@boys.dont.cry109: #rebellionrose #menang #konsermusik

𝕭𝕺𝖄𝕾 𝕯𝕺𝕹’𝕿 𝕮𝕽𝖄𝖄
𝕭𝕺𝖄𝕾 𝕯𝕺𝕹’𝕿 𝕮𝕽𝖄𝖄
Open In TikTok:
Region: ID
Friday 23 October 2026 13:59:32 GMT
10173
1068
1
102

Music

Download

Comments

mxking_531
vrexla💫 :
tapi kapan aku menang nya
2026-10-28 11:35:41
0
To see more videos from user @boys.dont.cry109, please go to the Tikwm homepage.

Other Videos

တစ်စုံတစ်ယောက်က ကိုယ့်ကို Message စာပို့တာလဲ မရှိ၊ ဖုန်းခေါ်တာလဲ မလုပ်၊ တွေ့စုံတာလဲ မရှိ၊ ဆက်သွယ်မှု လုံးဝ ရှိမနေပါပဲ ကိုယ့်ရဲ့ နှလုံးသားထဲ၊ စိတ်ထဲ၊ အတွေးတွေထဲ အမြဲတမ်း ရှိနေရတဲ့ အဖြစ်မျိုးတွေကို ကြုံဖူးကြလား။   ရက်၊ လ၊ နှစ်တွေ ဘယ်လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား လူ တစ်ယောက်ရဲ့ အကြောင်းဟာ ကိုယ့် အတွေးတွေထဲကနေ နှလုံးသားထဲကနေ လုံးဝ မထွက်သွားဘူး ဆိုတဲ့ အဖြစ်မျိုးကိုရော ကြုံဖူးကြလား။   နေ့စဉ် ဘဝကို ဖြတ်သန်းနေတယ်။ အလုပ်တွေ လုပ်နေတယ်။ လူတွေနဲ့ စကားတွေ ပြောနေတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အတွင်း စိတ်ထဲမှာ အဲ့ဒီ လူရဲ့ အမည်ကို အမြဲတမ်း တိတ်တဆိတ် ရေရွတ်နေမိတယ် ဆိုတာကိုရော ကြုံဖူးကြလား။   ဒါဟာ မတော်တဆ မဟုတ်ပါဘူး။ သာမန် ဖြစ်ရိုး ဖြစ်စဉ် တစ်ခုလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲမှ ဒီလို အဖြစ်မျိုးကို ကြုံနေရတာလဲ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က ဆက်သွယ်မှု မရှိပါပဲနဲ့ ကိုယ့်ရဲ့ စိတ်ထဲ၊ အတွေးတွေထဲမှာ အမြဲတမ်း ရှိနေတယ် ဆိုတာက ကိုယ် ထင်ထားတာထက် ပိုမို နက်ရှိုင်းတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်ပျက်နေတဲ့ သဘောပါပဲ။ ဉီးနှောက်နဲ့ စဉ်းစား ချင့်ချိန် တွက်ချက်နိုင်မှုရဲ့ အလွန်က၊ ရှင်းပြလို့ မရနိုင်တဲ့ အခြေအနေတွေရဲ့ အလွန်က၊ လူသားတွေရဲ့ နားလည် လက်ခံနိုင်မှု အလွန်က အဖြစ်အပျက် တစ်ခုပါပဲ။ တစ်ခါတလေမှာ တိတ်ဆိတ်နေခြင်းဟာ အသံတွေထက်၊ စကားလုံးတွေထက် ပိုမို ကျယ်လောင်ပြီး ပိုမို အဓိပ္ပါယ် ရှိနေပါတယ် ဆိုတာကို ဖော်ပြ နေသလိုမျိုးပေါ့။ ရံဖန်ရံခါ တစ်စုံတစ်ယောက် ရှိ မနေခြင်းဟာ သူတို့ရဲ့ တည်ရှိမှု၊ ဖြစ်တည်မှုတွေကို ပိုပြီးတောင် အားကောင်းနေစေ သလို မျိုးပါပဲ။ တစ်ခါတရံ နှလုံးသား နှစ်ခု ချည်နှောင်မိသွားတဲ့ အခါ အကွာအဝေး ဆိုတာ မရှိတော့ပါဘူး။ စကားလုံးတွေနဲ့ ပြောပြနေဖို့ မလိုတော့ပါဘူး။ အချိန်တွေဟာလဲ စာမဖွဲ့တော့ပါဘူး။ ပြီးတော့ ဘယ်အရာကမှ ကိုယ့် နှလုံးသားထဲက သူတို့ အကြောင်းကို ဘာနဲ့မှ ဖျောက်ဖျက် ဖြတ်ထုတ်လို့လဲ မရနိုင်တော့ပါဘူး။ ဒီလိုဆိုရင် စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်မှာ လူ သန်းပေါင်းများစွာ ရှိတဲ့ အနက် ဒီ နာမည် တစ်ခု၊ ဒီ မျက်နှာ တစ်ခု၊ ဒီ လူတစ်ယောက်နဲ့ အပြုံး၊ အသံ၊ မှတ်ဉာဏ်တွေကို ဘာလို့ ဆုပ်ကိုင်ထားရသလဲ ဆိုတာကိုပေါ့။ ဘဝ ဖြစ်ရပ်တွေ၊ အခြေအနေတွေ၊ အကွာအဝေးတွေက ခွဲခွာဖို့ ကြိုးစားနေတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့  စိတ်ထဲ၊ အတွေးထဲမှာ သူတို့ ဆက်လက် ရှင်သန်နေသေးတယ် ဆိုတာက နှလုံးသားထဲမှာ လက်ဗွေ နှိပ်သလို၊ ဆေးမှင် စုပ်ထိုးထား သလို အရင်ထဲက တည်ရှိ နေခဲ့လို့ပါ။ နှလုံးသားဟာ အမြဲ မှတ်မိနေပါတယ်။ တစ်ခါတလေတော့ စကြာဝဠာကြီးက သင့် ရင်ထဲကို တစ်စုံတစ်ယောက် ထည့်ပေးလိုက်တယ် ဆိုတာက သင် တစ်ခုခုကို Lesson Learned လုပ်ဖို့၊ သင်ခန်းစာ တစ်ခုခုကို သင်ယူနိုင်ဖို့၊ သင့် အတွင်းထဲက တစ်စုံတစ်ခုကို နိုးထ Awaken ဖြစ်စေဖို့၊ သင့်ရဲ့ ဘဝ ခရီးလမ်း Life Path ကို ပြန်လည် ပုံဖော် ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြား အချိန်တွေမှာတော့ ဒီ တစ်စုံတစ်ယောက်ဟာ သင့် ကံကြမ္မာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ဆိုလိုတာပါ။ ဆိတ်ဆိတ် နေမှုတွေဟာ ဘယ်လောက်ပဲ ရှိရှိ မချိုးဖျက်နိုင်တဲ့ နှောင်ဖွဲ့မှု Bond တစ်ခုပါပဲ။ ဒီတော့ ဒီလို အတွေးတွေနဲ့ ချာချာ လည်နေတယ် ဆိုရင်တောင် မတိုက်ထုတ်ပါနဲ့။ မုန်းမေ့ဖို့ အတွက် မအောင်မြင် ခဲ့ရင်လဲ ကိုယ့်ကိုယ်ကို ဒေါသ မထွက်ပါနဲ့။ အဲ့ဒီ အစား ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ငါ့ နှလုံးသားက ငါ့ကို ဘာပြောနေတာလဲ ဆိုပြီးတော့ပေါ့ ဖြစ်နိုင်တာက ကိုယ် ခံစားခဲ့ရတဲ့ ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာဟာ အမှန်တကယ် ဖြစ်ပါတယ် ဆိုတာကို ပြောပြပေးနေတာပါ။ နောက်ထပ် ဖြစ်နိုင်တာက ချိတ်ဆက်မှု နှောင်ကြိုး Connection ဆိုတာဟာ တကယ် ရှိနေတာ ဖြစ်ကြောင်းနဲ့ သက်ရောက်မှု တွေဟာလဲ တကယ်ကို ရှိနေတယ် ဆိုတာပါပဲ။ ဒါ့ကြောင့် တစ်စုံတစ်ယောက်ဟာ ကိုယ့်ကို ဆက်သွယ်မှု မရှိပါပဲ ကိုယ့် စိတ်ထဲမှာ အမြဲတမ်း ရှိနေတယ် ဆိုရင် သူတို့ဟာ ကိုယ့်ရဲ့ မှတ်ဉာဏ် တစ်ခုထက် ပိုတယ် ဆိုတဲ့ သဘောပါပဲ။ သူတို့ဟာ ကိုယ့်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကိုယ် ဆိတ်ဆိတ် နေချိန်တွေမှာပါ သယ်ဆောင်သွားရမဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။ ဒီတော့ တစ်ခါတလေမှာ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ တစ်စုံတစ်ယောက်ကို ထပ်ကာ ထပ်ကာ သတိရနေတယ် ဆိုတာက လူမသိ သူမသိ နာကျင်မှုတွေ ဖြစ်နေတတ်ပေမဲ့ တစ်ခါတလေမှာတော့ အလှပဆုံးသော အရာတစ်ခုလဲ ဖြစ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ခြင်း မေတ္တာဆိုတာစကားလုံးတွေ အမြဲ လိုနေအပ်တာ မဟုတ်ကြောင်း သိလိုက်ရလို့၊ သက်သေပြချက် အထောက်အထားတွေ လိုအပ်တယ် ဆိုတာလဲ မဟုတ်ကြောင်း သိလိုက်ရလို့ ပါပဲ။ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတွေ ဆိုတာက ရိုးရှင်းဆုံးသော အရာတစ်ခု ဖြစ်နေလို့ပါပဲ။ ဘာ အကြောင်း ပြချက်မှ မရှိပါပဲ ချစ်ခြင်း မေတ္တာ ဟာ ချစ်ခြင်း မေတ္တာ သက်သက်ပါပဲ။ ဒါဟာ မမြင်နိုင်တဲ့ နှောင်ကြိုးလေး တစ်ခုပါပဲ။ #crdစာသား  #robin🐒

About