2026-10-21 20:47:22
0
To see more videos from user @enosishoes2021, please go to the Tikwm homepage.

Other Videos

ယောကျ်ားတိုင်းက လေးစားခံချင်ကြတာပေါ့။  အချစ်ခံရတာထက် လေးစားခံရတာကို  ပိုလိုအပ်တယ်လို့လည်း ပြောကြတယ်။  ဒါပေမဲ့ သူတို့တချို့ မသိကြတာက လေးစားမှုဆိုတာ  အလိုလိုရတာမဟုတ်ဘူး၊ ကိုယ့်အပြုအမူနဲ့  ရအောင်လုပ်ရတာ။  မိန်းမဆီကမှ မဟုတ်ဘူး လူတွေဆီက  လေးစားမူလိုချင်ရင်လဲ အဲ့လိုပဲ လူတွေ လေးစားလောက်အောင် ဘာတွေလုပ်ထားလဲ ကိုယ့်အကျင့်တွေက လေးစားစရာ ကောင်းနေလား? နေရင်းထိုင်ရင်း ကိုယ်လုပ်ချင်တာလုပ်၊ ပြောချင်တာပြော၊ နေချင်သလိုနေပြီး “ငါ့ကို လေးစားရမယ်” ဆိုပြီး အတင်းတောင်းလို့ရတာမှ မဟုတ်တာ။  မိန်းမတစ်ယောက်ကိုလေးစားပါလို့ ပြောတိုင်း  လေးစားမှုက ရလာမှာမဟုတ်ဘူး။ ကိုယ့်အပြုအမူနဲ့ မိသားစုအပေါ်ထားတဲ့စိတ်တွေကို မြင်ပြီးမှ လေးစားမှုဆိုတာ ဖြစ်လာတာ။ မိသားစုအတွက် ဘယ်လောက်တာဝန်ယူလဲ။  မိန်းမကို ဘယ်လောက်တန်ဖိုးထားလဲ။ အိမ်အလုပ်နဲ့ ကလေးကိစ္စတွေမှာ ကိုယ့်တာဝန်ကိုယ်ယူရဲ့လား။ မိန်းမပင်ပန်းနေတဲ့အခါ “ဒါက နင့်တာဝန်ပဲ” ဆိုပြီး မကြည့်ချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် သူ့ဘေးမှာ ရပ်ပေးတာလား။  စကားနဲ့ပဲ ချစ်တယ်ပြောတာလား၊ လုပ်ရပ်နဲ့ပါ ပြသလား။ မိန်းမတွေက အဲဒါတွေကို မမြင်ဘူးထင်နေတာလား။ မိန်းမတစ်ယောက်က “ငါ့ယောကျ်ားက ယောကျ်ားကောင်းတစ်ယောက်ပဲ၊ ငါ့ကိုလည်း တကယ်ချစ်ပြီး တန်ဖိုးထားတယ်” လို့ ယုံကြည်နေရင် သူ့ယောကျ်ားကို လေးစားမှုက အတင်းလုပ်ယူစရာမလိုဘဲ သူ့အလိုလို ရလာတတ်တယ်။  မိန်းမတွေက ချစ်ခြင်းမေတ္တာကို လိုတယ်ဆိုတာ မှန်ပေမယ့် ချစ်တယ်လို့ ပါးစပ်ကပြောတာလောက်နဲ့ မလုံလောက်ဘူး။ ဂရုစိုက်ပေးတာ၊ တန်ဖိုးထားတာ၊ အားကိုးလို့ရတာတွေကနေ ချစ်ခြင်းမေတ္တာကို ခံစားရတာ။ မိန်းမကို လျစ်လျူရှု၊ စကားနဲ့နာကျင်အောင်လုပ်၊ အိမ်နဲ့ကလေးကိစ္စအားလုံးကို သူ့တာဝန်လိုပစ်ထားပြီးမှ  “မိန်းမက ငါ့ကို မလေးစားဘူး” လို့ပြောရင်တော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဖို့လိုတယ်။  လေးစားမှုဆိုတာ ယောကျ်ားဖြစ်လို့  အလိုလိုရသင့်တဲ့အရာမဟုတ်ဘူး။  မိသားစုအပေါ် ကိုယ်ဘယ်လိုလူတစ်ယောက်ဖြစ်နေလဲဆိုတာနဲ့  ဆိုင်တယ်။ မိန်းမက ကိုယ့်ကို လေးစားစေချင်ရင် သူလေးစားလို့ရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်အောင် နေပါ။  “ငါ့ကို လေးစား” လို့ အမိန့်ပေးတာထက် မိန်းမက ကိုယ့်ကိုကြည့်ပြီး “ဒီလူက ငါ့မိသားစုအတွက် တကယ်ရပ်တည်ပေးတဲ့သူပဲ” လို့ ခံစားရအောင် လုပ်ပြပါ။  အဲဒီအခါ.... လေးစားမှုက တောင်းစရာမလိုဘဲ ရလာပါလိမ့်မယ်။ #MommyMayOo #Crd #fypシ #လေးစားမှု #ယောကျာ်းတိုင်းကိုမဆိုလိုပါဘူးနော်

About