@sirihomm: ‎ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့ ‎ကိုယ့်အိမ်မှာကိုယ်နေတာတောင် ‎ဧည့်သည်တစ်ယောက်လိုနေရလိမ့်မယ် ‎ကြိုတင်ပြင်ဆင်ထားကြလေ...... ‎ ‎အခုချိန်မှာ ပိုက်ဆံမရှိတာ၊ ဘတ်စ်ကားစီးနေရတာ၊ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရတာတွေကို ရှက်မနေနဲ့။ အဲဒါတွေက ရှက်စရာမဟုတ်ဘူး။ "ရုန်းကန်ခြင်း" လို့ ခေါ်တယ် ။ ‎ ‎လူငယ်ဘဝမှာ ဆင်းရဲတာဟာ "ဒဏ်ရာ" မဟုတ်ဘူး၊ "အတွေ့အကြုံ" ပဲ။ ဘာလို့လဲသိလား။ မင်းတို့မှာ "အချိန်" ရှိသေးတယ်။ "ခွန်အား" ရှိသေးတယ်။ လဲကျရင် ပြန်ထနိုင်တဲ့ ဒူးခေါင်းတွေ သန်မာသေးတယ်။ ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်နိုင်တဲ့ အစာအိမ် ရှိသေးတယ်။ ‎ဒါပေမဲ့... သတိထား။ ‎ ‎အသက် ၆၀ ကျော်၊ ၇၀ ရောက်လို့ ခါးတွေကိုက်၊ မျက်စိတွေမှုန်၊ ဒူးတွေနာလာတဲ့အချိန်မှာ ပိုက်ဆံမရှိရင်တော့... အဲဒါ "အတွေ့အကြုံ" မဟုတ်တော့ဘူး။ ‎ ‎အဲဒါ "အဖြစ်ဆိုး (Tragedy)" ပဲ။ ‎ ‎ကျွန်တော့် ဆရာဝန်သက်တမ်းတစ်လျှောက်လုံးမှာ မြင်ခဲ့ရတဲ့ စိတ်မကောင်းဆုံးမြင်ကွင်းက ဘာလဲသိလား။ ဆေးရုံကုတင်ပေါ်မှာ လဲနေပြီး ဆေးဖိုးမရှိလို့ သားသမီးတွေရဲ့ မျက်နှာကို ငယ်ငယ်လေးဖြစ်အောင် လုပ်ပြီး ကြည့်နေရတဲ့ လူအိုကြီးတွေရဲ့ မျက်လုံးတွေပဲ။ ‎ ‎သင်တို့က "သားသမီးတွေ ရှိတာပဲ၊ ပြန်လုပ်ကျွေးမှာပေါ့" လို့ တွေးနေလား။ အေး... ဒီမှာ အမှန်တရားကို နားထောင်။ သားသမီးဆိုတာလည်း ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာတဲ့အခါ၊ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိလာမှာပဲ။ ‎ ‎အဲဒီအချိန်ကျရင် သင်က သူတို့အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်သွားနိုင်တယ်။ ကိုယ့်မိဘကို ပြုစုချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ သားသမီးတွေရဲ့ မျက်နှာကို မင်း ကြည့်ရက်မလား။ ‎ ‎ဒါကြောင့် ကျွန်တော်အမြဲပြောတာ... "အိုစာမင်းစာ ဆိုတာ ကိုယ့်ရဲ့ မာနပဲ" လို့။ ‎ ‎အသက်ကြီးလာတဲ့အခါ ပိုက်ဆံရှိနေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး။ ‎ ‎ကိုယ်စားချင်တာ စားနိုင်မယ်။ ‎ ‎ကိုယ်လှူချင်တာ လှူနိုင်မယ်။ ‎ ‎သားသမီး၊ မြေး၊ မြစ်တွေလာရင်တောင် မုန့်ဖိုးပြန်ပေးနိုင်တဲ့ "ဘိုးဘိုးကြီး၊ ဘွားဘွားကြီး" ဖြစ်နေမှ လူတကာက ဝိုင်းချစ်ကြမှာ။ ‎ ‎ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့... ကိုယ့်အိမ်မှာ နေတာတောင် ဧည့်သည်လို နေရလိမ့်မယ်။ သားသမီးတွေ စကားများရင်တောင် "ငါ့ကြောင့်များလား" ဆိုပြီး အားနာနေရလိမ့်မယ်။ ရောဂါတစ်ခုခုဖြစ်ရင် "ငါ သေလိုက်ပါတော့မယ်" ဆိုတဲ့ စကားကို တွင်တွင်ရွတ်နေရလိမ့်မယ်။ ‎ ‎ဒါကြောင့် ဒီနေ့ကစပြီး ပြင်ဆင်ကြပါ။ ‎အခု ရနေတဲ့ လစာလေး၊ ဝင်ငွေလေးထဲကနေ နည်းနည်းချင်းစီ ဖယ်စုပါ။ "ဒီနေ့ စားဖို့ရှိရင် ပြီးတာပဲ" ဆိုတဲ့ စိတ်ကို ဖျောက်လိုက်။ မနက်ဖြန်အတွက်၊ နောင်နှစ်ပေါင်း ၃၀ အတွက် ထည့်တွက်ပါ။ ‎ ‎ငယ်တုန်းမှာ ရုန်းကန်ရတာ ပျော်စရာကောင်းတယ်။ ဒါပေမဲ့ အိုလာတဲ့အခါ ရုန်းကန်ရတာ သိပ်ပင်ပန်းတယ်။ နေဝင်ချိန်ရောက်တဲ့အခါ အေးအေးဆေးဆေး ထိုင်ကြည့်နိုင်ဖို့၊ အခု နေပူကျဲတဲအချိန်မှာ အမိုးအကာလေး လုံအောင် လုပ်ထားကြပါ။ ‎ ‎သင်တို့ရဲ့ ဇာတ်သိမ်းခန်းကို သင်တို့ကိုယ်တိုင်ပဲ လှပအောင် ဖန်တီးနိုင်တာမို့... ဒီနေ့ကစပြီး "အိုစာ" အတွက် စဉ်းစားကြပါတော့။ ‎ ‎ သံသရာခရီးသွားတစ်ဦး ‎ #မူရင်းရေးသားသူအားအစဉ်လေးစားလျှက် ကြွေးဟောင်းလည်းဆပ်၊ ကျွေးသစ်လည်းချ၊ 🙏🙏🙏🙏🙏 ‎ ‎

Siri Ling
Siri Ling
Open In TikTok:
Region: US
Thursday 22 October 2026 10:06:02 GMT
46
1
1
0

Music

Download

Comments

qq2026q
QQ :
🥰🥰🥰
2026-10-22 10:36:06
0
To see more videos from user @sirihomm, please go to the Tikwm homepage.

Other Videos


About