@chitthat9685432: ကျွန်မမှာ ယောကျ်ားလေးယောက်ရှိပါတယ်... #ပထမဆုံးယောက်ျားကြီးက ဘာသာရေးသမားပါ...။ #ဒုတိယယောကျ်ားက ပညာတတ်တစ်ယောက်ပါ သူက ကျွန်မရဲ့လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာမှာ တော်တော်အဖေါ်ရတဲ့ ယောကျ်ားပါ...။ #တတိယယောကျ်ားကတော့ သူဋ္ဌေးတစ်ယောက်ပါ ကျွန်မရဲ့လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သည် များကို အများဆုံးပံ့ပိုးကူညီနေသူပါ...။ #စတုတ္ထယောကျ်ားအငယ်ဆုံးလေးကတော့ အလွန်ချောမောလှပလွန်းတဲ့သူတစ်ယောက်ပါ ယောကျ်ားလေးယောက်ထဲမှာ သူ့ကို ကျွန်မအချစ်ဆုံးပါ... ကျွန်မဘယ်သွားသွား ဘာလုပ်လုပ် သူကကျွန်မအပါး အမြဲခေါ်ထားသူလေးပါ...။ ဒုတိယနဲ့ တတိယ ယောက်ျားတွေကလဲ ကျွန်မကဂရုတစိုက် နဲ့ ချစ်ရသူတွေပါ...။ ဒါပေမယ့် ပထမယောက်ျားကြီးကတော့ အေးဆေးတည်ငြိမ်လွန်းသူမို့ တစ်ခါတစ်ခါ ရှိတယ်လို့တောင် မထင်မိတဲ့ ကျွန်မဂရုမစိုက်မိဆုံး ယောကျ်ားပါ...။ တစ်နေ့ မထင်မှတ်ဘဲ ကျွန်မရောဂါဝေဒနာတစ်ခု ဆိုးဆိုးဝါးဝါး ခံစားရပါတယ် အိပ်ရာထဲနေရင်း လှုပ်လိုက်တာနဲ့ သေမလောက်နာကျင်ရတဲ့ဝေဒနာကို ခံစားနေရတာပါ...။ ဒါနဲ့ သုံးရက်မြောက်နေ့မှာ ကျွန်မကိုယ်ကျွန်မသေလူအဖြစ်သတ်မှတ်မိလိုက်ပါတော့တယ်...။ ထိုအချိန်မှာ ကျွန်မရဲ့ ယောက်ျားလေးယောက်လုံး ကျွန်မအနားမှာ ဝိုင်းနေကြပါတယ် အဲ့ဒီအချိန်မှာ ကျွန်မအရမ်းချစ်ရတဲ့ စတုတ္ထယောက်ျားအငယ်ဆုံးလေးကို ကျွန်မစကားတစ်ခွန်းမေးမိတယ်...။ "ရှင့်ကို ကျွန်မအရမ်းချစ်ပါတယ် အားလုံးထဲမှာ အချစ်ဆုံးပါ ကျွန်မသေရင် ရှင်ကျွန်မနဲ့နောင်ဘဝအထိ လက်တွဲရအောင် လိုက်ခဲ့မှာလားလို့မေးလိုက်ပါတယ် သူခဏစဉ်းစားတယ် နောက်ဖြေးညှင်းစွာနဲ့ ခေါင်းခါတယ် မမသေရင် အလွန်ဆုံး မမအနား နေရင် (၇)ရက်ပေါ့တဲ့.. မောင်နဲ့သက်တူ ရွယ်တူ မမ မရှိရင် မောင်တို့ကို စောင့်ရှောက်ပေးမဲ့လူ ရှိနေပီတဲ့ ဟင်း ရက်စက်လိုက်တာ...။ ဒါနဲ့တတိယတစ်ယောက်ကို မေးတယ် သူကတော့ ချက်ချင်းပြန်ဖြေတယ် "မမသေတာနဲ့ ကျွန်တော်ကချက်ချင်း နောက်လူထက်ယူမှာ"တဲ့။ ဘုရား ဘုရား ကျွန်မမျက်လုံး တော်တော်ပြူးသွားပြီး။ ဒုတိယ ယောက်ကျားကိုမရဲတရဲ ကြည့်လိုက်မိတယ် ရှင်ရောလို့ မဝံ့ မရဲ မေးလိုက်မိတယ် သူ့နှုတ်က ဘာမှပြန်မဖြေပါဘူး ဒါပေမယ့် ဖြေးညှင်းစွာနဲ့ခေါင်းကိုခါတယ် သူလဲ မလိုက်နိုင်ပါဘူးဆိုတဲ့သဘောပေါ့...။ ကျွန်မစိတ်ဓါတ်အကြီးအကျယ် ကျသွားမိတယ် ကျွန်မအရမ်းချစ်ခင်တွယ်တာနေမိတဲ့သူတွေ- - - ကျွန်မဘာမှမပြောနိုင်တော့ဘူး.. အဲ့ဒီအချိန်မှာ ဘဝတစ်လျှောက်လုံး ဥပေက္ခာ ပြုထားမိတဲ့ အမျိုးသားအကြီးဆုံးစီကစကားသံထွက်လာတယ်...။ "ကိုကိုလိုက်မယ် တဲ့ မင်းဘယ်ဘဝရောက်ရောက် မင်းနဲ့ မခွဲမခွါ ကိုကိုလိုက်ပါ့မယ်"တဲ့...။ အိုး... ငါဂရုမစိုက်ဆုံးယောက်ျားက ငါမမေးရပါဘဲ ဘဝအဆက်ဆက် ငါနဲ့လိုက်မယ်တဲ့လား.. ကျွန်မနောင်တရမိပါပြီး တန်ဖိုးအရှိဆုံးသူကို ကျွန်မဘဝတစ်လျှောက်လုံး ဥပေက္ခာ ပြုထားမိပါလား...။ #ဇာတ်ပေါင်းဖြေရှင်းသော် ..... ကျွန်မ၏ စတုတ္ထယောက်ျားမှာ ကျွန်မ၏ခန္ဓာကိုယ် ဖြစ်ပါသည်.. သူ့ကိုကျွန်မအချစ်ဆုံးနဲ့ ဂရုအစိုက်ဆုံးပါ.. နံနက်အိပ်ရာထသည်နှင့် သူ့ကိုသန်ရှင်းပေးရ အမွေးနံ့သာ လိမ်းချယ်ရ လှပအောင် ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ပေးရ သူကတော့ ကျွန်မအပေါ် တစ်စက်မှသစ္စာမရှိ နေ့တစ်ဝက်လောက်နဲ့ ချွေးတွေအပုပ်နံ့တွေထွက်လာအောင်လုပ်သည်.. သူ့ကိုဆင်ထားပေးသောအဝတ်အစားတွေကိုညစ်ပေ နံစော်သွားအောင်လုပ်သည် အဆိုးဆုံးကတော့ ကျွန်မကို နေ့စဉ် အိုလာအောင် နာလာအောင် လုပ်နေသည့်အပြင် သေအောင်ပါလုပ်နေသည်.. ဒါကို သတိမမူမိဘဲ ဒီခန္တာကြီးကို ချစ်ခင်နေမိသည်။ သေလျှင် နှစ်ရက် သုံးရက်ထက်မပိုသူစွန့်ခွာပေတော့မည်...။ တတိယအမျိုးသားနှင့်တူသည်မှာ ကျွန်မပိုင်ဆိုင်သော စည်းစိမ်ဥစ္စာ များဖြစ်သည် ကျွန်မသေသည်နှင့် ကျွန်မနှင့် မသက်ဆိုင်တော့ပဲ ကျန်သူများပိုင်ဆိုင်ရမည်မို့ နောက်မယားအသစ်ချက်ချင်း ယူမည်ဆိုသည်မှာ မမှားပေ...။ ဒုတိယအမျိုးသားမှာ ကျွန်မတတ်မြောက်ထားသော အသိပညာ အတတ်ပညာများကို ဆိုလိုပါသည်။ မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာရာမှာ သူသည် လွန်စွာအထောက်အကူ ပြုတာ မှန်ပါသည် သို့သော် ကျွန်မသေသည်နှင့် သူသည် ကျွန်မအနောက်မလိုက်နိုင်သလို ဘာမှလဲ သုံး၍ရတော့မည်မဟုတ်ပေ...။ ကျွန်မရဲ့ပထမ အမျိုးသားကတော့ကျွန်မပြုသမျှသော ကောင်းမှု မကောင်းမှုဒါန သီလ ဝိပဿနာ ဘာဝနာ အားထုတ်မှု အားမထုတ်မှုများဖြစ်ပါသည်...။ မိဘများကဗုဒ္ဓဘာသာမို့ မိမိလဲဗုဒ္ဓဘာသာဖြစ်လာသည် ဘာသာရေးကို ထဲထဲဝင်ဝင် အလေးထားလေ့လာ မှတ်သားလိုက်နာရမည်မသိအပေါ်ယံ သမံကာ လျှံကာ ဥပေက္ခာ ပြုမိနေမိသည်...။ နေစဉ် ကျွန်မတို့ ပြုသမျှ ကောင်းမှု မကောင်းမှု သီလ ဆောက်တည်မှု ပျက်ယွင်းမှုဝိပဿနာဘာဝနာတရား ပွားများမှု မပွားများမှုများသည် ဒီဘဝသေ လွန်သွား​သော်လည်း သံသရာမဆုံးသ၍ တစ်ချိန်လုံး လိုက်နေမည်မှာ မလွဲဧကန်ဖြစ်ပါသည်...။ ထို့ကြောင့် မမြဲသော ကိုယ့်နောက်မပါနိုင်သော အရာများအပေါ် စွဲလန်းခြင်း မိမိအနောက် တစ်သံသရာလုံး တောက်လျှောက်ပါမည့် ကောင်းမှု မကောင်းမှု များကို ခွဲခြမ်းစိတ်ဖြာ၍ ကောင်းမှု ကုသိုလ်များ တတ်နိုင်သလောက်ပြုလုပ်ကာ ယနေ့မှစ၍ ကြိုးစားကြပါစို့...။ ပြန်လည်မျှဝေပါသည်။ 💕ချစ်သက်💕

♥️ chit that ♥️
♥️ chit that ♥️
Open In TikTok:
Region: SG
Thursday 22 October 2026 08:27:14 GMT
420412
35211
3877
4288

Music

Download

Comments

ms641997
@@ထာဝရစုရင်ခွင်@ms :
တရားနည်းလမ်းလေး နဲ့ အသိသတိရှိအောင် ပြပေးသွားတာဘဲ.သာဓု သာဓု သာဓုပါ မိမိရဲ့ ခန္ဓာကိုယ်.မိမိရဲ့ပစ္စည်းဥစ္စာ.မိမိရဲ့ပညာ ဒါတွေက.သေရင်.ပစ်ထားခဲ့ရတာပဲလေ ဒါန.သီလ ဘာဝနာ.ဝိပဿနာ.ပွားများအားထုတ်ပါမှသာလျှင်.
2026-10-22 15:01:00
187
may.myat.mon8834
เมย์ มยัต มอน :
ဒီစာကို ကျမ သုံးကြိမ်လောက် မှက်မိအောင်ဖက်လိုက်တယ် စာရေးသူကြီးရယ် ကျမဘဝကို တချက်ထဲ အလင်းပြလိုက်သလိုပဲ ဟုက်တယ်....စပြီး လူဘဝရောက်ထဲက အပူတွေများလိုက်တာ သေမှပဲ ရက်မှာမို့ စိက်ကောင်းမွေးပြီး သက်ရှိဘုရားကိုနေစဉ်ကန်တော့ပါ
2026-10-23 02:38:52
204
ttunaung189
Than Tun Aung :
very. very good. သံဝေဂ ရစရာ ပါဗျာတွေးပြီးရေးတတ်တဲ့မူရင်းစာမူရှင်ကိုလေးစားပါတယ်ဗျာ
2026-10-22 13:18:37
63
skyway9634
မျိုးချစ်မြန်မာ👍💚🇲🇲💚💪 :
👍👍👍🥰🥰🥰🥰တန်ဖိုးရှိလိုက်တဲ့ဥပမာတရားတော်အနှစ်တွေပါ🥰🥰🥰🥰🥰
2026-10-22 12:39:00
21
heinhtet96
♅ꂅᎥภ ♅ϮꂅϮ :
ကောင်းလိုက်တဲ့ဥပမာပါဗျာ ဘုရားတရားကလုပ်စရှိရင်ပိုပီးလေ့လာလုပ်ချင်လာတာမျိုးပါတခါတလေ အကျိုးသက်ရောက်မှုတွေကတကယ့်ကိုအံ့မခန်းပါပဲ ကိုယ်တိုင်လုပ်ကြည့်မှ အကျိုးနဲ့အကြောင်းက သံသရာလည်နေတာပိုပြီးသိလာရတယ်
2026-10-23 03:16:47
24
shine.myint.myat249
Shine Myint Myat Bone :
မဂ်လာပါကောင်းလိုက်တဲ့စာသားလေးတွေပါမမ
2026-10-25 13:54:18
1
mamitemite
ရွက်နုဝေ :
မူရင်းရေးသားသူကိုကော ခု ပိုစ့်တင်သူကိုကော ပညာပေးစာတွေကို အဆုံးထိ ဖက်ပြီးသံဝေဂရကြသူတွေ ကော အစဥ်လေးစားလျှက်ပါ
2026-10-23 02:33:14
36
mmmxzx0
mmmxzx0 :
ကံအကျိုးပေးပေါ့ညီမရယ်ဝဉ်ကျွေးကျန်ရှိလို့ငါနဲ့ငြားလို့ငါးယေါက်ဖြစ်လည်းတရားသဘောနဲ့ကံကြမာဖန်လါတာကြောင့်အပြစ်ဆိုရက်ပါဘူးမမြင်ရတာတွေကြောက်စရာ🥰
2026-10-23 05:59:56
13
khin68467
khin :
သာဓုသာဓုသာဓုပါ
2026-10-25 10:51:56
1
user3351976057568
user3351976057568 :
သေရင် ကိုယ့်နောက်ပါတာ ဆိုလို့ ဒါန နဲ့ သီလ ပဲ အတာကြောင့် အသေမဦးခင် ညဏ်ဦးရမယ် လို အဆုိရှိ့တာပေါ့ လူ့ဘဝမှာ မိမိပြုတဲ့ ကုသိုလ်ကပဲ သံသရာမှာ အကျိုးပေးပါလိမ့်မည်
2026-10-23 11:53:08
9
user774888263
ပဌာန်း* တူနှစ်ကိုယ်အိုးဝေ :
အရမ်းလေးနက် သတိပညာ ရှိပါပေ၏
2026-10-22 12:33:37
16
user9724342811703
user9724342811703 :
ဘာတွေဘယ်နှစ်ယောက်ရှိပါစေးအကောက်ပိုင်ရှင်လေနဲချီးနောင်းထားတဲကြိုးလေကိုတော မဖြတ်လိုက်ပါနဲအကောက်ပိုင်လေကိုကျနော်ရဲအကျင်နာမေတ္တာတရာကဘယ်တောမှာလဉ်း ဖြတ်မရတဲကြိုးနဲချီးနောင်ပြီးသံယောဇဉ်းကြိုးကခိုင်းမာစွားချီးနောင်ထားလျက်ပါချစ်တဲအကောက်ပိုင်ရှင်လေရယ်ကျနော်ချစ်တသက်လုံးလဉ်းချစ်သွားမယ်ယုံစေးချင်းလက်ရှိကြံတဲ အချိန်းလေမှာအကောက်ပိုင်လေနဲဆုံးခမ်တိုင်း အောင်းလက်တွဲလိုရှောက်သွားချင်းပါတယ်ဗျာ တကယ်ချစ်တယ်ဗျာနော်
2026-10-23 03:49:32
8
san.gyi135
sangyi671 :
အသိ သတိညဏ်ဖြစ်ရပါတယ် မင်္ဂလာပါ
2026-10-25 04:31:10
1
khaing.khin.oo532
Khing Khin Oo :
စာကိုပီအောက်ဖတ်မှနာူလည်သွားတော့တယ်မှန်ပါတယ်ရှင့်🥰🥰🥰
2026-10-22 11:47:42
7
user5483459029529
ဦးလေးကြီး :
အဓိပ္ပါယ်တူ (ဘဝအဖော်စစ်ဘယ်သူလည်း) (၁)ကောင်းမှု့အဖော် (၂)ပညာအဖော် (၃)ဥစ္စာဓန အဖော် (၄)အေးအတူပူအမျှအဖော်(အချစ်ဆုံးလေး)ပေါ့ သေသည်၏အခြားတစ်ဘက်ဘဝသံသရာတစ်လျှောက် ဘယ်သူလိုက်မလဲဆိုဪ----
2026-10-22 10:27:04
5
u.sein.win0670
U Sein Win :
ဉပမာ ပေးတာ ကောင်း ပ. နော် သံဝေဝ. ရသင့် ပါ ပေ
2026-10-22 12:48:16
7
ookyaw.ookyaw43
Ookyaw Ookyaw :
သာဓုခေါ်ပါတယ်နော်ညီမ သာဓု သာဓု သာဓု (သဗ္ဗေ သတ္တာ ကာမသကာ)
2026-10-22 14:21:58
5
user74652883707232
Thin Thin :
❤️❤️❤️👍👍👍
2026-10-24 02:27:00
2
moe.khar96
Moe Khar :
ကောင်းလိုက်တဲ့စာသားလေးပါပြန်မျှဝေပေးပါရစေ
2026-10-25 07:20:51
1
myint.myint.mon73
Myint Myint Mon :
မှာ ာသားစရာပါညိမလေး တင် ပေး လို့ ကျေးဇူးပါ ညီမ
2026-10-25 05:23:57
1
khaing40151
Khaing :
အကျိုးရှိလိုက်တာကွယ်🥰🥰🥰🥰
2026-10-25 04:19:02
1
chocho.1110
ChoCho 1110 :
ဘယ်ကိုလွမ်နေတာလဲချစ်သမီးလေး
2026-10-25 03:56:35
1
zin.pwint.phyu284
Zin pwint phyu :
ဟုတ် ရင်ထဲ ကို နှစ်အောင်ငိုခဲ့ ရတယ် စာကို ဖက်ပီ
2026-10-25 09:11:32
1
kyat123456
ရွှေအိမ်စံ :
သာဓုသာဓုသာဓုပါသမီးရယ်
2026-10-25 05:05:11
1
yamin12918
Yamin :
အမှန်ပါပဲ
2026-10-25 05:37:15
1
To see more videos from user @chitthat9685432, please go to the Tikwm homepage.

Other Videos

يعد برج المملكة واحدًا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في قدد الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية من أبرز معالم....#fyp #foryou #f  ‏
يعد برج المملكة واحدًا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في قدد الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية من أبرز معالم....#fyp #foryou #f ‏

About