@naw..ban: အချစ်ဆိုတာ တစ်သက်စာဖျက်မရတဲ့ အရိပ်ပမာ ။ အလွမ်းဆိုတာကမ္ဘာဦးမှော်ဝင်နတ်များရဲ့နှစ်ချို့ကျိန်စာ။ ချစ်ခြင်းရဲ့အစေအပါးရယ်လို့ပြောချင်သူများ ပြောရော့ ။ ကျွန်တော်ကတော့ အချစ်ကဗျာ အချစ်ဝတ္ထု များ အရေးသန်တာကိုတော့ ဝန်ခံရပါမယ် ။ အချို့သူများလည်း ကျွန်တော့်လိုဖြစ်ချင်ဖြစ်မှာပါ ။ အချစ်နဲ့ပါတ်သက်ပြီး ၂၀၁၇ လေအန်ကုန်း အမှတ် ( ၂ ) မဂ္ဂဇင်းမှာပါတဲ့ ကျွန်တော့်ဝတ္ထုတိုထဲမှာ အချစ်ဆိုတာ ဘာလဲဆိုပြီး ဇာတ်ကောင်မောင်နိုင်ကိုမေးခိုင်းပြီး ယခုလို ဖြေထားပါတယ် ။ အချစ်ဆိုတာ အင်္ဂလိပ်လို Love ပေါ့ ။ Love ဆိုတာ အချစ်တစ်ခုတည်း မဟုတ်ဘူး ။ သဘောတရားနဲ့လက် တွေ့ အတူပေါင်းစပ်ဆောင်ရွက်ရမယ့် လူမှုကိစ္စတစ်ခု...။ ဆက်မရေးတော့ပါဘူး။ အမုန်းလား ဒီနေ့မရှိဘူး ဝတ္ထုတို ပေါင်းချုပ်မှာ ပြန်ထည့်ထားပါတယ် ။ ဖတ်ကြည့်လိုက် နော်။ ကျွန်တော်ပြောချင်တာက ကျွန်တော့်ဝတ္ထုတွေ ကဗျာတွေကို ဖတ်မိတဲ့စာဖတ်သူအချို့က ကျွန်တော့် အနေနဲ့ စကားလုံးတွေလိုသလိုသုံးနိုင်အောင် ဘယ်လိုရှာကြံပါသလဲ ။ ဝတ္ထုနဲ့ကဗျာဖြစ်အောင်ဘယ်လိုစဉ်းစား ပါသလဲ ။ မေးခွန်းတွေကို မေးတတ်ကြပါတယ် ။ အဲဒီမေးခွန်းက ကျွန်တော်ဖြေရခက်တဲ့မေးခွန်းပါ။ အဲဒါကြောင့်လည်း ထူးထူးခြားခြားပြန်မဖြေခဲ့ပါဘူး ။ ဆရာ ဆရာမ အချို့က မင်းဆက်ပိုင် ဟာ စကားလုံးအသုံးအ နှုန်းကြွယ်တယ်။ ဆန့်ကျင်ဖက်စကားလုံးတွေကိုပေါင်းစပ်သုံးတတ်တယ်လို့ ပြောဆိုဖူးပါတယ် ။ မြန်မာစာအစ်ကိုလည်းဖြစ် ဆရာလည်းဖြစ်တဲ့ ဆရာနန္ဒာမိုးကြယ်ကတော့ မင်းဆက်ပိုင်ဟာ ကဗျာမည်သော ကဗျာတို့ကို နုချင်တဲ့အခါနု ကြမ်းချင်တဲ့အခါကြမ်းပြီး ကဗျာဆန်ဆန်ရေးနိုင်စွမ်းရှိသူလို့ ပြောခဲ့ပါတယ် ။ စာဖတ်သူအချို့ပြောသလို ကျွန်တော့်အနေနဲ့ လည်း အချို့သောစကားလုံးတွေ ဘယ်လိုရလာသလဲ သိ ချင်ပါတယ် ။ ပိုပြောတာမဟုတ်ပါဘူး ။ အချို့သော ဆရာ ဆရာမတွေလည်းဖြစ်ဘူးကြမှာပါ ။ ဒီတစ်ခါတော့ စကားလုံးတွေဘယ်လိုတည်ဆောက်သလဲ ။ ကဗျာ ဝတ္ထုတွေကို ဘယ်လိုတည်ဆောက်သလဲဆိုတာကို ကျွန်တော်တတ်သ လောက်နည်းနည်းပြောကြည့်မယ်နော် ။ မှားရင်ခွင့်လွှတ်ပါ ။ စာရေးဆရာ ကဗျာဆရာ ဒါမှမဟုတ် အနုပညာ သမားတွေဟာ ခံစားမှုအားကောင်းရပါတယ် ။ အခြားသူ ခံစားနေတာကိုလည်း မိမိခံစားရသလို ချက်ခြင်းခံစားနိုင်ရပါမယ် ။ မိမိစိတ်ကို ပျော့ပျော့ပြောင်းပြောင်းထားရပါမယ် ။ ခံစားမှုကို ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်ရပါမယ် ။ ဥပမာ ရုပ်ရှင်ထဲမှာ မင်းသမီးတွေ ငိုနေတာကနေ ချက်ခြင်း ရယ်လိုက်တာတွေ့ဖူးမှာပါ ။ အဲဒါ ခံစားမှုကိုပြောင်းလွယ် ပြင်လွယ်လုပ်တတ်တာပါ ။ စာရေးဆရာ ကဗျာဆရာတွေလည်း အဲဒီလိုစိတ်မျိုးရှိနေရပါမယ် ။ ထပ်ပြောရင် စာရေးတဲ့သူတွေအားလုံး ဗျည်း ၃၃ လုံး ကို ကိုင်ရေးတာပါ ။ စာရေးဆရာ ကဗျာဆရာတွေလည်း ဗျည်း ၃၃ လုံးကိုပဲကိုင်ရေးတာပါ။ အပိုမရပါဘူး။ ဒါဖြင့် စာရေးဆရာ ကဗျာဆရာတွေရဲ့စကားလုံးက ဘာကြောင့် ပြောင်မြောက်ပြီးနုချင်တဲ့အခါနု ကြမ်းချင်တဲ့အခါကြမ်းလို့ရနေတာလဲ ။ အဲဒါ စာရေးဆရာ ကဗျာဆရာတွေ ရင်ထဲ မှာရှိနေတဲ့စိတ်ကြောင့် တစ်နည်းအားဖြင့် အနုပညာစိတ် စိတ်ကြောင့်ဖြစ်ပါတယ် ။ ကဲ ဒီလောက်ဆိုရင် ကျွန်တော့်အနေနဲ့ စကားလုံးတွေ ဘယ်လိုရှာကြံသလဲ ။ ကဗျာတွေ ဝတ္ထုတွေ ဘယ်လိုတည်ဆောက်သလဲ ဆိုတာသိလောက် ပြီလို့ ထင်ပါတယ် ။ ဆရာလုပ်တယ်လို့မထင်နဲ့နော် ။ ကဗျာတစ်ပုဒ်တင်လိုက်ပါ့မယ် ။ ကျေးဇူးပါ ။ ပန်းသခင်ရဲ့ ကြယ်တွေခူးတဲ့လက် ကြယ်ကလေးရေ..ငိုနေတာလား ပျို ပျိုမေ မခူးတာ ဦးသူရှိနေလို့ .......။ ဘယ်လို ဘယ်လို ကြွေချင်တယ် ဟုတ်လား ..... ကြွေလိုက်လေ... အလွမ်းတွေကို ပန်းဖူးဖူးလေးလို ခူးလိုက်ပါ့မယ်..မခို့တရို့ ....... ။ ။ မင်းဆက်ပိုင်

Naw. ban. 🇯🇵🇯🇵❤🇲🇲🇲🇲
Naw. ban. 🇯🇵🇯🇵❤🇲🇲🇲🇲
Open In TikTok:
Region: SG
Friday 23 October 2026 04:57:44 GMT
6004
404
19
41

Music

Download

Comments

user205862923
Zaw Gyi :
🥰
2026-10-23 09:10:27
1
tin.htway78
Tin Htway :
👍
2026-10-23 08:29:09
1
htay.htay8033
Htay Htay :
သချင်တိုင်မုာခံစာမူလေးတွေ့ကအပြည်ပါပဲနော်အောင်မြင်မူမျာစွာအောင်မြင်ပါစေ့လို့ဆုတောင်ပေးလိုက်ပါတယ်နော်😳😳😳😳😳😳😳😳😳😳😳
2026-10-23 16:41:23
0
aye.win1199
Thandar :
🥰🥰🥰
2026-10-23 05:26:52
1
user208770293
Ko Gyi :
2026-10-23 09:19:31
1
user2320155203061
💜💜ပန်းချစ်သူ💞💞💞 :
အားပေးလိုက်ပါပီ
2026-10-23 15:46:48
0
duhz.gi
Tracy 1 love :
2026-10-23 16:09:02
0
nunu.paw.beikhai
B.K.L :
သီချင်းကောင်းလိုက်တာမခံစားနိုင်တော့ဘူဟ🥰🥰
2026-10-23 14:54:01
0
cherrymon4656
cherrymon4656 :
🥰🥰🥰🥰🥰🥰
2026-10-23 09:05:59
1
khin.mar1876
Khin Mar :
🥰🥰
2026-10-23 13:43:38
0
mk327578
MK :
အားပေးလျက်ပါ
2026-10-23 13:46:53
0
marip.la21
Marip La :
2026-10-23 05:07:29
1
cherrymon4656
cherrymon4656 :
🥰🥰🥰🥰🥰🥰🥰
2026-10-23 09:05:51
1
user561627509
Moe Moe :
😎😎😎
2026-10-23 09:36:55
1
yannaingphyo5458
yannaingphyo5458 :
🥰🥰🥰
2026-10-23 08:24:22
1
soesoee68
S✨ :
🥰🥰🥰🥰🥰🥰🥰🥰
2026-10-23 08:07:37
1
moe.tha.khin78
Moe Tha Khin :
☺️
2026-10-23 07:54:25
1
chulay66625
Cherry Phyo :
🥰🥰🥰🥰🥰
2026-10-23 08:21:54
0
time.city620
🥰🥰😍😍နှင်းဝေလွင့်😍😍😍 :
🥰🥰🥰
2026-10-23 12:13:25
0
To see more videos from user @naw..ban, please go to the Tikwm homepage.

Other Videos


About