@u0u433: #水彩画 #titokvideo

@-@
@-@
Open In TikTok:
Region: MY
Friday 23 October 2026 05:29:36 GMT
38
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @u0u433, please go to the Tikwm homepage.

Other Videos

#**​လူတွေ ကိုယ့်ကို အမြင်မကြည်တာ၊ မုန်းတာဟာ ကိုယ်က တန်ဖိုးရှိလို့လား... ဒါမှမဟုတ် တန်ဖိုးမရှိတဲ့ အလေလွင့်တစ်ယောက်မို့လို့ အမုန်းခံရတာလား? ​ကျွန်တော်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး အထိရောက်ဆုံး ရှင်းပြပေးပါမယ်။* ** * **ကိုယ်က ပတ်ဝန်းကျင်မှာ တခြားသူတွေနဲ့မတူဘဲ ကွဲထွက်နေရင်၊ လွှမ်းမိုးလို့မရရင်၊ လူတွေ ကြောက်တာ ခံရရင်၊ လူတွေ ရှိန်တာ ခံရရင်... အဲဒီလို အချက်တွေကြောင့် အမုန်းခံရတာဟာ တန်ဖိုးရှိတဲ့သူ ဖြစ်လို့ပါ။ ♟️* ** ​ * **​ဟိုးရှေးရှေးတုန်းက... ​လယ်သမားကြီးတစ်ယောက်မှာ အဖြူရောင် ပန်းခင်းကြီး အကြီးကြီးတစ်ခု ရှိတယ်။ အဲဒီ ပန်းခင်းဖြူကြီးတစ်ခုလုံးထဲမှာ ပန်းပွင့်ဖြူလေးတွေနဲ့ အရောင်မတူတဲ့ ပန်းပွင့်နီလေး တစ်ပွင့် ပေါက်နေတယ်။ 🥀 ​အဲဒါနဲ့ ပန်းပွင့်ဖြူလေးတွေဟာ
#**​လူတွေ ကိုယ့်ကို အမြင်မကြည်တာ၊ မုန်းတာဟာ ကိုယ်က တန်ဖိုးရှိလို့လား... ဒါမှမဟုတ် တန်ဖိုးမရှိတဲ့ အလေလွင့်တစ်ယောက်မို့လို့ အမုန်းခံရတာလား? ​ကျွန်တော်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး အထိရောက်ဆုံး ရှင်းပြပေးပါမယ်။* ** * **ကိုယ်က ပတ်ဝန်းကျင်မှာ တခြားသူတွေနဲ့မတူဘဲ ကွဲထွက်နေရင်၊ လွှမ်းမိုးလို့မရရင်၊ လူတွေ ကြောက်တာ ခံရရင်၊ လူတွေ ရှိန်တာ ခံရရင်... အဲဒီလို အချက်တွေကြောင့် အမုန်းခံရတာဟာ တန်ဖိုးရှိတဲ့သူ ဖြစ်လို့ပါ။ ♟️* ** ​ * **​ဟိုးရှေးရှေးတုန်းက... ​လယ်သမားကြီးတစ်ယောက်မှာ အဖြူရောင် ပန်းခင်းကြီး အကြီးကြီးတစ်ခု ရှိတယ်။ အဲဒီ ပန်းခင်းဖြူကြီးတစ်ခုလုံးထဲမှာ ပန်းပွင့်ဖြူလေးတွေနဲ့ အရောင်မတူတဲ့ ပန်းပွင့်နီလေး တစ်ပွင့် ပေါက်နေတယ်။ 🥀 ​အဲဒါနဲ့ ပန်းပွင့်ဖြူလေးတွေဟာ "သူက ငါတို့နဲ့လည်း မတူဘူးနော်... သူသာ မရှိရင် ငါတို့က စီစီရီရီနဲ့ ကြည့်လို့ လှနေမှာ။ အဲဒီ ပန်းပွင့်နီ မြန်မြန်ညှိုးရင်ညှိုး၊ မညှိုးရင် တစ်ခုခုလုပ်မှပဲ" လို့ တိုင်ပင် ပြောဆိုနေကြတယ်။ (ဒါဟာ သူတို့နဲ့ မတူလို့၊ အကြောင်းမဲ့သက်သက် အမုန်းခံရခြင်းပါ။) 👁️‍🗨️* ** * **​ရက်အနည်းငယ် ကြာတော့ ပန်းပွင့်နီလေးရဲ့ အမြစ်တွေဟာ ရွှေရောင်သွေးကြောတွေလို လှပနေပြီး၊ သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုပုံစံဟာလည်း တခြားပန်းတွေနဲ့မတူဘဲ ပိုပြီး တင့်တယ် လှပနေခဲ့တယ်။ သူ့ရဲ့ သင်းရနံ့လေးကလည်း ရှူရှိုက်မိသူတိုင်းကို အလွန်ပင် မွှေးပျံ့စေပြီး စိတ်ညှို့သွားစေနိုင်လောက်တဲ့ အထိ ရတတ်တယ်။* ** * **​အဲ့ဒါနဲ့ ပန်းပွင့်ဖြူလေးတွေက "ငါတို့ လယ်သမားကြီးက ငါတို့ကို ဓာတ်မြေသြဇာတွေ၊ ရေတွေ မတိုက်ကျွေးတော့ဘဲ ပိုလှလာတဲ့ ပန်းပွင့်နီလေးကိုပဲ တယုတတ တန်ဖိုးထားကာ ဓာတ်မြေသြဇာတွေ၊ ရေတွေ ပိုတိုက်ကျွေးနေရင်၊ ငါတို့ ပန်းပွင့်ဖြူလေးတွေက သူ့ထက် အစာရေစာနဲ့ ဂရုစိုက်မှု ပိုမရခဲ့ရင် ငါတို့ ပန်းပွင့်နီရဲ့ နောက်မှာ ကျန်ခဲ့တော့မှာပဲ" လို့ စိုးရိမ်ထိတ်လန့်ပြီး ပန်းပွင့်နီကို မုန်းတထပ်မုန်းလာတယ်။ (ဒါဟာ သူတို့ထက် သာသွားမှာကို ကြောက်လို့ အကြောင်းမဲ့သက်သက် အမုန်းခံရခြင်းပါ။)* ** * **​ဒါပေမဲ့ လယ်သမားကြီးဟာ သူတို့ထင်သလို ပန်းပွင့်နီလေးကိုပဲ ပိုဂရုစိုက်တာမဟုတ်ဘဲ ပန်းပွင့်ဖြူလေးတွေကိုပါ တယုတတထားပြီး တန်တူညီမျှစွာ ဆက်ဆံခဲ့တယ်။ အဲ့ဒီအခါကျမှသာ ပန်းပွင့်ဖြူလေးတွေဟာ သက်ပြင်းချနိုင်ခဲ့ကြတယ်။ ⚖️* ** * **​ဒါပေမဲ့ ပန်းပွင့်နီလေးကို မုန်းတဲ့စိတ်က မပျောက်သေးဘူး။ အဲ့ဒါနဲ့ ပန်းပွင့်ဖြူလေးတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး ပန်းပွင့်နီလေးကို စတင်ပုတ်ခတ် ပြောဆိုပါတော့တယ် "သင့်ကြောင့် ငါတို့ရဲ့ ပန်းခင်းကြီးဟာ စီစီရီရီနဲ့ ကြည့်မလှတော့ဘူး၊ ငါတို့ ပန်းခင်းထဲကနေ အခုချက်ချင်း ထွက်သွား" လို့ ပန်းပွင့်နီကို ဝိုင်းပုတ်ခတ် ပြောဆိုကြတယ်။ ဒါပေမဲ့ ပန်းပွင့်နီလေးကတော့ သူတို့ပြောသမျှ စကားတွေကို လျစ်လျူရှုပြီး ရေခဲတုံးကြီး တစ်ဖွယ်ငြိမ်သက်စွာ နေနေခဲ့တယ်။ 🛡️* ** * **​ပန်းပွင့်ဖြူလေးတွေဟာ ဘယ်လောက်ပဲ ပုတ်ခတ်ပြောပြော သူတို့ပြောသမျှ စကားတွေဟာ ပန်းပွင့်နီကို လွှမ်းမိုးလို့ မရပါဘူး။ နောက်ဆုံး ပန်ပွင့်ဖြူလေးတွေကပဲ လက်လျော့ပြီး ပြန်ငြိမ်ကြ သွားရပြန်တယ်။ ဒါပေမဲ့ ပန်းပွင့်ဖြူလေးတွေရဲ့ အညှိုးတွေဟာ ပိုပြိီး ကြီးထွားလာခဲ့တယ်။ (ဒါဟာ လွှမ်းမိုး ချုပ်ကိုင်လို့မရသောကြောင့် အမုန်းခံရခြင်းပါ။) ♟️* ** * **​ပန်းပွင့်နီလေးဟာလည်း ရက်တွေကြာလာတာနဲ့အမျှ ပိုလှပတင့်တယ်လာတယ်။ အဲဒီအခါ ပန်းပွင့်ဖြူတွေရဲ့ စိတ်ထဲမှာ ပိုပြီး မလုံမလဲဖြစ်လာလေလေပါပဲ။ "ငါဟိုပန်းပွင့်နီကို ကြာလေ ကြည့်မရလေပဲကွာ၊ ငါတို့ လယ်သမားကြီးက ဘယ်အချိန်မှာ ပန်းပွင့်နီကိုပို ဂရုစိုက်ပြီး ငါတို့ကို ထားသွားဦးမလဲ မသိဘူး၊ အဲဒီလိုဖြစ်သွားရင် ငါတို့အကုန် သွားပြီပဲ၊ အဲ့ဒီကောင်ကို တစ်ခုခုလုပ်မှ" လို့ တွေးကြပြန်တယ်။ (ဒါဟာ မိမိရဲ့တန်ဖိုး၊ အရည်အချင်း၊ အရှိန်အဝါတွေကြောင့် အရှိန်ခံရပြီး အမုန်းခံရခြင်း ဖြစ်ပါတယ်။) 🖤* ** * **​အနှစ်ချုပ် -* ** * **​ကိုယ်က တန်ဖိုးရှိလို့ အမုန်းခံရတဲ့သူလား... ဒါမှမဟုတ် တန်ဖိုးမရှိလို့ အမုန်းခံရတဲ့သူလား? ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ 🧠* ** * **​ကျွန်တော်ပြောတဲ့ ပုံပြင်ထဲကလို ကိုယ်က အရည်အချင်းရှိတယ်၊ တန်ဖိုးရှိတယ်၊ သူတစ်ပါးရဲ့ အပြုအမူ အပြောအဆိုတွေက ကိုယ့်ကို မလွှမ်းမိုးနိုင်ဘူး၊ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှလည်း မထိခိုက်စေဘူးဆိုရင် မိတ်ဆွေ... ခေါင်းကို မော့ရင်ကိုကော့ပြီး "သူတို့ ငါ့ကို ဘာလို့မုန်းတာလဲ" လို့ အဖြေရှာနေမယ့်အစား၊ "မြောင်းပုတ်ထဲကဖားတွေက နံ့သာဆီအနံ့ မရဖူးလို့ အော်နေတယ်" လို့သာ မှတ်ထားလိုက်ပါ။* ** * **​တန်ဖိုးရှိတဲ့ သူတစ်ယောက်က ကိုယ့်အကြောင်းကို သူတစ်ပါး ပါးစပ်ပေါက်ကနေတစ်ဆင့် သိစရာ မလိုပါဘူး။ * **

About