@hpaandiscovery: စိတ်၏အေးချမ်းရာ ဆံတော်ရှင်မုလအိစေတီတော်။ ဆံတော်ရှင်မုလအိစေတီတော်ကို ဒီတခါတော့ camping vibes တွေ တောင်အလှတွေထက် ဃို့ပေါ်မူးရင်ပြင်နဲ့ ဃို့ပေါ်ခွားရင်ပြင် နှစ်ခုရဲ့ သပ္ပာယ်လှတဲ့ အလှအပတွေကို ဖော်ပြပေးလိုပါတယ်။ မုလအိစေတီ ဓမ္မာရုံကနေ တည့်တည့်တက်သွားရင် ပထမဆုံးတွေ့ရတဲ့ စေတီကတော့ ဃို့ပေါ်မူးစေတီတောင်ပါခင်ဗျာ။ ဒီနေရာကိုတော့ အမျိုးသမီးရော အမျိုးသားများရော တက်ရောက်ဖူးမြှော်နိုင်ရန် ထားရှိပါတယ်။ ဃို့ပေါ်မူးကနေတဆင့် တည့်တည့်ဆက်တက်ရင် ဃို့ပေါ်ခွားစေတီတောင်လို့ ခေါ်တဲ့ အမျိုးသားများသာ တက်ရောက်ဖူးမြှော်နိုင်တဲ့ စေတီတောင်လေးရှိပါတယ်။ ဒါကတော့ မုလအိရဲ့ အမြင့်‌ဆုံး တောင်ထွဋ်နေရာပါ။ စိတ်တွေအရမ်းပင်ပန်းနေတဲ့အချိန်မှာ မုလအိဆံတော်ရှင်ရဲ့ ဆည်းလည်းသံတွေ ပုထိုးတွေရဲ့ ခေါင်းလောင်းသံတွေဟာ လူတွေရဲ့စိတ်ကို အတွင်းပိုင်းထိ နက်ရှိုင်းစွာ အေးမြစေပါတယ်။ မုလအိကို တကြိမ် ရောက်ဖူးယုံနဲ့တင် နောက်ထပ်အကြိမ်ကြိမ်ပြန်လာဖို့ ကြိုးစားကြတာဟာလည်း မုလအိတောင်ရဲ့ ထူးခြားချက်တခုပါပဲ။ ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံး တောင်ထွဋ်မှာ တည်ထားကိုးကွယ်တဲ့မုလအိစေ‌တီတောင်ကို ဘာသာရေးအရလည်ပတ်ရုံမကပဲ သူ့အနီးက မုဆိုးတောင်စေတီဘက်မှာလည်း ခရီးသွားပြည်သူတွေက စခန်းချညအိပ် လာရောက်လည်ပတ်ကြပါတယ်။ နို၀င်ဘာလထဲမှာတော့ Hpa-an Discovery ရဲ့ မုလအိတောင် မုဆိုးတောင် စခန်းချ ညအိပ် ခရီးစဉ်များရှိပါတယ်။ #mulayit #camping #hpaan_discovery #beyondordinary_seethehidden

Hpa-an Discovery
Hpa-an Discovery
Open In TikTok:
Region: TH
Friday 23 October 2026 04:53:46 GMT
10762
1603
8
91

Music

Download

Comments

htet.wai.yan2760
Htet wai Yan :
တိမ်တေပေါ်မှာ တည်ထားသလိုပဲ
2026-10-23 10:17:12
1
myintmonmon1986
Myint Myint Mon :
လာဖူးရပါစေဘုရား
2026-11-04 04:57:06
0
ammt1098
mthetnaing :
[Pray][Pray][Pray][Rainbow][Rainbow][Rainbow]🌍🕊
2026-11-04 02:15:42
0
laylaykhaing9999
NAN WlN.442💞💞 :
🙏🙏🙏
2026-11-04 01:45:59
0
kind.kyaw5
Kind Kyaw :
🙏🙏🙏
2026-11-02 13:15:51
0
soeoo343
Soe Oo :
🥰🥰🥰
2026-10-25 04:16:31
0
aung.san.ko7018
V :
🙏🙏🙏
2026-10-23 06:06:31
0
win.muyar.aung
Win Muyar Aung :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-08 08:34:40
0
To see more videos from user @hpaandiscovery, please go to the Tikwm homepage.

Other Videos


About