@myanmar_now: ကုန်ကျစရိတ်နဲ့ သတ်မှတ်ချက်တွေကြား CI လုပ်ဖို့ အခက်တွေ့နေတဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ဖွင့်လှစ်ထားတဲ့ CI ခေါ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity) ထုတ်ပေးရေးစခန်းမှာ စာအုပ်လာလုပ်တဲ့သူ တစ်ယောက်မှ မရှိတာကို တွေ့မြင်ရပါတယ်။ လျှောက်ထားသူတွေဟာ အခြေခံလုပ်ခလစာ ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ထားကြောင်းနဲ့ ဝင်ငွေခွန်ဆောင်ထားကြောင်း အထောက်အထားတွေ တင်ပြရမှာဖြစ်ပြီး ငွေလွှဲပြေစာပြသဖို့ အခက်အခဲရှိနေကြတယ်လို့ စင်တာက ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိစေဖို့ ဆောင်ရွက်တာလို့ ပြောဆိုထားပေမဲ့ အခကြေးငွေကောက်ခံမှုတွေအပေါ် အလုပ်သမားအရေး လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ CI အတွက် တရားဝင်စာရွက်စာတမ်းကြေးဟာ ဘတ် ၂,၆၆၀ ဖြစ်ပေမဲ့ ပွဲစားခနဲ့ အခြားကုန်ကျစရိတ်တွေပါ ထည့်တွက်ရင် ဘတ် ၅,၀၀၀ ကျော်အထိ ကုန်ကျတယ်လို့ မြန်မာအလုပ်သမားတွေက ဆိုပါတယ်။ ပန်းရောင်ကတ်အသစ် လုပ်ထားတဲ့ မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးရေးစခန်း ၄ ခုနဲ့ မိုဘိုင်းစခန်း ၁ ခုကို အောက်တိုဘာ ၁၄ ရက်ကစပြီး ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတာပါ။ တစ်ဖက်မှာလည်း CI လုပ်ငန်းစဉ်ကတစ်ဆင့် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်တပ်လက်ထဲရောက်ပြီး နိုင်ငံရေးအရ အသုံးချခံရနိုင်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေက အောက်တိုဘာ ၁၈ ရက်ကစပြီး CI မလုပ်ရေး၊ စင်တာတွေကို မသွားရောက်ရေး လှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေကြပါတယ်။ ကိုလှိုင်း/ Myanmar Now
Myanmar Now
Region: TH
Friday 23 October 2026 13:30:00 GMT
Music
Download
Comments
Myo :
စီးလုံးကြပါ မြန်မာ🥰🥰🥰🥰
2026-10-23 14:23:30
21
lwin gyi :
Ci မလို့တခုခုဖြစ်ရင် မခုပ်ခိုင်းတဲ့သူတွေကတာဝန်ယူပေးမှာလား
2026-10-23 23:13:35
4
ဆန်းဝင်းညွန့် (ပဲခူးမြို့) :
ပန်းရောင်ကဒ်ကနယ်ကျော်သွားလို့မရဘူးလေ
2026-10-23 23:22:29
2
P Sai Htoo :
ထိုင်းနိုင်ငံမှာနေရင် တကယ်က Workpermitနဲ့ Pink Cardရှိရင် တော်ရုံအေးဆေးပဲ ညဖက်တွေလျှောက်ထွက်မနေကြနဲ့ အလည်သိပ်မသွားနဲ့ ဒါဆ်ု အဆင်ပြေပြီ
2026-10-28 07:43:50
1
Ko Ko :
အဲ့ရုံးရှေမှာနေတာ မဖွင့်သေးတာဆိုပြောတော့
2026-10-27 12:13:00
0
Aye.Aye :
ထိုင်းကလည်းလိုတာပါအမျိုးမျိုးမလုပ်နဲ့ငါနိုင်ငံလာသူငါဘဲလုပ်ပေးမာ်ဆိုပီးရောလေ
2026-10-25 02:43:29
2
ပငလယခစသ အလမမနတင765 :
အခွင်ကနိုင်ငံတိုင်ပေရတာပဲမလုပ်ရင်ဝင်ထန်တွေသက်တာတယ်မြန်မာပြည်မှာကအခွင်ကအခုမှကောက်တာအစိုရကကိုလုပ်အားခကုန်လွှဲရမယ်လိုပြောတာမဟုတ်ဘူးကျနိငွေကိုပွဲစာနဲလွှဲလိုရတယပဲ
2026-10-24 13:08:03
0
Sai hark :
ဘယ်လုပ်မာတံုး😂😂😂😂
2026-10-23 15:41:06
0
🌲Z🍁?N🍀 :
ထိုင်းနိုင်ငံက စာရွက်စာတန်းဖိုးန့ဲတောင် မလွယ်ဘူး လုပ်လိုက်ရတာ ရှုပ်နေတာပဲ
2026-10-25 10:38:06
1
foo foo :
အဲလိုကြာချင်နေတာကြာပြီ
2026-10-24 16:02:09
0
Decher :
ကောင်းတယ်ဝမ်းသာတယ်
2026-10-24 01:25:15
0
khunaunghtwe09 :
25%တောင်းအစား
5%လျှော်ပေးပါ25%ပိုက်ဆံစုမရဘူး
ဘယ်ကယူပြီးပေးမလဲ
2026-10-26 03:06:54
0
ကိုကြီး :
မလုပ်ရင်ဖမ်းပါ
2026-10-25 12:27:37
0
🌲🌲🌾🌳🌴 :
CI နဲ့ ပတ်စပို့ကမတူဘူးလား
2026-10-24 04:03:49
0
🇲🇲Wai❤Wai❤Myint🇹🇭 :
ညီစေဟေ့
2026-10-24 15:18:11
0
phokyaw :
good
2026-10-24 04:23:43
0
Zeyar Lat :
👍👌👍
2026-10-25 06:26:24
0
Aung Aung 515 :
2026-10-24 14:49:51
0
Decemberkoko :
ညီတယ်ဟေ့🥰🥰🥰😘😘😘
2026-10-23 23:57:42
0
ဇောိဇေား :
မနစ်ကတောင်သောင်းရှစ်ထောင်တောင်ပေးရတယ်
2026-10-24 01:10:13
0
ဇောိဇေား :
ဘယ်သူမှမလုပ်နဲ့
2026-10-24 01:08:32
0
user4014955619714 :
18500ပေးရဒါပါci
pjက19700ပါ
2026-11-05 12:36:23
0
AA :
မလုပ်ဘူး
2026-10-23 15:42:07
0
မင်းပေးတဲ့အချစ်ဒဏ်ရာ။။ :
စစ်တပ်ကအမျိူးမျိူးယုတ်မာနေကြတာ ပြည်သူကိုရန်သူလိုသဘောထားနေတာ အလူပ်သမားတွေအခတ်ခဲတောမကြည်ဘူးအရမ်းကိုအခွန်လိုချင်နေတာ
2026-10-24 11:58:54
1
K H M :
အလုပ်သမားတွေဒုက္ခရောက်တော့ မြန်မာသံရုံးကနှာစေးသလို ချောင်းဆိုးသလဖြစ်နေတယ်
2026-10-28 12:57:41
0
To see more videos from user @myanmar_now, please go to the Tikwm
homepage.