@falakwrites39: Bilkul 💸🚩#baghi #atittudestatus🔥🔥 #fypシ゚viral #1millionaudition

⚜️FaلaK🚩
⚜️FaلaK🚩
Open In TikTok:
Region: PK
Thursday 22 October 2026 17:16:28 GMT
9215
644
10
156

Music

Download

Comments

ghulamullah_awan
Ghulamullah TikTok :
Bhai Lahore se hon
2026-10-23 08:31:00
0
lasharibalo257
Hasnain Ali :
same 😏
2026-10-23 07:23:44
1
shairkishairni41
Meri jaan 💗🫶 :
2026-10-25 08:11:08
0
lala.g.520
꒒ꋬ꒒ꋬ ᴳ 𝟝𝟚𝟘 ♕😈☠️ :
same here
2026-10-22 18:06:28
2
dery_wala_tik_toker24
FΛ尺нΛЛɪɪɪ👑 :
[Red heart][Red heart][Red heart]
2026-10-23 09:18:58
0
ziddibadsha65
꧁༒ZIDDI BADSHA༒꧂ :
[Victory][Victory][Victory]
2026-10-23 07:41:18
0
armyofemam
👑میر شاہزیب👑 :
🥰🥰🥰
2026-10-23 04:45:34
0
ahmadjamal.345
ahmad :
[Heartwarming][Heartwarming][Heartwarming]
2026-10-23 03:50:04
0
kamalkha977
kamal khan786 :
[Heartwarming][Heartwarming][Heartwarming]
2026-10-23 02:54:33
0
zindalash315
Sheeraz rana :
❤️❤️❤️
2026-10-26 05:59:56
0
To see more videos from user @falakwrites39, please go to the Tikwm homepage.

Other Videos

လေးစားမှုမရှိတဲ့ လုပ်ငန်းခွင်နဲ့ မမျှတတဲ့ စနစ်ဆိုးအောက်မှာ ဘယ်ဝန်ထမ်းရဲ့ သစ္စာတရားမှ ရေရှည်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ Chan Thar Htun - Business Coach လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းတွေကို သစ္စာရှိစေချင်တယ်။ ကိုယ့်လုပ်ငန်းမှာ ရေရှည်လုပ်ကိုင်စေချင်တယ်။ လုပ်ငန်းအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကြိုးစားပေးစေချင်တယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို မလေးစားဘူး၊ မျှတတဲ့စနစ်မရှိဘူး၊ ကြိုးစားသူနဲ့ မကြိုးစားသူကို ခွဲမထားဘူးဆိုရင် ဝန်ထမ်းတွေဆီက ရေရှည်သစ္စာတရားကို ဘယ်လိုမျှော်လင့်နိုင်မှာလဲ။ ဝန်ထမ်းတွေဆီက သစ္စာရှိမှုကို မျှော်လင့်မယ်ဆိုရင် အရင်ဆုံး သူတို့ယုံကြည်ထိုက်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်မှာ ဒီအချက် (၃) ချက်ကို သတိထားပါ။ ၁။ လေးစားမှုမရှိရင် စိတ်ပိုင်းဆိုင်ရာအရ ဝေးကွာလာနိုင်တယ်။ ဝန်ထမ်းတစ်ယောက်က အလုပ်မှာ အမှားလုပ်မိနိုင်ပါတယ်။ ဒါပေမဲ့ အမှားအတွက် ပြုပြင်ပေးတာနဲ့ လူရှေ့သူရှေ့ အရှက်ခွဲတာက မတူပါဘူး။ အမြင်မတူတာနဲ့ မလေးစားတာကလည်း မတူပါဘူး။ ဝန်ထမ်းတွေရဲ့ အမြင်ကို နားထောင်ပေးပါ။ အမှားကို ပြုပြင်ပေးပါ။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ မဖျက်ဆီးပါနဲ့။ ကြောက်လို့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းနဲ့ ယုံကြည်လို့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းဟာ စိတ်နေသဘောထားချင်း မတူပါဘူး။ ၂။ မမျှတတဲ့စနစ်က ကြိုးစားချင်စိတ်ကို ဖျက်ဆီးနိုင်တယ်။ ကြိုးစားတဲ့သူနဲ့ မကြိုးစားတဲ့သူ လစာ၊ ဆုကြေး၊ အခွင့်အရေးတွေမှာ ဘာမှမကွာဘူး။ စည်းကမ်းလိုက်နာသူကပဲ အမြဲအလျှော့ပေးနေရတယ်။ တချို့ဝန်ထမ်းတွေရဲ့ အမှားကို ခွင့်လွှတ်ပေးပြီး တခြားသူတွေရဲ့ အမှားကိုတော့ ပြင်းပြင်းထန်ထန် အရေးယူတယ်။ ဒီလိုစနစ်တွေ ရှိနေမယ်ဆိုရင် ဝန်ထမ်းတွေက ကြိုးစားမှုထက် မျက်နှာသာရဖို့က ပိုအရေးကြီးတယ်လို့ ထင်မြင်လာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ မျှတတဲ့ Performance Appraisal၊ ရှင်းလင်းတဲ့ KPI၊ တိကျတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တသမတ်တည်းကျင့်သုံးတဲ့ Management System တွေ ရှိဖို့ လိုအပ်ပါတယ်။ စနစ်က မမျှတရင် လူကောင်းတစ်ယောက်တောင် ရေရှည်ကြိုးစားချင်စိတ် ပျောက်ဆုံးလာနိုင်ပါတယ်။ ၃။ ဝန်ထမ်းတွေရဲ့ သစ္စာတရားကို စကားနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့ တည်ဆောက်ပါ။ ဝန်ထမ်းတွေကို မိသားစုလို သဘောထားဖို့ ပြောနေစရာမလိုပါဘူး။ သူတို့ရဲ့ လစာကို မျှတစွာပေးပါ။ ကတိပေးထားတာတွေကို တတ်နိုင်သမျှ တည်ပါ။ အခွင့်အရေးတွေကို မျှတစွာပေးပါ။ ပြဿနာတင်ပြလာတဲ့အခါ နားထောင်ပေးပါ။ ကြိုးစားမှုနဲ့ ရလဒ်ကို အသိအမှတ်ပြုပါ။ တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ ဒီလိုလုပ်ရပ်တွေက ဝန်ထမ်းတွေအတွက် ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့ သစ္စာတရားဟာ ကုမ္ပဏီအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာနဲ့အတူ သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးထားခံရသလဲ၊ ဘယ်လောက်မျှတစွာ ဆက်ဆံခံရသလဲဆိုတာနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတဲ့အခါ သူ့ရဲ့သစ္စာမရှိမှုကိုပဲ အပြစ်မတင်ပါနဲ့။ သူ့ကို ထိန်းသိမ်းဖို့ သင့်တော်တဲ့ လစာနဲ့ အခွင့်အလမ်းတွေ ပေးခဲ့ရဲ့လား။ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခဲ့ရဲ့လား။ သူ့ရဲ့အမြင်ကို နားထောင်ပေးခဲ့ရဲ့လား။ မျှတတဲ့စနစ်နဲ့ လေးစားမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ပေးခဲ့ရဲ့လား။ ဒီမေးခွန်းတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါတယ်။ ဝန်ထမ်းတိုင်းက အမြဲသစ္စာရှိနေမယ်လို့ အာမခံလို့မရသလို လုပ်ငန်းရှင်တိုင်းကလည်း ပြည့်စုံနေနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယုံကြည်မှုနဲ့ မျှတမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်ရင် ဝန်ထမ်းကောင်းတွေ ရေရှည်လုပ်ကိုင်ချင်လာစေမယ့် အခြေအနေတွေကို ဖန်တီးနိုင်ပါတယ်။ သစ္စာတရားကို အမိန့်ပေးလို့ မရပါဘူး။ ယုံကြည်မှု၊ လေးစားမှုနဲ့ မျှတမှုတွေကနေ တဖြည်းဖြည်း တည်ဆောက်ရတာပါ။ #WorkplaceCulture #EmployeeRetention #Leadership #HRStrategy #PeopleManagement

About