@shunlapyae6: မမကိုတချို့ကပြောကြတယ် မမရေစိတ်ဓာတ်တွေကျနေပြီ အနာဂတ်ကိုလှမ်းကြည့်တော့လည်း ဘာမှမမြင်ရတော့ဘူးတဲ့ နှစ်ကုန်ခါနီးမှ လမ််းတွေပျောက်နေပြီတဲ့ အောင်မြင်မှုလမ်းတွေပျောက်နေတယ်ပေါ့ တကယ်ပဲ အနာဂတ်တွေဟာ မှောင်မိုက်နေသလား မမလည်း အနာဂတ်ပျောက်ခဲ့တာမျိုးနဲ့ကြုံခဲ့ဖူးပါတယ် g12 တုန်းကအခုလိုစာမေးပွဲကြီးတွေမှာ အမှတ်တွေနည်းခဲ့တုန်းကပေါ့ မောင်လေးညီမလေးတို့နဲ့ထပ်တူ ရည်မှန်းချက်တွေပျောက် အနာဂတ်တွေပျောက် စိတ်ဓောတ်ကျနေခဲ့တဲ့အချိန်ကပေါ့ အခုအခါမှာတော့မမရဲ့အနာဂတ်က အရင်ကထက်ပိုသေချာလာပေမယ့်လည်း အခုအချိန်မှာ မမဖြစ်ခဲ့သလိုမျိုးအနာဂတ်မပီပြင်ဝိုးတဝါးဖြစ်နေတဲ့မောင်လေးညီမလေးတွေအတွက်ရေးပေးလိုက်ပါတယ် မောင်လေးညီမလေးတို့ရဲ့အနာဂတ်တွေမှောင်မိုက်နေတာဟာ ပစ္စုပ္ပန်ကိုမကြည့်မိလို့ပါ ဆိုလိုတာက ပစ္စုပန်မှာမကြိုးစားမိဘဲ အခွင့်အရေးတွေကို လိုက်လံဖမ်းဆုပ်တာမျိုးမဟုတ်ဘဲငါတော့ အနာဂတ်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ယခုပစ္စုပ္ပန်မှာ ဖြစ်သလိုနေမယ်ဆိုရင်တကယ်ပဲ ကိုယ့်အနာဂတ်ဟာအမှောင်ကျနေမှာပါ အနာဂတ်မှာ တောက်ပဖို့ ယခုပစ္စုပ္ပန်မှပြုပြင်ရပါမယ် ဒီလိုဆိုရင်ဘာလုပ်ရမလဲ အချိန်မဖြုန်းပါနဲ့ မမတုန်းကကြောက်စိတ်တွေနဲ့ သံသယတွေဖြစ်နေခဲ့တဲ့အခါတိုင်း မမနာနာဖိလုပ်မိတာကအချိန်မဖြုန်းခြင်းပါ အချိန်ကိုအလဟဿမထားပါနဲ့ အချိန်ရတုန်းကို သင်ယူလေ့လာခြင်းကဘဝရဲ့ အာမခံချက်တစ်ခု ကိုယ်ကမရပ်တန့်ဘဲကြိုးစားနေတယ်ဆိုတဲ့ အချက်တစ်ခုကိုဖြစ်စေပါတယ် ဒါ့ကြောင့် အချိန်တွေရနေတုန်း ကိုယ့်ရဲ့အနာဂတ်မှာ နောင်တမရအောင် စာတွေကိုဖိလုပ်ပါ ကိုယ့်ရဲ့အချိန်တွေကို ပညာတစ်ခုခုတတ်မြောက်အောင်မသင်ယူဘဲ ရည်းစားထားတာ အပျော်အပါးလုပ်ပြီးအလေလိုက်တာ ပျင်းတာ မျိုးတွေလုပ်နေသရွေ့တော့ ဒီအိပ်မက်ဆိုးကရုန်းထွက်နိုင်မှာမဟုတ်ဘူး အဲ့လိုသာဆို ကိုယ့်အနာဂတ်က အခုတောင်ပျောက်နေတာ နောင်ဆိုအနာဂတ်ဟာ ရှာလို့တောင်တွေ့မှာမဟုတ်ဘူး တကယ်လို့ ကိုယ်က အနာဂတ်မှာ ဖြစ်ထွန်းချင်တယ် တောက်ပချင်တယ်ဆိုရင်တော့ အရည်အချင်းတွေကိုဖြည့်ထားရမယ် အဲ့အရည်အချင်းတွေထဲမှာ အခက်အခဲနဲ့ကြံုတဲ့အခါ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခြင်းလည်းပါတယ် စိတ်ဓာတ်ကျတဲ့အချိန်မှာ ကုန်းရုန်းထနိုင်တဲ့အရည်အချင်းလဲပါတယ် အခုအချိန်ဟာနှစ်ခါပြန်မရပါဘူး အဲ့ဒီအချိန်မှာကိုယ်ဘာတွေရင်းနှီးမြှုပ်နှံထားသလဲ အချိန်တွေကိုဘယ်လိုလဲသုံးခဲ့လဲ အခုအချိန်ကိုနှစ်ခါပြန်မရတာချင်း အတူတူ အပျော်အပါးမက်နေတဲ့ သူနဲ့ တကယ် ကြိုးစားတဲ့ သူ တစ်နေ့မှာ ကိုယ်စိုက်ထားတဲ့ အပင်တွေပေါက်လာတဲ့အခါ သူ့အပင်ကကျဖြစ်ထွန်းပြီး ကိုယ့်အပင်ကကျမဖြစ်ထွန်းဘူး ဆိုပြီး နောင်တရမနေပါနဲ့ ဒီအပင်တွေကို ကိုယ်ကိုယ်တိုင်စိုက်ခဲ့ကြတာပဲ အခုဒီစာကြိုးစားတာမှာလည်းတူတူပါပဲ အကုန်လုံးဒီပညာတွေကိုသင်ယူခွင့်ရကြတာပါ ဒီမှာပဲ ကျားကုတ်ကျားခဲကြိုးစားတဲ့ သူနဲ့ မကြိုးစားဘဲ အနာဂတ်ကိုမမြင်ရဘူး ဆိုပြီး ဆင်ခြေပေးလက်နှေးနေတဲ့ သူနဲ့ တစ်ချိန်မှာခံစားရမယ့်အသီးအပွင့်ချင်းကမတူပါဘူး ဒါကြောင့်အနာဂတ်တွေမှောင်မိုက်နေရင် အဂိပ္ပာယ်မဲ့နေရင် မြင်နေရတဲ့ပစ္စုပ္ပန်ကျန်နေသေးတဲ့အချိန်မှာအားစိုက်လိုက်ပါ အနာဂတ်ဟာပုံပေါ်လာပါလိမ့်မယ် ရှိပြီးသားလူလည်းပိုလှလာပါလိမ့်မယ် ဘဝမှာ ဘယ်သူမဆို ကိုယ်မရဖူးတဲ့အောင်မြင်မှုကိုရဖို့ တစ်ကနေစပြီးကြိုးစားရတာပါပဲ ဒီလိုကြိုးစားရတာချင်းအတူတူ အခက်အခဲတွေရင်ဆိုင်ရတာချင်းအတူတူ ကိုယ့်ရဲ့ ပစ္စုပ္ပန်အချိန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူနဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတဲ့သူနဲ့ တစ်ချိန်မှာ ရလဒ်တွေက ကွာသွားမှာပါ ဒါကြောင့် အနာဂတ်တွေမှောင်မိုက်နေရင် ပစ္စုပ္ပန်မှာ ရင်းနှီးမြှုပ်နှံကြပါ ဒါဆို ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ကရုပ်လုံးပေါ်လာပါလိမ့်မယ်။ #g12 #exam #examination #success #motivation

Shun La Pyae
Shun La Pyae
Open In TikTok:
Region: BE
Friday 23 October 2026 11:16:03 GMT
27072
3881
11
354

Music

Download

Comments

bhonepyae7713
YARZAR :
အမသားကအရှေ့ 4ဘာသာကိုဘာမှပြောစရာမရှိအောင်ဖြေနိုင်ပေမဲ့လို့ အနောက်2ဘာသာကခွေးဖြစ်သွား🥲
2026-10-23 22:18:30
4
mr.zau41
♐ Rae ♐ :
bioနဲ့math ကတော့အခြေနေမကောင်းဘူးမမရေ။bioကိုလဲတစ်ခန်းလုံးရတာကch-2ဘဲရှိတာကျန်တဲ့အခန်းတွေအပုဒ်ရွေးကျက်လိုက်တာ
2026-10-24 08:05:27
1
sulay19987
💥Shay🍒🔥 :
ကျတာမှပြန်ကောက်လို့ကိုမရတော့တာ
2026-10-24 09:48:27
1
hnin.yu.htike6
Keypu fan girl :
moti ရဲ့လိုက်တဲ့အတွက်ကျေးဇူးပါ မမ
2026-10-23 15:02:18
1
pz2s1
𝑁𝑜𝑦𝑦 :
thank for moti❤️‍🔥
2026-10-23 16:19:09
1
skylyhigh
jj :
စာလေးအတွက် ကျေးဇူးပါ မရေ 💓🥺
2026-10-23 11:26:25
1
waiwailinnwaiwailinn855
𝓴𝓲𝔂𝓸𝓶𝓲 :
အခုသေချာလုပ်ရင်မှီသေးလားဟင်
2026-10-24 01:38:44
0
khantkoko2227
All is Well!! :
first
2026-10-23 11:18:43
3
lowieboo
veilyx :
ရရဲ့သားနဲ့လက်ညောင်းလို့အောင်မှတ်ဖိုးပဲဖြေခဲ့တာလောက် ပျော်စရာကောင်းတာရှိသေးလား
2026-10-24 17:40:28
0
To see more videos from user @shunlapyae6, please go to the Tikwm homepage.

Other Videos


About