@sajunusi2nv: "မခံချင်စိတ်ကို နေရာလွဲပြီး မထားမိစေနဲ့" တခါတုန်းက အဖိုးအိုတစ်ယောက်ဟာ တောလမ်းလေးကို ဖြတ်လို့ တစ်ဖက်ရွာကို ခရီးထွက်လာခဲ့ပါတယ်။ လမ်းမှာ ခရီးသွားဖော် လူငယ်တစ်ဦးနဲ့ တွေ့ပြီး စကားတပြောပြောနဲ့ ခရီးဆက်ခဲ့ကြတယ်။ တစ်နေရာရောက်လို့ အမောဖြေကြတော့ အဖိုးအိုဟာ လွယ်အိတ်လေးထဲက အရ,က်ပုလင်းကို ထုတ်ယူပြီး မော့လိုက်တယ်။ ဒါကိုတွေ့တော့ ခရီးသွားဖေါ် လူငယ်က...." ကျုပ်သာ အဖိုး အရွယ်ရောက်ရင် အရက် မသောက်တော့ဘူး။ အဖိုးက မိုက်နေတုန်းပဲ "လို့ ပြောလိုက်ပါတယ်။ အဖိုးက ဘာမှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးပြီး ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ လျှောက်လာရင်း ရှုခင်းသာယာတဲ့နေရာ တစ်ခုကိုရောက်တော့ အဖိုးဟာ လွယ်အိတ်ထဲက ပုလွေလေးကို ထုတ်ပြီး တေးသွားတစ်ပုဒ် သီးကျူးလိုက်တယ် ဆိုရင်ပဲ လူငယ်က...." အဖိုးက အသက်ကြီးနေပြီ. ခုထိ ငယ်မူ မပျောက်သေးဘူး။ ကျုပ်သာ အဖိုးအရွယ်ဆို သီချင်း မဆိုတော့ဘူး "လို့ ပြောလိုက်ပြန်တယ်။ ဒီတစ်ခါမှာလည်း အဖိုးက ဘာမှပြန်မပြောပဲ ပြုံးပဲနေပြန်တယ်။ အဲဒီနောက် တောထဲ ရောက်လာကြတဲ့အခါ အသီးမှည့်တွေ ဝေဆာနေတဲ့ သရက်ပင်ကြီးကို တွေ့လိုက်ရတဲ့အခါလူငယ်က... " သရက်သီးတွေ ဝင်းမှည့်နေတာပဲ။ စားချင်လိုက်တာ အဖိုးရာ...." လို့ ဆိုတော့.... အဖိုးက... " စားချင်တာများကွာ... အပင်ပေါ် တက်ခူးစားပေါ့။. ငါ မင်းတို့ အရွယ်တုန်းကဆို အဲဒီအပင်ပေါ်တက်နေကျ. လို့ပြောလိုက်ပါတယ်။ အဲဒီအခါ လူငယ်က မခံချင်စိတ်နဲ့ သစ်ပင်ပေါ်ကို တက်ပြီး သရက်သီးမှည့်တွေ ခူးစားပါတယ်။ ပြန်ဆင်းတဲ့အခါမှာတော့ အခက်တွေ့နေပါတော့တယ်။ မခံချင်စိတ်နဲ့သာ တက်ခဲ့တာ အစတည်းက သူက အပင် မတက်တတ်ဘူးလေ..... အဲဒီလို တိုးလို့တွဲလန်းဖြစ်နေပြီး..." အဖိုး ကျုပ် မဆင်းတတ်တော့ဘူးဗျ ဘယ်လိုလုပ်ရမလဲ" လို့ အော်မေးလိုက်တယ်။ ဒီအခါမှာ အဖိုးက... " ဒါများခက်လို့ကွာ.... ငါ မင်းအရွယ်တုန်းကဆို အဲအပင်ပေါ်က ခုန်ချနေကျပဲ" လူငယ်လေးဟာ အဖိုး စကားအတိုင်း အပင်ပေါ်က ခုန်ချလိုက်တာ ခြေဆစ်လွဲသွားပြီး အဖိုးအိုကို အပြစ်တင်ပါတယ်။ ဒီအခါမှာတော့ အဖိုးက... " တော်တော်တုံးတဲ့ သူငယ်ပဲ။ ငါပြောတိုင်း မင်းဘာလို့ လျှောက်လုပ်နေလဲ။ ငါ မင်း အရွယ်တုန်းက အဲ့ဒီသရက်ပင်က နိမ့်နိမ့်လေး ရှိသေးတာကွ...."လို့ ပြောလိုက်ပါတော့တယ်။ ဒီပုံပြင်လေးထဲကလိုပဲ ကျွန်တော်တို့တွေဟာလည်း နေရာတိုင်းမှာ မိမိဘဝရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးအပြစ်ပြောလို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ လူတိုင်း လူတိုင်းဟာ ဘဝတစ်ခုဆီ ပိုင်ဆိုင်ခဲ့ကြရ ပေမယ့် ဖြတ်သန်းလာရာ လမ်းကြောင်းတွေ မတူညီဘူး။ အတွေ့အကြုံတွေ မတူကြပါဘူး။ တချို့သောသူတွေက ပန်းခင်းလမ်းကို လျှောက်ခဲ့ရတယ်။ တချို့သောသူတွေက ခလုပ်ကသင်း အပြည့်နဲ့ ဆူခင်းလမ်းကို ဖြတ်ခဲ့ရတယ်။ ကိုယ့်အတွက် မှန်နေတဲ့အရာက တခြားလူအတွက် မှန်ဖို့ မှားဖို့ ဆိုတာ မသေချာလှပါဘူး။ နေရာတကာ ကိုယ့်ပေတံနဲ့ တခြားသူတွေကို လိုက်ပြီးတော့ တိုင်းထွာ မနေပါနဲ့။ နောက်ပြီးတော့ မခံချင်စိတ်ကိုလည်း နေရာလွဲမှားပြီး မထားမိပါစေနဲ့.............။ respect - credi-June
June စာပေ(ဗဟုသုတ)
Region: TH
Thursday 22 October 2026 11:44:22 GMT
Music
Download
Comments
မုန်းဖို့ရှည်ရွယ်ပြီးမချစ်ပါ :
အဲ့ထာအမှန်ပဲ😁😁😁
2026-10-28 16:34:20
0
Kohate :
ကျိုက်သွားပီး
2026-10-27 14:10:43
0
🌹🌹🌹Win🌹🌹🌹 :
🌷🌷🌷
🙏🙏🙏
2026-10-26 01:09:23
0
🇲🇲Xairo💔🥀🦋🇹🇭 :
ပြန်တင်ခွင့်ပြုပါ
2026-10-26 18:31:21
0
k z w :
ကျေးဇူးတင်ပါတယ်ရှင်
2026-10-25 11:19:05
0
Cho Pyone :
2026-10-25 12:34:33
0
toal081 :
good
2026-10-25 17:37:48
0
တမင သ795 :
🥰🥰🥰🥰🥰🥰ok
2026-10-25 00:53:10
0
Chan Thar :
ကျေးဇူတင်ပါတယ်
2026-10-26 05:35:04
0
Golden Sky :
@😁😁😁THANKYOU😁😁😁
2026-10-23 09:39:09
0
May Kyi :
ဟုတ်ကဲ့ပါ.ဆရာ..မှတ်ထားပါတယ်..ကျေးဇူးပါဆရာ...[Pray][Pray][Pray][Pray][Pray]
2026-10-24 05:54:20
0
soesoe :
👍👍👍
2026-10-24 13:32:38
0
Yati :
မှန်လိုက်တာရှင့်
2026-10-26 02:36:47
0
H :
🙏🙏🙏
2026-10-23 13:26:57
0
🅺🅷🅰🅸🅽🅶 🆉🅸🅽 🅼🅾🅽🌿💛 :
👍👍👍👍👍
2026-10-23 12:11:34
0
Ko myo :
Ok ကြိုက်တယ်❤️❤️❤️❤️❤️
2026-10-23 15:05:57
0
Aung Soe :
👍👍👍
2026-10-23 06:26:50
0
Winpi Einpi :
ကျေးဇူး
2026-10-23 13:51:20
0
AKo Xtun :
🥰🥰🥰
2026-10-23 12:10:28
0
Zawkyar Yair :
🥰🥰🥰
2026-10-23 13:11:42
0
ပဲခူးသူလေး :
ကြိုက်တယ်ဗျာ
2026-10-23 15:12:53
0
☕🤍🍀{ S I T }🍀🤍🤏🤏🤏 :
ဟုတ်ပါတယ် အရမ်းကောင်းပါတယ်
အတွေးတစ်ခုတော့ရလိုက်တယ်
ကျေးဇူး ပါ
2026-10-28 01:49:41
0
YuYuNawe :
ကျေးဇူးတင်ပါတယ်နော်❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-10-23 13:14:04
0
kyi :
မဂ်လာပါလေးစားလျှက်ပါ
2026-10-25 10:22:58
1
Ko Than :
ကျေးဇူးတင်ပါတယ်ခင်ဗျ
2026-10-23 14:03:46
0
To see more videos from user @sajunusi2nv, please go to the Tikwm
homepage.