@ootftsbym: réf en bio

maria 🐈‍⬛
maria 🐈‍⬛
Open In TikTok:
Region: FR
Friday 23 October 2026 10:28:55 GMT
5940
663
2
1

Music

Download

Comments

mll.ina
￴ ￴ ￴ ￴ ￴ ￴ ￴ ￴ ￴ ￴ ￴ ￴ :
t belle ma chérie
2026-10-23 11:40:40
0
l_2na03
￴ ￴𝐥𝐢𝐧𝐚💕 :
Vous pouvez allez liker ma vidéo épingler svp c’est un playback et j’ai peur de flop 💕
2026-10-23 10:35:38
0
To see more videos from user @ootftsbym, please go to the Tikwm homepage.

Other Videos

GMMTV ၏ “Scarlet Heart Thailand” ဇာတ်လမ်းတွဲတွင် ပါဝင်သော ဝတ်စုံဒီဇိုင်းနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများအပေါ် ထုတ်ပြန်ချက် GMMTV Co., Ltd. သည် “Scarlet Heart Thailand” ဇာတ်လမ်းတွဲတွင် ပါဝင်သော ဝတ်စုံများနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များနှင့် ကိုးကားစရာအထောက်အထားများကို မျှဝေပေးခဲ့ကြသော ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါသည်။ ပရိသတ်များ ထောက်ပြတင်ပြခဲ့ကြသော စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ထို့အပြင် ယဉ်ကျေးမှုတစ်ခုစီကို သင့်လျော်မှန်ကန်စွာ၊ လေးစားမှုရှိစွာ ကိုယ်စားပြုဖော်ပြရန် အလွန်အရေးကြီးသည်ဟုလည်း ကျွန်ုပ်တို့ ယူဆပါသည်။ ကျွန်ုပ်တို့ ရှင်းလင်းပြောကြားလိုသည်မှာ “Ullavee” သည် ဤဇာတ်လမ်းတွဲအတွက် သီးသန့်ဖန်တီးထားသော စိတ်ကူးယဉ်မြို့တစ်မြို့သာ ဖြစ်ပါသည်။ ထုတ်လုပ်ရေးအဖွဲ့သည် ဝတ်စုံများ၊ အနုပညာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုလေ့လာခဲ့ပြီး ထိုသုတေသနရလဒ်များကို အသုံးပြုကာ ဇာတ်လမ်း၏ အကြောင်းအရာနှင့် ဇာတ်ကောင်များနှင့် ကိုက်ညီစေရန် ဇာတ်ဝင်ခန်းအပြင်အဆင်များ၊ ဝတ်စုံများနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများကို ဖန်တီးတီထွင်ခဲ့ပါသည်။ ဒီဇိုင်းများသည် လန်နာ (Lanna)၊ ထိုင်းတိုင်းရင်းသားလူမျိုးများ၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အပါအဝင် မတူကွဲပြားသော ယဉ်ကျေးမှုများ၏ ကြွယ်ဝမှုနှင့် အလှတရားများမှ စိတ်ကူးစိတ်သန်းများ ရယူထားခြင်းဖြစ်ပါသည်။ ထိုယဉ်ကျေးမှုဆိုင်ရာ အရာများကို အဓိပ္ပာယ်ဖွင့်ဆိုကာ ပြန်လည်ပြုပြင်ဖန်တီးခြင်းဖြင့် Ullavee မြို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာကို တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုသည် ထုတ်လုပ်ရေးအဖွဲ့က စိတ်ကူးစိတ်သန်းရယူထားသော အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပါသည်။ အဖွဲ့သည် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုတို့၏ အလှတရားနှင့် ထူးခြားသော ဝိသေသလက္ခဏာများကို အခြားသော ယဉ်ကျေးမှုများနည်းတူ လေးစားတန်ဖိုးထားပါသည်။ ထိုယဉ်ကျေးမှုများအားလုံးသည်လည်း ဤဇာတ်လမ်းတွဲကို ဖန်တီးရာတွင် ပါဝင်အထောက်အကူပြုခဲ့ကြပါသည်။ ဇာတ်လမ်းတွဲတွင် ပါဝင်သော အစိတ်အပိုင်းအားလုံးကို ထိုင်းယဉ်ကျေးမှုမှ ဆင်းသက်လာသည်ဟု ဖော်ပြရန် ကျွန်ုပ်တို့တွင် ရည်ရွယ်ချက်မရှိပါ။ ဤစိတ်ကူးယဉ်မြို့ကို ယဉ်ကျေးမှုမတူကွဲပြားမှုများအပေါ် တန်ဖိုးထားလေးစားသည့် စိတ်ထားဖြင့်လည်းကောင်း၊ ထိုယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဂရုတစိုက်နှင့် အသေးစိတ်ကျကျ ဖော်ပြလိုသည့် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြထားပုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည့်အတွက် ကျွန်ုပ်တို့ အထူးပင် တောင်းပန်အပ်ပါသည်။ ထို့အပြင် မိမိတို့၏ အမြင်များနှင့် ကိုးကားစရာအထောက်အထားများကို မျှဝေပေးခဲ့ကြသော ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။ GMMTV နှင့် ထုတ်လုပ်ရေးအဖွဲ့သည် လူတစ်ဦးချင်းစီအတွက် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် မည်မျှနက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်ကို နားလည်လေးစားပါသည်။ ထို့အပြင် မိမိတို့ စိတ်ကူးစိတ်သန်းရယူထားသော ယဉ်ကျေးမှုတိုင်း၏ တန်ဖိုးကို ဂုဏ်ပြုလေးစားသည့် ဖန်တီးမှုလက်ရာများကို ထုတ်လုပ်သွားရန် ဆက်လက်ကတိပြုထားပါသည်။ GMMTV Co., Ltd. ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် #gmmtvofficial #gmmtvannouncement #fyp

About