@hope_youth_empowerment: မပြည့်စုံတဲ့ မိသားစုကနေ မွေးလာခဲ့ရင် ကိုယ့် အလှည့်မှာ အရာရာကိုပြောင်းလဲဖို့ ၊ ငွေတွေအများကြီးရှာနိုင်ပြီး ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်လာဖို့အတွက် ` Plan ´ Part 1 ------------------------------------ အစ်မလုပ်ခဲ့တဲ့အတိုင်း Plan ချပေးပြီးတော့ လိုအပ်တာတွေကိုအကြံပေးသွားပါမယ်။ အတိအကျ မဟုတ်ပဲနဲ့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီမယ်လို့ခံစားရတာကိုရွေးချယ်ပြီးအသုံးချပါ။ အရင်ဆုံးသိထားသင့်တဲ့အရာ တစ်ချို့ကို ပြောပြပေးချင်ပါတယ်။ လိုအပ်ချက်များတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုးပြီးလုပ်ချင်တာတွေအားလုံးလုပ်နိုင်ဖို့ဆိုရင် (1) အချိန်လိုမယ်။ 📈 အစ်မတုန်းက သုံးနှစ်လောက်ကြိုးစားပြီး လေးနှစ်လောက်မှ ရလဒ်စမြင်ရတာ။ထိန်းသိမ်းနိုင်ဖို့နောက်ထပ်သုံးနှစ်ကြာတယ်။ (2) ဇွဲလိုမယ်။ 📈 အပေါ်မှာပြောသလိုပဲ အချိန်ယူပြီး ကြိုးစားရတဲ့အရာမို့လို့ မဖြစ်နိုင်တော့ဘူး။မလုပ်ချင်တော့ဘူး။ရပ်ပစ်လိုက်ချင်ပြီ။ပင်ပန်းလာပြီဆိုတဲ့ခံစားချက်တွေ ဘယ်နှစ်ရက် ၊ ဘယ်နှစ်ခါမှန်းမသိအောင်ခံစားရလိမ့်မယ်။ ကြိုးစားနေပေမယ့် ဘာမှမဖြစ်လာဘူးလို့ခံစားရတဲ့ရက်တွေလည်းရှိလိမ့်မယ်။ အဲ့တာတွေကို ဇွဲရှိရှိနဲ့ရင်ဆိုင်မှဖြစ်မှာ။ တစ်ခုခုကို စလုပ်ရတာကလွယ်လွယ်လေး။ ရေရှည်လုပ်ရတာက အခက်ဆုံးပဲ။ (3) မလုပ်ချင်လည်း လုပ်ရမယ် ။ 📈 တစ်ချို့ရက်တွေကျတော့ ပင်ပန်းလွန်းတယ်လို့ခံစားရပေမယ့် နားလို့မရတာမျိုး။ ရပ်ပစ်လို့မရတာတွေ ၊ စိတ်မပါတဲ့ရက်တွေရှိနိုင်တယ်။ အရေးမကြီးဘူး။ စိတ်မပါလည်းလုပ်ရမယ်။ ဒီသုံးချက်ကို သိထားပြီး Ready ဖြစ်ပြီဆိုရင် ဆက်ပြီးတော့ ဖတ်လို့ရပြီ ။ Plan ရဲ့ အရေးအကြီးဆုံးနဲ့ ပထမဆုံးအဆင့် 📍 --------------------------------------------- * စိတ်ဓာတ်ကို အရင်ပြင်မယ်။ * အစ်မ ဒဲ့ပဲပြောပြမယ်နော်။ လိုအပ်လို့အမှန်အတိုင်းပြောပြတာ။ အစ်မ မှမပြောရင် ဘယ်လိုသိမလဲ။ အဲ့တော့ Personal Feeling တွေမပါကြေး။ မကြိုက်ဘူးဆိုရင် ကျော်သွားပေး။ တစ်ခါတစ်လေကျရင်ကွာ... ကိုယ့်မိသားစုတွေက ဟိုးအရင်ကတည်းကမပြည့်စုံတာဆိုပါစို့။ အဲ့တော့သူတို့ကြီးပြင်းလာတဲ့ပုံစံနဲ့ ၊ သူတို့သင်ယူခဲ့ရသလောက်ပေါ်မူတည်ပြီး စိတ်ခံယူချက်တွေကမတူကြဘူး။ အစ်မ အမေဆိုရင် ဝန်ထမ်းတစ်ယောက် ။ ဝန်ထမ်း ဘဝရဲ့အပြင်ဘက်မှာဘာရှိလဲသူမသိဘူး။ ဘာလုပ်ရမလဲ လည်း သူမသိဘူး။ အဲ့လို Circle မှာပိတ်မိလို့ပိတ်မိမှန်းမသိတာရယ် ၊ ဘဝအခြေအနေကြောင့်ရယ် သူလက်ရှိရောက်နေတဲ့ဘဝမှာ နေသားကျနေတာ။ တစ်နည်းပြောရင် ငွေကြေး ကိစ္စ ပူပင်ရတာ ၊ မပြည့်စုံတာ ၊ ငွေကြေးကြောင့် အမျိုးတွေဆီက အနှိမ်ခံရတာ ၊ မျက်နှာငယ်ရတာ စသည်ဖြင့်ပေါ့နော် ။ အားလုံးနဲ့နေသားကျနေတော့ တစ်ခုခုဆို ရုန်းထွက်မယ့်အစား Vict_im mindset နဲ့ပဲတွေးတယ်။ အဲ့ထက်ပိုပြီးသူမလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူယုံကြည်နေရော။ ( ဒါအပြစ်ပြောတာမဟုတ်ဘူးနော်။ အစ်မနောက်ပိုင်း အသက်ကြီးလာမှမြင်လာ မှနားလည်လာတဲ့အရာ) အဲ့တော့ အစ်မလည်းအဲ့ပုံစံအတိုင်းကြီးလာတာပဲ။ မိဘကပေးတဲ့ စိတ်အခြေအနေကို လက်ခံယူလာမိတယ်။ တစ်ခုခုဆို ငါတော့မတတ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မလုပ်နိုင်ဘူး။ ဒါတွေကငါနဲ့မဆိုင်တဲ့အရာတွေဆိုပြီး အစ်မပါလိုက် ယုံ မိရော။ လူဆိုတာ ကိုယ်ယုံကြည်တဲ့အတိုင်းကိုယ်ဖြစ်လာတာပဲလေ။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့ မမျှတ တာတွေမြင်လာတယ်။ သိလာတယ်။ မေးခွန်းတွေစမေးလာတယ်။ မခံမရပ်နိုင်တွေဖြစ်လာတယ်။ အဲ့ဒီ့အချိန်ရောက်မှ ` ငါယုံကြည်မိနေတာတွေက မှားနေပါလား။ ´ ဆိုပြီးသိလာတာ။ ဒီတော့ပြောချင်တာက ကိုယ့်မိသားစုကလည်းအဲ့လိုမျိုးဖြစ်နေတယ်။ ကောင်းတဲ့အရာတွေ ၊ စျေးကြီးတာတွေက ကိုယ်နဲ့မဆိုင်ဘူး။ ငါတို့က ဒါတွေမတတ်နိုင်ဘူး။ ဒီအခြေအနေမှာပဲနေရမှာ တို့.... စသည်ဖြင့် အဲ့လိုမျိုးတွေယုံကြည်နေတယ်ဆိုရင် - သူတို့စိတ်ကိုသွားပြောင်းလဲလို့မရဘူး။ သူတို့ကလူကြီး။ သူတို့ထင်တဲ့အတိုင်းပဲသူတို့နေကြမှာ။ လွှတ်ထားလိုက်။ပင်ပန်းမယ့် ကိစ္စတွေမလုပ်နဲ့ ။ - လုပ်လို့ရတာက ကိုယ့်စိတ်ကိုတော့ပြောင်းလို့ရတယ်။ မတတ်နိုင်ဘူးဆိုတဲ့စကားကြားရပြီဆို စိတ်ထဲမှာအဲ့တာကိုလက်မခံနဲ့ ။ ငါအခုတော့မတတ်နိုင်သေးတာ ။ ဒါပေမယ့် တစ်ချိန်ကျ ငါ ရ နိုင်တယ်။ ငါလုပ်နိုင်တယ်။ ဖြစ်ကိုဖြစ်မှာ လို့ပြောင်းတွေး။ ဘာလို့စိတ်ကိုအရင်ပြောတာလဲဆိုတော့ အရာရာက စိတ်က စလို့ပဲ။ တစ်ချို့မထင်ထားတဲ့အခြေအနေတွေမှာ စိတ်ခွန်အားကြောင့်လုပ်နိုင်တာတွေလည်းရှိတယ်။ အစ်မကတော့စိတ်မှာ စွမ်းအင်ရှိတယ်လို့ယုံတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း ကိုယ်ဖြစ်လာမှာလို့လည်းယုံတယ်။ ဒါကြောင့် အစ်မအရည်အချင်း ၊ အိမ်မက် နဲ့ပတ်သက်လာရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို သံသယ ဝင်တဲ့စကားမပြောဘူး။ လုပ်နိုင်တယ်လို့ပဲယုံထားလိုက်တယ်။ နည်းနည်းတော့ခက်ခဲပေမယ့် အစ်မကြိုးစားသမျှ 90% လောက်က တစ်ကယ်ဖြစ်လာတာတွေကြီးပဲ။ အဲ့တော့ စိတ်ကိုအရင်ပြင်။ Mindset က Ready မဖြစ်သေးရင် ဘာမှစလုပ်လို့မရဘူးနော်။ ဒီနေ့ကတော့ Plan ရဲ့ ပထမဆုံးအဆင့်ကိုပြောပြလိုက်တာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကို သိချင်တယ်ဆိုရင်တော့ Cmt မှာ ( 2 ) လို့ ရေးခဲ့ပါ။ 👇 အကျိုးရှိတယ်လို့ခံစားရရင် ❤ ပေးပြီး Share သွားဖို့မမေ့နဲ့ဦးနော်။
HOPE- youth empowerment
Region: TH
Wednesday 28 October 2026 05:30:00 GMT
Music
Download
Comments
Nwe Moht Thu :
Thank you so much. 2🥰
2026-11-01 08:03:40
0
Victoria.Christine :
အစ်မစကားထဲမှာ ညီမကို အသိတရားထိထိမိမိဝင်စေတာက အစ်မအရည်အချင်း အိပ်မက်နဲ့ ပတ်သတ်လာရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို သံသယဝင်တဲ့စကားမပြောဘူးဆိုတာပဲ။ ညီမက မဖြစ်နိုင်ပါဘူး ခေတ်တွေက AI တွေအရမ်အစားထိုးနေတာ ။ ငါ့ career ကိုဆက်သွားရင် ငါ့အိပ်မက်လိုဖြစ်မှာမဟုတ်ဘူးဆိုပြီး အမြဲလိုလိုတွေးမိနေတာ ။ အဲ့လိုတွေးမိအောင်လည်းအကြောင်းအမျိုးမျိုးက အခုအခြေအနေမှာ လာဖြစ်နေတော့စိတ်ကလျော့ချင်လာရော
2026-10-28 13:22:58
21
❤🔥 𝐇𝐒𝐔 💕 :
အမပြောတာ မှန်ပါတယ် ။
ကျွန်တော့အသက် 18
ကျွန်တော့ အသက် 16 နှစ်က ဆရာမကပြောတယ်။ နင်တို့ ကျောင်းမပြီးရင် တစ်လ 3 သိန်းနဲ့အလုပ်လုပ်ရမာ ပင်ပန်းဆင်းရဲပီးတော့ စားဖို့အနိုင်နိုင်ဖြစ်နေမာတဲ့။ ကျွန်တော့ အသက် 17 နှစ်မှာ G10 စနစ်သစ်နဲ့ ကျောင်းထွက်ခဲ့တယ် ။ လုပ်ငန်းခွင်စဝင်တော့ ပညာဆုံးခန်းမတိုင်ခဲ့လို့ အရောင်းဝန်ထမ်းဖြစ်ပြီး 2 သိန်းခွဲပဲရတယ် ။ သူငယ်ချင်းကပြောတယ် စျေးကြီးတဲ့ပစ္စည်းတွေဖုန်းတွေတွေ့ရင် ငါမဝယ်နိုင်ပါဘူးကွာဆိုပြီး ။ ကျွန်တော်လည်း အဲ့လိုတွေးခဲ့ပြီး ကျွန်တော်လည်း အဲ့ကစပြီး စျေးပေါတာတွေပဲ ကြိုက်ခဲ့တယ်။ နောက်တော့ ကျွန်တော့ နားလည်သွားပြီး စိတ်ဓာတ်ကို ပြင်လိုက်တယ် ။ အရည်အသွေးကောင်းတာကို ရွေးတယ် စျေးမကြည့်ဘူး။ အဲ့အတွက် ကုန်ကျသလောက်ကို ရှင်းနိုင်အောင်ရှာတယ် ။ အဲ့မာ ကျွန်တော်ကိုယ်ပိုင်အရည်အချင်းနဲ့ ဝင်ငွေလမ်းကြောင်းတွေကို တွက်ကြည့်တော့ ကျွန်တော်က Video Editing ပိုင်းမှာ အားသာတယ် ။ ပြီးတော့ ဝင်ငွေလမ်းကြောင်းတစ်ခုပဲ ရှိပြီး လကုန်မှရမယ့် လစာကိုမျှော်နေရတယ်။ နေ့တိုင်း ၁ သောင်းထက်ပိုမသုံးမိအောင်ကြိုးစားနေရတယ် ။ မိဘအိမ်ပေါ်က ဆင်းလာတာ နှစ်လရှိပြီ ။ ထမင်းမဝတာ နှစ်လရှိပီ ဒါပေမယ် ့ အခု ဒီလမှာ ကျွန်တော့ ဝင်ငွေပြောင်းလဲ သွားပြီ။ ကျွန်တော် တစ်လကို 10 သိန်းအထက်မှာ ရနေပြီ။ ဆယ်တန်း မအောင်ဘူး ။ ပိုက်ဆံအရင်းနှီးမရှိဘူး ။ ကျွန်တော် လုပ်ခဲ့တာဆိုလို့ နေ့မအိပ်ညမအိပ် ကြိုးစားပြီး Editing ကိုလေ့လာတယ် ။ အပျော်တွေကို ပစ်ပြီး အလုပ်ကိုဇွဲရှိရှိစိတ်အားထက်သန်စွာလုပ်တယ် ။ ကျွန်တော် ကျောင်းထွက်ခဲ့တာ ၈ လပဲ ရှိပါသေးတယ်။ အခု ကျွန်တော့်အသက် ၁၈ နှစ်မှာ ငွေကြေးအရင်းအနှီးမရှိပဲ ဘွဲ့လက်မှတ်မရှိပဲ တစ်လ ဆယ်သိန်းကျော်ရပြီး ရပ်တည်နိုင်နေပြီ။
2026-10-30 18:02:32
19
Seoyeon 서연 :
2
2026-10-31 08:38:02
0
Khaing :
2[Embarrassed]
2026-10-29 22:22:36
0
khaingsanay :
part 2
2026-10-29 18:50:06
0
Thu Zar naing :
ခက်တယ်အစ်မရယ် မိဘတွေက ဒီထဲပဲပိတ်မိနေတော့ သားသမီးတွေကိုလည်း ဒီထဲပဲဆွဲခေါ်နေတယ် တစ်ခြားလမ်းအကြောင်းပြောရင်ကို မသေချာမရေရာလျှာပေါ်ဝဲစကားတွေလျှာပေါ်ဝဲအလုပ်အကိုင်တွေတဲ့🥺
2026-10-28 11:40:39
8
Hope :
သားကြိုးစားသွားမယ် အမျိုးတွေထဲမှာ ဘယ်သူနဲ့မရောက်ဖူးတဲ့နေရာ မသွားဖူးတဲ့နိုင်ငံတွေ မရဖူးတဲ့ရာထူးတွေကိုရအောင်ယူပြမယ်
2026-10-29 00:07:54
6
🇲🇲 Hnin 🇸🇬 :
2ပါမမရေ
2026-10-30 04:59:34
0
@Alena ☘️ :
ကျေးဇူးပါ2
2026-10-29 13:43:09
0
Tiny(ပေါက်စလေး) :
2ပါအမ
2026-10-29 12:49:51
0
လူချော :
ကျေးဇူးပါ. 2
2026-10-29 13:21:11
0
Thandarpoepoe :
အဆက်
2026-10-31 00:33:41
0
Daw Wi :
2
2026-10-29 16:19:36
0
lavender hhw :
2
2026-10-31 16:31:44
0
Hnin :
part 2💜
2026-10-29 02:05:01
0
SaRa :
2
2026-10-30 13:00:45
0
🐣🙈Hnin That Yi🐥🐣🙈🙊 :
2ပါမမရေ😊
2026-10-29 06:04:08
0
Su Htoo Wai :
2ပါရှင်
2026-10-29 03:15:13
0
@Myat MOe Lwin :
2ကိုသိချင်ပါတယ်ရှင့်
2026-10-30 02:11:25
0
LADY LONE :
plan2
2026-10-28 15:13:01
0
Yin Hmwe🌺✨🌟🍀 :
2 သိချင်ပါတယ်ရှင့်
2026-10-29 06:22:13
0
Mirae :
part 2လေးလိုချင်ပါတယ်ရှင့်
2026-10-29 07:12:35
0
Ei May :
2ကိုသိချင်ပါတယ်အမ
2026-10-29 12:52:01
1
𝒀𝑴⋆ :
plan2
2026-10-28 15:21:42
0
To see more videos from user @hope_youth_empowerment, please go to the Tikwm
homepage.