@user603359066816: ငါတို့တွေဟာ_ဘဝမှာ_ကိုယ့်ကို_စိတ်ဆင်းရဲအောင်လုပ်တဲ့သူ၊ အနိုင်ကျင့်တဲ့သူ၊ ဒုက္ခပေးတဲ့သူတွေကို_အင်မတန်_မုန်းတီးကြတယ်။ ​သူတို့ကြောင့် ငါ ဒုက္ခရောက်ရတယ်ဆိုပြီး ရောနှောနေတဲ့ ဒေါသတွေ၊ အာဃာတတွေကို_ရင်ထဲမှာ_အမြဲတမ်း_ပိုက်ထွေးထားတတ်ကြတယ်။ ​📍ဒါပေမဲ့... အမှန်တရားကို_အေးအေးဆေးဆေး_ကွေ့ဝိုင်းမနေဘဲ_တကယ်_ဆန်းစစ်ကြည့်ဖူးရဲ့လား?? ​"ဒုက္ခပေးသူကို_မုန်းကြေးဆိုရင်... မင်းရဲ့_ဒီခန္ဓာကိုယ်ကြီးဟာ_မင်းကို_ဒုက္ခအပေးဆုံးပါပဲ" ​စဉ်းစားကြည့်ပါ... ဒီခန္ဓာကိုယ်ကြီး_အဆင်ပြေအောင်_ငါတို့_မနက်ကတည်းက_မအိပ်မနေ၊ မနားမနေ ရုန်းကန်ကြရတယ်။ ဆာရင် အစာကျွေးရတယ်၊ ရေငတ်ရင် ရေတိုက်ရတယ်။ ညောင်းရင် ပြင်ထိုင်ရတယ်၊ မကျန်းမာရင် ဆေးကုပေးရတယ်။ အဝတ်အစားလှလှလေးတွေနဲ့ ဖုံးဖုံးဖိဖိ ပြင်ဆင်ပေးထားရတယ်။ ​ဒါပေမဲ့ ဒီခန္ဓာကိုယ်က_ငါတို့စကားကို_နားထောင်ရဲ့လား? ​"မအိုပါနဲ့" လို့ တားလို့မရဘူး၊ အိုသွားတာပဲ... ​"မနာပါနဲ့" လို့ တားလို့မရဘူး၊ နာကျင်လာတာပဲ... ​"မသေပါနဲ့" လို့ တားလို့မရဘူး၊ တစ်နေ့တော့_စွန့်ခွာသွားရမှာပဲ... ​ငါတို့ အစွမ်းကုန် ပြုစုယုယထားတဲ့ ဒီခန္ဓာကိုယ်ကြီးကပဲ ငါတို့ကို နာကျင်မှုတွေ၊ ရောဂါဆိုးတွေ၊ အိုခြင်း၊ သေခြင်းဆိုတဲ့_အကြီးမားဆုံးသော_ဒုက္ခတွေကို_ပေးနေတာ_မဟုတ်ဘူးလား? 📍​အပြင်က_ဒုက္ခပေးတဲ့သူဆိုတာ_ခဏတာပါ...📍 ဒါပေမဲ့ ဒီခန္ဓာကိုယ်ကြီးပေးတဲ့ ဒုက္ခကတော့ မွေးကတည်းက သေသည်အထိ နေ့စဉ်နဲ့အမျှ ခံစားနေရတာပါ။ ​ဒါကြောင့်...💮 အပြင်က_တခြားသူတွေကို_မုန်းတီးနေမယ့်အစား၊ အာဃာတတွေ_ပိုက်ထွေးထားမယ့်အစား... ဒီခန္ဓာကိုယ်ကြီးရဲ့ "မမြဲတဲ့_သဘာဝ"၊ "ဆင်းရဲတဲ့_သဘာဝ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) တွေကို သတိနဲ့_ရှုမြင်လိုက်ပါ... ​တခြားသူကို_မုန်းနေတာထက်... ဒီခန္ဓာကိုယ်ရဲ့_သစ္စာတရားကို_သိမြင်သွားတာကမှ_မင်းရဲ့_စိတ်ကို_တကယ့်_အေး ချမ်းစေမှာပါ #အရှင်ပညာစာရငါးအိမ်တန်းရွာ

☠︎ အရှင်ပညာစာရငါးအိမ်တန်း ☠︎
☠︎ အရှင်ပညာစာရငါးအိမ်တန်း ☠︎
Open In TikTok:
Region: MM
Thursday 22 October 2026 12:47:32 GMT
35483
3818
352
602

Music

Download

Comments

chitminkoko981
Chit Min Ko Ko :
အနီးဆုံးရန်သူကို မမြင်ပဲ အဝေးကရန်သူမှရန်သူလို့ ထင်ခဲ့ကြတာ ဒါကြောင့်လည်း သံသရာတွေရှည်ခဲ့ကြပါပြီ ဒီသံသရာကို ဒီဘဝမှာ ဖြတ်နိုင်အောင်ကြိုးစားပါ့မယ်🙏🙏🙏
2026-10-23 03:30:41
11
zim_2000
Naing :
သာဓု သာဓု သာဓုပါဘုရား
2026-10-24 09:00:34
2
lone.lone306
Daw San San Aye :
🙏🙏🙏🙏🙏
2026-10-23 22:10:35
1
kyawzayyazayya991
Kyaw Zay Ya :
🙏🏻🙏🏻🙏🏻ပြန်တင်ပါရစေဘုရား🙏🏻
2026-10-24 03:51:57
3
user824565776112590
ကုသ အလွမ်း :
🙏🙏🙏🙏🙏
2026-10-23 08:49:00
1
bawmay.pdl
Bawmaypdl🇲🇲🇳🇵 :
🙏🙏🙏🙏🙏
2026-10-23 08:36:49
1
soe.naing675
U Naing :
သာဓု သာဓု သာဓုပါ ဘုရား
2026-10-24 01:07:28
1
shwe.ne8
shwe ne :
🙏
2026-10-24 03:18:15
1
chit.hein.htet12
Chit Hein Htet12 :
🙏🙏🙏
2026-10-24 06:43:01
1
user3970138745907
Ko Than Lwin :
သာဓု သာဓု သာဓု ပါ ဘုရား
2026-10-23 09:09:20
1
yeyex2611
Ye Ye :
2026-10-24 00:07:19
1
ko.hmwe36
Ko Hmwe :
သာဓုသာဓုသာဓုပါဘုရား
2026-10-23 12:57:19
1
maw9663
Maw :
2026-10-23 15:50:36
1
thanthanmi
ThanThanMi :
2026-10-24 15:56:02
1
kosoe1019
Ko Soe :
ကောင်း လိုက်တဲစာသားလေးပါလားဗျာ
2026-10-22 16:25:55
1
jonsoncrack
မြတ်လေးပန်း :
🥰🥰🥰
2026-10-23 13:15:02
1
dawtayotema0
Daw Tayote Ma :
မှန်လှပါဘုရား သာဓုသာဓုသာဓုပါဘုရား 🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-23 21:56:00
2
user6131393413213
ရီမြီခြားကလွမ်းနိန်မေ :
2026-10-23 11:10:48
1
user4824706832292
ကြည်ကြည် :
သာဓုသာဓုသာဓုပါဘုရား
2026-10-23 08:56:11
1
utinsoe493
U Tin Soe :
သာဓုဓုဘုရား
2026-10-23 01:42:59
1
kyi.kyi.win898
Kyi Kyi Win :
မှန်လှပါတယ်ဘုရား၊
2026-10-23 07:39:08
1
san..mu..mu..1231
(san. mu. mu.)( 123&$$$)12345) :
အမှန်ပါဘုရား🙏🙏🙏
2026-10-22 16:09:48
1
salleh.waty
Salleh Waty :
🙏🙏🙏🙏🙏မွန္ပါးဘုရား
2026-10-22 14:26:25
1
ran92696
꧁ঔৣ☬✞ဂန္တဝင်မေမေ❇️ :
မှန်တာပေါဘုရား🙏🙏🙏🙏🙏🙏
2026-10-23 11:03:11
1
si.thu7768
si thu :
မှန်ပါတယ်
2026-10-24 01:48:55
1
To see more videos from user @user603359066816, please go to the Tikwm homepage.

Other Videos


About