@dr.nanmay_skin101myanmar: Skincare လိမ်းရုံနဲ့ မှဲ့ခြောက် ပျောက်နိုင်လား? မှဲ့ခြောက်တွေ ပျောက်ဖို့ အတွက်ဆိုပီး အမည်းစက်ပျောက် ခရင်မ်တွေ၊ Skincare တွေ ဝယ်လိမ်းရင်း ပိုက်ဆံတွေသာ ကုန်သွားတယ်၊ တကယ် မပျောက်လို့ စိတ်ညစ်နေပြီလား? တည့်တည့်ပြောရရင် မှဲ့ခြောက် (Freckles သို့မဟုတ် Sun spots) တွေကို Skincare ဒါမှမဟုတ် လိမ်းဆေးတွေ သက်သက်တည်းနဲ့ ရာခိုင်နှုန်းပြည့် လုံးဝ အမြစ်ပြတ် ပျောက်ကင်းသွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Skincare ရဲ့ အကန့်အသတ်: မှဲ့ခြောက်ဆိုတာ နေရောင်ခြည်ကြောင့် အရေပြားထဲမှာ မယ်လနင် (Melanin) အရောင်ခြယ်ဆဲလ်တွေ အခဲလိုက် စုပုံသွားတာပါ။ Vitamin C, Alpha Arbutin, Tranexamic Acid နဲ့ Retinol လို ပါဝင်ပစ္စည်းတွေဟာ အပေါ်ယံက အရောင်ကို 'ဖျော့' သွားအောင်နဲ့ အသစ်ထပ်မထွက်လာအောင်ပဲ တားဆီးပေးနိုင်ပါတယ်။ အမြစ်ပြတ် ပျောက်ကင်းသွားအောင် မလုပ်နိုင်ပါဘူး။ အထိရောက်ဆုံး ဖြေရှင်းနည်း: လုံးဝ ကင်းစင်ချင်ရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး လေဆာ (ဥပမာ - Pico Laser, Q-Switched Nd:YAG Laser) ပစ်မှသာ ရပါမယ်။ လေဆာကသာ အရေပြားထဲမှာ စုပုံနေတဲ့ အမည်းခဲတွေကို အမှုန်လေးတွေဖြစ်အောင် ဖြိုခွဲပေးနိုင်ပြီး အမြန်ဆုံး ပျောက်ကင်းစေနိုင်တာပါ။ မပါမဖြစ် အရေးအကြီးဆုံးအရာ : လေဆာပဲ ပစ်ပစ်၊ အကောင်းစား Skincare တွေပဲ လိမ်းလိမ်း နေ့စဉ် နေလောင်ကာခရင်မ် (Sunscreen) ကို အပြင်မသွားခင် လက် (၂) ဆစ်စာ ပြည့်အောင် လိမ်းပေးဖို့လဲ အရေးကြီးပါတယ်။ မှဲ့ခြောက်အတွက် Sunscreen က အသက်ပါပဲ။ Skincare ဆိုတာ မှဲ့ခြောက်ကို မှေးမှိန်စေဖို့နဲ့ ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။ လိမ်းဆေးတွေချည်းပဲ အားကိုးပြီး ပိုက်ဆံအကုန်ခံနေမယ့်အစား၊ လေဆာကုထုံးနဲ့ တစ်ခါတည်း သေချာ ရှင်းလင်းလိုက်တာက ငွေကုန်ကြေးကျ ပိုသက်သာပြီး ရလဒ် ပိုသေချာပါတယ်။ ဒါပေမဲ့ ပြန်တော့ ဖြစ််တတ်ပါတယ်နော်။ #aestheticclinicmyanmar #skin101myanmar #freckles #sunspots #drnanmay

Dr. Nan May
Dr. Nan May
Open In TikTok:
Region: SG
Thursday 22 October 2026 03:33:21 GMT
18949
699
14
39

Music

Download

Comments

eidardarkhine5
eidardarkhine5 :
ဆရာမ Adapalene 1ရက် Byzoleperoxide 1ရက် Azelicacid 1ရက် ရက်ခြားပြီးလူးလို့ရလားရှင့်
2026-10-22 04:11:04
0
desi73367
💕may💞 :
လေဆာပစ်ပြီးရင်အသားရေမညီတာမျိုးရောရှိလားရှင့်
2026-10-22 15:16:44
0
l0v3y0uu222
Ƙãťɛ💞 :
အာ့ဆိုဘယ်လောက်လောက်ကုန်နိုင်လဲရှင့်
2026-10-22 04:27:26
1
popoi070
가을 5월🍀❄️❄️❄️ :
Dr.ရှင့် မျက်နှာကအရေပြားအရမ်းပါးတယ်ပြီးရင်အမဲလေးတွေပေါ်ပေါ်တက်တယ်စပ်လည်းစပ်တယ်ရှင့်ဘာမျက်နှာသစ်ဆေးသုံးသင့်လဲရှင့်ခြောက်လည်းခြောက်ပါတယ်ရှင့်
2026-10-22 10:10:41
0
.hnin.nu.zin
သားသုံးမွှာမေမေ Hnin Nu Zin :
လေဆာပစ်ပြီး ချိုင့်ခွက်လေးဖြစ်နေတာပြန်ပြည့်ပါ့မလားရှင့်🥰
2026-10-22 04:50:36
0
khinthandar8360
ဦးထွန်းဝင်းသမီး :
@theintthidahlaing skin care လိမ်းရင် မှဲ့ခြောက် ထပ်မပွားဘူးတဲ့ 🥰🥰
2026-10-22 13:00:08
1
sgggdy5
maei :
🥰🥰🥰
2026-10-22 10:11:58
1
zin.min.oo2360
Zin Min Oo🦄💞 :
🥰🥰🥰
2026-10-22 05:06:49
1
win180021
Win💞💞 :
🥰🥰🥰
2026-10-22 13:47:12
1
To see more videos from user @dr.nanmay_skin101myanmar, please go to the Tikwm homepage.

Other Videos


About