@zayartbz7.1: ပြည်သူများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲသတ်ဖြတ်ပြီး အတုအယောင်ရွေးကောက်ပွဲဖြင့် နိုင်ငံတကာတွင် လူရာဝင်ရန် စစ်အုပ်စုက လိမ်လည်လှည့်ဖြားနေမှုကို သတိပြုကြရန် သံအမတ်ကြီးဦးကျော်မိုးထွန်း သတိပေး ရန်ကုန်၊ အောက်တိုဘာ ၂၁ မြန်မာပြည်သူများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲသတ်ဖြတ်ပြီး အတုအယောင်ရွေးကောက်ပွဲဖြင့် နိုင်ငံတကာတွင် လူရာဝင်ရန် စစ်အုပ်စုက လိမ်လည်လှည့်ဖြားနေမှုကို သတိပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။ အောက်တိုဘာလ ၂၀ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) ၏ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေ (Situation of Human Rights Defenders) ဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့သတိပေးပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်အုပ်စုသည် အရပ်ဘက်ရပ်ဝန်းကို စနစ် တကျ ဖျက်ဆီးနေကြောင်း၊ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် အတုအယောင်ရွေးကောက်ပွဲများ စီစဉ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ အစီအစဉ်အားလုံးသည် လိမ်လည်လှည့်ဖြားမှုသာဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်အုပ်စု၏ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ကွပ်မျက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးမှုများ ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် စစ်အုပ်စုသည် အဆင့်မြင့် ဒစ်ဂျစ်တယ်ထောက်လှမ်းရေး နည်းပညာများကို သုံး၍ အရပ်ဘက်လူမှုအသိုက် အဝန်းနှင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား ခြေရာခံ၊ ခြိမ်းခြောက်၊ အွန်လိုင်းမှတစ်ဆင့် စော်ကားတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သူက ထောက်ပြသည်။ စစ်အုပ်စုက နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူများ အသက်အိုးအိမ် ပျက်စီးနေသည့်ကြားမှ အတုအယောင်ရွေးကောက်ပွဲများ ပြုလုပ်ကာ နိုင်ငံတကာတွင် တရားဝင်အုပ်ချုပ်ရေးအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းကြောင်း၊ အဆိုပါ လုပ်ရပ်မှာ "လိမ်လည်လှည့်ဖြားမှုသာဖြစ်သည်မှာ ရှင်းလင်းမြင်သာသည်" ဟု ဦးကျော်မိုးထွန်းက ဆိုသည်။ ဒီမိုကရေစီအင်အားစုများအနေဖြင့် စစ်အုပ်စု၏ ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန် ခံမှုရှိလာစေရန် စနစ်တကျ မှတ်တမ်းတင်ခြင်း၊ တိုင်ကြားရေးယန္တရားများ တည်ဆောက်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေကြောင်း၊ မိမိတို့၏ အန္တိမရည်မှန်းချက်မှာ တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့သည် အလွန်အရေးကြီးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ စိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်ပြီး စစ်အုပ်စုအပေါ် တာဝန်ခံမှုရှိလာစေရန် အထောက်အကူပြုနိုင်မည်နည်းဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်ခဲ့သည်။@user32904296903 @Zayar TBZ 5 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ပြည်တွင်းသတင်း ##မြန်မာသတင်းများ

ZayarTBZ 7.1News🍉
ZayarTBZ 7.1News🍉
Open In TikTok:
Region: TH
Thursday 22 October 2026 02:40:49 GMT
5024
350
3
4

Music

Download

Comments

oophyu75
Oophyu :
ဘာပြောနေလည်းမကြာချင်ဘူး
2026-10-22 03:13:43
0
user076484349
kyaw kyaw :
2026-10-22 06:52:34
0
kyu.kyu5607
Kyu Kyu,👑👑👑 :
👏👏👏
2026-10-22 02:50:02
0
To see more videos from user @zayartbz7.1, please go to the Tikwm homepage.

Other Videos


About