@aou.boom78: AouBoom ကို GMMTV ဘက်က Concert အခွင့်အရေးပေးခဲ့ပေမဲ့ Aou က Boom ကြောင့် ငြင်းခဲ့တာဆိုတဲ့သူတွေကို မေးချင်တယ်။ နင်တို့ ဒီသတင်းကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ။ ဖေပုက နင်တို့ဆီလာပြောခဲ့တာလား။ သေချာမသိဘဲနဲ့ ဘာလို့ အဲ့လောက်အထိ ပြောနိုင်ရတာလဲ။ အစကတည်းက ဝင်မပါဘူးလို့ နေနေခဲ့ပေမဲ့ အခုတော့ ပြောရတော့မယ်။ Fancon ကို ဒီလောက်တောင် လိုချင်ခဲ့ကြတဲ့ ကောင်လေးနှစ်ယောက်က ဒီလိုအခွင့်အရေးမျိုး ရလာရင် တကယ်ပဲ လက်လွှတ်ခံမှာလား။ နင်တို့ကိုယ်တိုင် သေချာစဉ်းစားကြည့်ကြပါဦး။ အမှန်တရားကို မသိဘဲနဲ့ ကိုယ့်စိတ်ထဲထင်ရာကို အမှန်လို ပြောမနေကြပါနဲ့။ Ship ပျက်သွားမှ ပုံတွေတင်ပြီး ဝမ်းနည်းကြောင်းပြကြ၊ သူများတွေပြောသမျှကိုလည်း ကိုယ်တိုင်သေချာမစဉ်းစားဘဲ လိုက်ယုံကြနဲ့။ Boom က Introvert ဖြစ်တယ်ဆိုတိုင်း စင်ပေါ်မှာ မဖျော်ဖြေချင်ဘူးလို့ ဘယ်သူပြောလို့လဲ။ Introvert ဖြစ်တာနဲ့ ကိုယ့်အိပ်မက်တွေ၊ ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ရမယ်လို့ မဆိုလိုဘူးလေ။ Aou က နာမည်ကြီးတစ်ယောက် ဖြစ်ချင်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒါနဲ့ပဲ Boom ကြောင့် Concert ကို ငြင်းခဲ့တယ်လို့ နင်တို့ ဘာအထောက်အထားနဲ့ ပြောနေတာလဲ။ ဒီသတင်းကို ဘယ်သူက လာပြောခဲ့တာလဲဆိုတာပဲ သိချင်တယ်။ တကယ်လို့ တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ဘူးဆိုရင် ကိုယ့်ထင်မြင်ချက်ကို အမှန်တရားလို ဖြန့်မနေကြပါနဲ့။ ကိုယ်က Ship ပျက်သွားလို့ စိတ်မကောင်းဖြစ်နေရတာနဲ့တင် လုံလောက်နေပြီ။ အခုလို အတည်မပြုရသေးတဲ့ သတင်းတွေ၊ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတာတွေကို ထပ်မြင်ရတော့ ပိုပြီး စိတ်ပင်ပန်းရတယ်။ Aou နဲ့ Boom နှစ်ယောက်လုံးမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိကြတယ်။ သူတို့နှစ်ယောက် ဘာကြောင့် ဘယ်လိုဆုံးဖြတ်ခဲ့ကြတယ်ဆိုတာကို သေချာမသိဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် အပြစ်ပုံချမနေကြပါနဲ့။ သေချာမသိရင် မပြောကြပါနဲ့။ သတင်းမှန်မမှန် မသိဘဲနဲ့ ကိုယ်ချစ်ခဲ့ရတဲ့ နှစ်ယောက်ကို ကိုယ့်စကားတွေနဲ့ ထပ်မနာကျင်စေကြပါနဲ့။ Ship ပျက်သွားလို့ ဝမ်းနည်းနေရတဲ့သူတွေရဲ့ ခံစားချက်ကိုလည်း နားလည်ပေးကြပါဦး။
𝑯𝒂𝒚 || 𖤐𝓣𝓱𝓪𝓷𝓪𝓫𝓸𝓸𝓷
Region: MM
Thursday 22 October 2026 01:39:15 GMT
Music
Download
Comments
Eie Toe 💦 :
ဟုတယ်မရေ ပြောချင်နေတာ အခုလိုပြောပေးတာကျေးဇူးပဲမရေ အဲ့လိုသာဆို၂ယောက်လုံးအောင်မြင်မယ့်လမ်းတွေဆက်လျှောက်မာပေါ့အခုလိုလဲဖစ်လာမဟုဘူးလေ အခုအခွင့်ရေးဆိုတာ သူတို့အတွက်မျက်နှာသာမပေးခဲ့ဘူးလေ
2026-10-22 03:47:51
5
Ei Moe Thet :
တကယ်သာအဲ့လိုပေးခဲ့ရင်ကလေး၂ယောက်ကအကောင်းဆုံးကြိုးစားခဲ့မှာ လုံးဝလက်လွှတ်ခံခဲ့မှာမဟုဘူး အခွင့်ရေးမပေးခဲ့လို့အခုလိုဖြစ်ခဲ့ရတာ🥺🥺🥺
2026-10-22 05:59:19
0
ABပြန်လာခဲ့နော(19.10.2026)💛💜 :
ဟုတ်တယ်ပြောပြပေးပါအုန်း
2026-10-22 01:49:19
1
Zün🍁 :
သူတို့တွေ အလကားနေ အာချောင်ဖို့ပဲ
2026-10-22 03:12:27
0
Cherry Theint :
အာ့အ ေကြာင်းကိုတော်တော်သိချင်နေတာဘယ်သူ့စီကကြားခဲ့တာလဲပေါ့အတည်မဟုဘဲတင်ရင်တျောက်နဲ့တျောက်နားလည်မူ့တေလွဲကုန်ကြတော့မှာ
2026-10-22 06:28:30
0
To see more videos from user @aou.boom78, please go to the Tikwm
homepage.