@snipersu: နိုင်ငံတော်သမ္မတကြီးသည် လူသားချင်းစာနာထောက်ထားမှုနှင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့် နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ဩဂုတ်လ (၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဗြိတိန်ဘုရင် ချားလ်စ်ထံမှ ပေးပို့သည့် စာအုပ် ၂ အုပ်၊ စာအိတ်နှင့် သံတမန်စာတို့ကိုလည်း ပေးအပ်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလ (၂၂) ရက်နေ့၊ (၁၄:၃၀) နာရီမှ (၁၄:၅၀) နာရီအထိ ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏သား ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုခွင့် ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် #snipersu #knowledgesharing #news #သတင်း
🇲🇲 Sniper Su 🇲🇲
Region: MM
Thursday 22 October 2026 15:52:40 GMT
Music
Download
Comments
jammie.nar :
မထွက်လာရင်ရပြီ ထွက်လာရင် ထပ်မွှေနေမယ်
2026-10-23 10:35:34
71
Daw Phyu phyu Aye :
ရင်နာလိုက်တာဟာအမေ့ကိုများအကျဥ်းသူတဲ့ နားခါးလိုက်တာ နားထောင်ရတာ 😏😏😏
2026-10-22 17:28:11
1271
Nan Khin Myat Saw :
Be happy healthy,wealthy always Amay Su
May God be with you and bless you always🙏❤️
2026-10-23 17:49:29
0
Aye Chan Aung :
ထောင်ကျတာတောင် အခွင့်ထူးခံနဲ့.. ဘယ်မှာလဲ တခြားအကျဥ်းသားတွေ အတွက် တရားမျှတမှု
2026-10-22 16:42:35
256
Kyaw Gyi :
ထပ်မမွှေဖို့ဘဲ လိုတာပါ
2026-10-22 20:51:34
210
U Lay :
အစကတည်းက လက်နက်အားကိုးနဲ့
တရားမဝင် ဥပဒေမဲ့ ဖမ်းဆီးပြီး
ဥပဒေအမျိုးမျိုးခေါင်းစဥ်တပ်ပြီး
ဖမ်းဆီးထောင်ချထားတဲ့ လူယုတ်မာတွေ ဖြစ်တယ်
ဘာ လူသားချင်း စာနာတာ တဲ့
ရယ်ရတယ်
2026-10-22 23:50:32
370
Ohnmar Thein :
နိုင်ငံရေးဟာရှုပ်ထွေးတယ်
ဒါ့ကြောင့် ဝင်မပါတာဘဲကောင်းပါတယ်
မြန်မာနိုင်ငံကြီးကတော့ အလုံးစုံပျက်စီးသွားပြီ
2026-10-23 02:36:04
292
Zar Chi :
ပြန်လွှတ်ပေးရင်းအကောင်းဆုံးပဲ
2026-10-22 16:38:06
685
အဖေတူသမီး :
အမေရယ်ဘာပဲဖြစ်ဖြစ်သက်ရှိထင်ရှားရှိနေ သေးတယ်ဆိုရင်ပဲအရမ်းဝမ်းသာကျေနပ်မိပါတယ်
2026-10-22 16:40:27
287
『𝙱𝚊𝚔𝚊.𝙺𝚢𝚊𝚠 𝙶𝚢𝚒』⚡ :
နိုင်ငံတော်က မေတ္တာတဲ့😂😂 နိုင်ငံဆိုတာ ပြည်သူ။ပြည်သူတေကအရင်ကနဲ့ မေတ္တာရှိတာ မသိတာလား။ခုမှသိတာလား
2026-10-22 17:00:55
114
U Thit Hti La :
ကန်ဆုံလပြည့်ဆိုလွဲနေပါတယ်
သီတင်းကျွတ်လပြည့်နေပါ
2026-10-22 23:15:23
89
အရားအားလုံးက ခဏလေပါ❤️ :
အမေးဘုန်းကြီးလို့အသက်ရှည်ပါစေ အချုပ်အနောက်ကနေအမြန်လွတ်မြောက်ပါစေ
2026-10-22 16:42:47
160
Mi Shwe Sin :
အမေစုကျန်းမာသက်ရှည်ပါစေ
🙏🙏🙏
အမေစုအမြန်ဆုံးလွတ်ပါစေ🙏🙏🙏
မြန်မာနိုင်ငံကြီးလဲအမြန်ဆုံးပြည်သူတွေလွတ်လတ်အေးချမ်းလုံခြုံစိတ်ချစွာနဲ့သွားလာနေထိုင်ခွင့်ရကျပါစေ
🙏🙏🙏
2026-10-22 18:40:41
59
Moe Zaw :
ကြည်ကြည်လင်လင်ရိုက်နိုင်တဲ့camera ကောင်းကောင်း မရှိဘူးထင်ပါရဲ့
2026-10-22 18:32:51
19
သားလေးထူးစည်သူမေမေ🥰⚓💚💚 :
မစုရေ...ဒါလေပြောပေးပါအုံးရှင့် မြန်မာအမွေနှစ်ရိုးရာကို ထိုင်းကCopyယူပီသူတို့ရိုးရာဝတ်စုံပြောနေလို့ပါ လူကြီးတွေသိအောင်ပြောပေးပါအုံးရှင့်
2026-10-22 16:13:20
53
Myat .♊ :
လက်ရှိမှာတို့နိုင်ငံမှာသမ္မတရှိလို့လား
2026-10-22 17:47:44
7
myint :
ဘယ်လိုဘဲဖြစ်ဖြစ်အသက်ရှင်လျက်ရှိနေသေးတာဝမ်းအသာဆုံးဘဲ။အမြန်ဆုံးလွတ်မြောက်ချမ်းသာခွင့်ရပါစေ။
2026-10-22 16:55:12
48
khine.min.014 :
နေအိမ်အကျယ်ချုပ်နဲ့
နေအိမ် ထောင်ဒဏ် မတူဘူး ထင်တယ်
2026-10-22 16:06:58
13
သတင်းထူးသတင်းဦး :
ကဆုန်လရောက်သေးဘူးနော်နားမလယ်ဘူးဘာလဲ
2026-10-22 16:38:32
39
ကိုမင်း (သံဝရိမ်လုပ်ငန်း) :
2026 ဧပရယ်လား 2027ဧပရယ်လား
2026-10-22 16:51:15
7
ma naw phyu :
အေးဆေးနေနော် 😁😁😁😁
2026-10-22 16:37:35
6
Kyawt :
အမေ ဘေးကင်းကျန်းမာပါစေရှင်🙏
2026-10-22 17:34:01
8
Justin thant :
နိုင်ငံတော်သမ္မတအမေစုအမြန်လွှတ်မြောက်ပါစေ
2026-10-22 17:52:58
8
ဂျူဂျူးလေး မေမေ :
ဘယ်လိုဘဲ ဖြစ်ဖြစ် အမေ့အတွက် ဝမ်းသာပါတယ်
2026-10-22 18:44:19
9
🍁HW🍁 :
အရမ်းဝမ်းသာပါတယ်🥰🥰🥰🥰🥰🥰
2026-10-22 16:31:09
7
To see more videos from user @snipersu, please go to the Tikwm
homepage.