@msub.movie: Action thriller series ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ စောင့်ရကျိုးနပ်စေမယ့် The Terminal List ရဲ့ ဒုတိယရာသီက ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ Prime Video ကနေ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဂျက်ကားလ် ရဲ့ နာမည်ကျော် True Believer ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား ခရစ်ပရက်တ် က ဂျိမ်းစ်ရိစ် အဖြစ် အမိုက်စား ပြန်လည်ပါဝင်လာမှာပါ။ ဒီတစ်ခါမှာတော့ အမေရိကန်ပြည်တွင်းက ပြဿနာတွေတင် မကတော့ဘဲ မော်စကို ကနေ လန်ဂလေ အထိ ကျယ်ပြန့်တဲ့ ကမ္ဘာချီ လျှို့ဝှက်ပူးပေါင်းကြံစည်မှု အကြီးစားကြီးကို ဖော်ထုတ်ရမယ့် အပြင် သူ့မိသားစု နောက်ခံသမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုပါ အသည်းတယားယား ရှာဖွေရမယ့် ဇာတ်ကွက်တွေနဲ့ ရင်ခုန်စရာ မြင်တွေ့ရမှာပါ။ ဒီဒုတိယရာသီရဲ့ အသက်ကတော့ ပထမရာသီထက် ပိုပြီး ကြီးမားကျယ်ပြန့်သွားတဲ့ နိုင်ငံတကာ စစ်ဆင်ရေးတွေနဲ့ အက်ရှင် အကြမ်းစားတွေပဲ ဖြစ်ပါတယ်။ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကြားက အားပြိုင်မှုတွေကို သေနတ်ပစ်ခတ်မှု အကြမ်းပတမ်းတွေနဲ့အတူ အချိုးကျကျ ပေါင်းစပ်တင်ဆက်ထားတာပါ။ ဒါ့အပြင် တော်မ်ဟော့ပါ နဲ့ အော်လ်ဂါကူရီလန်ကို တို့လို နာမည်ကြီး သရုပ်ဆောင်သစ်တွေလည်း အများကြီး ထပ်မံအားဖြည့် ပါဝင်လာတဲ့အတွက် ဇာတ်လမ်းက ပိုပြီး အသက်ဝင်လာပါတယ်။ ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ စစ်ရေး အက်ရှင် သည်းထိတ်ရင်ဖို ကားအမိုက်စားတွေကိုမှ နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေ အတွက်တော့ အချိန်ကုန်မှန်းမသိ ဆွဲခေါ်သွားမယ့် စီးရီးကောင်းတစ်ခု ဖြစ်လို့ လုံးဝ လက်မလွတ်သင့်ပါဘူး

M-Sub Movie
M-Sub Movie
Open In TikTok:
Region: MM
Friday 23 October 2026 07:42:01 GMT
350
5
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @msub.movie, please go to the Tikwm homepage.

Other Videos


About