@yamonekhin111: ဖြူးမြို့ ဒက္ခိဏာရုံ ကျောင်းတိုက်ကြီး၏ ကျောင်းဒါယကာများ ဖြစ်ကြသည် ။ သူတို့ မိသားစုသည် ဝါတွင်း ဥပုသ်နေ့တိုင်း ဥပုသ်မပြတ် စောင့်ထိန်းကြသည် ။ တရားဘာဝနာ ပွားများကြသည် ။ တစ်ချိန်တွင် ဝါတွင်း ဥပုသ်နေ့ ( ၂ ) နေ့ ဆက်ပြီး ကျောင်းဒါယကာ ဇနီးမောင်နှံတို့သည် ဥပုသ်စောင့် ပျက်ကွက်ကြသည် ။ နောက် တစ်ဥပုသ်နေ့ရောက်တော့ ပုံမှန်အတိုင်း ကျောင်းသို့ရောက်လာပြီး ဥပုသ်စောင့်ကြသည် ။ ဆရာတော်ဘုရားကြီးက ကျောင်းဒကာ ဇနီးမောင်နှံနှစ်ဦး အရင် ဥပုသ်နှစ်ပတ်က ဥပုသ်စောင့် မလာသည့်ကိစ္စ မေးသည် ။ " မှန်လှပါဘုရား၊ သားသမီးကိစ္စတွေ ဆောင်ရွက် လုပ်ကိုင်ပေးနေရတာနှင့် ဥပုသ် နှစ်ပတ် ပျက်သွားရပါတယ် ဘုရား " ဟု ကျောင်းဒါယကာကြီးက လျှောက်ထားသည်။ " အင်း•••သားသမီးကိစ္စ သားသမီးကိစ္စနဲ့ ••• သိပ်သံယောဇဉ်များ ဒုက္ခမပွားကြနဲ့ ၊ (သားစွဲ သမီးစွဲ ကျောပြဲရသည် ဆိုတဲ့စကား မကြားဖူးကြဘူးနဲ့ တူတယ်)" ဟု ဆရာတော်ကြီးက မိန့်ကြားသည် ။ " မှန်လှပါ မကြားဖူးပါဘူး၊ သိပါရစေဘုရာ " " အေး•••နားထောင်ကြ၊ ရှေးက ရွာတစ်ရွာမှာ လင်မယား နှစ်ယောက် ရှိကြသတဲ့ ။ သူတို့မှာ သမီးလေးတစ်ယောက် ကလည်း ရှိကြသတဲ့ ။ တစ်ဦးတည်း သမီးဆိုတော့ ချစ်လိုက်ကြတာကလည်း တုန်လို့တဲ့ ။ အချိန်တန် အရွယ်ရောက်တော့ သမီးလေးကို သင့်တော်သူနဲ့ အိမ်ထောင်ချပေးသတဲ့ ။ သမီးလေး အိမ်ထောင်ကျသွားသော်လည်း•• သမီးလေးကို မခွဲနိုင် မခွာရက်သည့်အတွက် အိမ်မှာပဲ အတူ လာနေစေသတဲ့ ။ သမီးနဲ့ သမက် ဝေယျာဝစ္စကိုလည်း အမြဲလုပ်ပေးနေရသလို•• ဘုရားသွား ကျောင်းတတ် ဥပုသ်သီတင်းတောင် ပုံမှန် မသွားနိုင် မစောင့်နိုင်ကြဘူးတဲ့ ။ ဒီလို သားစွဲ သမီးစွဲနှင့် အချိန်ကုန်လာခဲ့ရာကနေ အသက်အရွယ်က ကြီးကြီးလာပြီး အနာရောဂါကဖြစ်လာ ဖိစီးလာတော့ သေခြင်းတရားဘက်သို့ နီးလာသတဲ့ ။ ဒီလိုသေခြင်းတရား နီးလာတော့လည်း သားသမီး သံယောဇဉ်ကြောင့် တရားဓမ္မဘက် ကို မေ့နေကြသတဲ့ ။ ဒီလိုနဲ့ အဘွားကြီးက အရင်သေသတဲ့။ သေတော့ သမီးစွဲ သံယောဇဉ်ကြောင့် ထိုအိမ်မှာ ခွေးမကြီးပဲ ပြန်ဖြစ်ရသတဲ့ ။ အဘိုးကြီးလည်း မကြာခင်သေပြီး သမီးရဲ့ သံယောဇဉ်ကြောင့် ထိုအိမ်မှာပဲ နွားပြန်ဖြစ်ရသတဲ့ ။ ခွေးမကြီးက သမီးကို အလွန်ချစ်တော့ သမီးနားက မခွာဘဲ နေသတဲ့ ။ သမီး ထမင်းချက်ရာမှာလည်း အမြီး တနန့်နန့်နဲ့ ထဘီကို လျှာနှင့်လျက်ပေးသတဲ့ ။ အဘိုးကြီးတစ်ဖြစ်လဲ နွားကြီးကလည်း သမီးလယ်ယာမှာ တအားကုန်ကျုံး ထွန်ယက်လုပ်ကိုင် ပေးရသတဲ့ ။ ဒီလိုလုပ်ပေးရင်းကပင် သမီးယောက်ျားက နွားကျောပြင်ကို ခဏခဏ ရိုက်နှက်ပြီး စေခိုင်းသတဲ့ ။ တစ်နေ့ကျတော့ သမီးက မီးဖိုထဲ ထမင်းချက်နေရင်း အဆင်မပြေတာတစ်ခုဖြစ်ပြီး စိတ်မကြည်လင် ဒေါသဝင်နေသတဲ့ ။ အဲဒီအချိန်မှာ ခွေးမကြီးကလည်း ထုံးစံအတိုင်း သမီးနားလာပြီး သမီးကို လျှာနဲ့လျက်ပေးသတဲ့ ။ စိတ်မကြည်မလင် ဒေါသထွက်နေတဲ့ သမီးက••• " ဟဲ့•••လူက အလုပ်အဆင်မပြေလို့ ဒေါသထွက်နေရတဲ့အထဲ ဒီခွေးမက လာရှုပ်ပြန်ပြီ " ဆိုပြီး ရဲရဲတောက်နေတဲ့ မီးစနဲ့ ခွေးမဗိုက်ကို တအား ထိုးလိုက်သတဲ့။ မီးအပူရှိန်က ပြင်းထန်လေတော့ ခွေးမရဲ့ဗိုက်မှာ အရေခွံလန်ပြီး အဆီတရွှဲရွှဲနှင့် ပြင်းစွာ ခံရသတဲ့ ။ ခွေးမဟာ သူလို တိရစ္ဆာန် သဘာဝချင်းတူသူ ယောက်ျားကြီး ဒီအိမ်မှာ နွားဖြစ်နေတာကို သိသတဲ့ ။ အဲဒါနဲ့ ခွေးမဟာ ပြင်းထန်သော မီးလောင်ဒဏ်ကို အလူးအလိမ့်ခံ အော်ဟစ်ရင်း ••• သူ့ဘဝဟောင်းက ယောက်ျားဖြစ်တဲ့ နွားကြီး အလုပ်လုပ်နေရာ လယ်ယာထဲသို့ ပြေးသွားသတဲ့ ။ အဲဒီအချိန်မှာ သမက်ကလည်း မယားထမင်းလာပို့တာကို စောင့်ရင်း ထွန်ယက်မှု ခဏနားနေလို့ နွားများကို အနားပေးထားသတဲ့ ။ ခွေးမက နွားကြီးရှေ့သွားပြီး••• " ကြည့်စမ်းပါဦးတော် ရှင့်သမီးလုပ်ပုံက၊ ကျုပ်တို့မှာတော့ သမီးလေးချစ်လွန်လို့ ခွေးဖြစ်တာတောင် လိုက်လံစောင့်ရှောက်ပေးနေရတယ် ။ ယခုတော့ ကြည့်ပါဦး••• တော်သမီးက ကျွန်မဗိုက်ကို မီးစနဲ့ထိုးလိုက်တာ ဗိုက်မှာ အဆီတွေ ရွှဲရွှဲစိုတော့ တာပါပဲတော် " လို့ ပြောသတဲ့ ။ အဲဒီအခါမှာ ထွန်တုံးတန်းလန်းနဲ့ နွားကြီးက ခွေးမကို စိမ်းစိမ်းကြည့်ပြီး••• " ရှင်မ•••နင့်မှာက ယခုမှ ဗိုက်အဆီရွှဲဖြစ်အောင် မီးစနဲ့ အထိုးခံတယ် ။ ငါ့မှာက နင့်သမီးယောက်ျား နေ့စဉ်ရိုက်နှက်လို့ ကျောပြင်တစ်ခုလုံး ပြဲကွဲနေရတယ် ။ ဟဲ့ •••ချစ်ချင်ဦး နင့်သမီး " လို့ ပြောသတဲ့ ။ ယခုလည်း ကျောင်းဒကာတို့ သားစွဲ သမီးစွဲနေကြ••• ကျောပြဲနေကြဦးမယ်နော် " ဟု ဆရာတော်က ပြုံးပြုံးနှင့် မိန့်တော်မူရာ ကျောင်းဒါယကာ ဇနီးမောင်နှံနှင့် ဥပုသ်စောင့် ပရိတ်သတ်တို့မှာ သံဝေဂ လည်းရ၊ သဘောလည်းကျကြ၍ ရယ်မော ကြလေတော့သည် ။ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။သားသမီးရှိ့မိဖများ ဖတ်စေခြင်းးးမင်ထံ ရွှေကျင်။
🌿🌿🌿ဧရာဝတီ🌿🌿🌿(Official).
Region: MM
Thursday 22 October 2026 23:28:40 GMT
Music
Download
Comments
San San Aye :
စာဖတ်ပြီးရင်ထည်းမကောင်းပါဘူးဘုရားသားသမီးအပေါ်မာအစွဲးအလန်းတေကိုရောှနိုင်အောင်ကြိုးစားပါတော့မယ်ဘုရားး
2026-10-23 08:58:49
1
win naing :
စာရေးသူကိုကျေးဇူးတင်ပါတယ်ဗဟုတုတရပါတယ်များများတင်ပေးပါ
2026-10-23 13:21:08
1
မြင့်မြတ်အောင် :
ကျေးဇူးပါ
2026-11-03 13:51:42
0
Min Lwin :
တရားနာသလို့..နဲ့..ရှင်ဘုရားပြောပြ..ဆုံဆိုးမစကားတွေ..နားထောင်ကြရန်..သာဓု.. သာဓု.သာဓု..ပါ[Perfect score]
2026-10-23 01:18:19
1
Godd Ness :
စွဲလန်းစိတ်ကိုဖျောက်ဖျက်ပစ်နိုင်သူဖြစ်ရပါလို၏ဂ🙏🙏🙏
2026-10-23 08:28:27
1
user930221615148💜Khin Lay💜 :
စာရေကိုကြေဇူတင်ပါသည်သာဓုသာဓုသာဓု
2026-10-23 05:17:12
1
စာပို့ကျပိုးလေး :
လေးစားပါတယ်မဂ်လာပါစာရေးသူ
2026-10-22 23:40:25
1
Daw Khin Soe Lwin :
သာဓု သာဓု သာဓုပါ
2026-10-24 10:38:16
0
uaung8951 :
2026-10-24 12:39:03
0
Daw Yin Mar :
မှန်လိုက်တာ[Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-31 08:22:38
0
ko :
🤭🤭🤭🤭🤭🤭🤭🤭🤭🤭🤭🤭🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-22 23:36:44
1
user8961937690593 :
2026-10-23 00:48:47
1
niki-1 :
2026-10-24 05:54:44
0
Than Aye :
❤️❤️❤️❤️❤️❤️🙏🙏🙏
2026-10-23 16:13:08
1
🕘🏌 :
❤️❤️❤️
2026-10-23 14:28:52
1
🤍 Anti Nan 🤍 :
🥰🥰🥰🥰🥰🥰
2026-10-23 09:00:41
1
MAUNG1500$$ :
🥰🥰🥰
2026-10-23 09:05:15
1
U Ye :
❤️❤️❤️
2026-10-23 08:58:20
1
Daw Than Than Maw :
🥰🥰🥰
2026-10-23 02:20:13
1
အိုအေစစ် :
❤️❤️❤️
2026-10-23 00:58:01
1
TLA :
🥰🥰🥰
2026-10-24 05:15:47
0
ဦးဦး။ ဦးဦး :
🥰🥰🥰
2026-10-24 05:18:39
0
🧑🤝🧑U Win Bo🍒🍒 :
🥰🥰🥰
2026-10-30 05:17:39
0
@oolaygyi1234 :
🥰🥰🥰
2026-10-24 09:18:37
0
To see more videos from user @yamonekhin111, please go to the Tikwm
homepage.