@papakhin1: #သူခိုးများကို တွေ့ရှိသဖြင့် တားဆီးရာမှ အသက် (၂၃) နှစ်အရွယ် လူငယ် ကိုစွမ်းညီ ဓားဖြင့်ထိုးခံရကာ ကွယ်လွန် MyDay-၂၁ အောက်တိုဘာ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် (၃) လမ်းရှိ မုန့်ဆိုင်တစ်ဆိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက် နံနက်အစောပိုင်း (၁) နာရီခွဲခန့်က နေအိမ်အတွင်းသို့ ဝင်ရောက်ခိုအောင်းနေသည့် သူခိုးများကို အိမ်ရှင်လူငယ်က အိပ်ရာမှနိုးလာစဉ် ပက်ပင်းတိုးမိကာ တားဆီးရန်ကြိုးစားရာမှ ဓားဖြင့် ထိုးနှက်ခံရကာ အသက်ဆုံးရှုံးခဲ့ရသည့် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါ မုန့်ဆိုင်အတွင်းသို့ သူခိုးများ ဝင်ရောက်ခိုအောင်းနေစဉ် အိမ်ရှင်ဖြစ်သူ အသက် (၂၃) နှစ်အရွယ် လူငယ် ကိုစွမ်းညီမှာ အိပ်ရာမှနိုးလာရာမှ တွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မိသွားသည့်အတွက် သူခိုးများက အသက်အန္တရာယ် ပြုလုပ်ကာ လက်ပါလာသည့် ဓားဖြင့် ဝင်ရောက်ထိုးနှက်ခဲ့ကြခြင်းကြောင့် ကိုစွမ်းညီမှာ အခင်းဖြစ်နေရာတွင်ပင် အသက်ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်သည်။ ယင်းအပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၆၀) ဝန်းကျင်အရွယ် မိန်းမကြီးတစ်ဦးလည်း ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။ #myday
🎤 ( ပပခင် )🎤(official acc)
Region: US
Thursday 22 October 2026 01:27:04 GMT
Music
Download
Comments
Wathan Moe :
😭😭😭
2026-10-22 02:56:05
0
To see more videos from user @papakhin1, please go to the Tikwm
homepage.