@zsglobalengineering: Pakar gate dan awning. Boleh isi beg biru untuk sebarang persoalan. #gate #awning #pagarrumah #bumbung

Pakar Pintu Pagar
Pakar Pintu Pagar
Open In TikTok:
Region: MY
Friday 23 October 2026 15:00:05 GMT
608
5
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @zsglobalengineering, please go to the Tikwm homepage.

Other Videos

တချို့ကအစ်ကိုတော်ကြီးစောခွန်နောင်ကိုဘာထင်နေလည်းမသိဘူး..အစ်ကိုတော်နဲ့သူတို့ကဘဝဟောင်းက မောင်နှမတွေပဲတော်သလို သူတို့ကိုပဲတကူးတကလိုက်စောင့်ရှောက်ပေးနေသလို ကိုယ့်ဟာကိုမစွံလို့အိမ်ထောင်မကျတာတောင် အစ်ကိုတော်ကမကြိုက်လို့မပြုရတာနဲ့ တကယ်တရင်းတနှီးဆက်ဆံနေကြတာ..ပုဂ္ဂိုလ်အ‌ေပါ်အရမ်းရူးတိုင်းလည်းမကောင်းဘူး..တချို့ကိစ္စတွေက မလေးစားသလိုဖြစ်သွားတတ်တယ်.. အစ်ကိုတော်စောခွန်နောင်ဆိုတာ နတ်ပိုင်းဆိုင်ရာကော သိုက်ပိုင်းဆိုင်ရာကပါ အလွန်လေးစားရတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်.. နတ်သမိုင်းတွေမှာ အနော်ရထာမင်းဟာ မိဖုရားစောမွန်လှကို မိဖုရားခေါင်နှင့်တကွ နန်းတွင်းသူတွေရဲ့စကားကို ယုံကြည်ပြီး ပြည်တော်ပြန်စေမိတဲ့အတွက် နောင်တကြီးစွာရလျက်ရှိတယ်။ မကြာခင်မှာပဲ ပြည်တော်ပြန်ခရီးမှာ သူချစ်မြတ်နိုးရတဲ့မိဖုရား‌စောမွန်လှ ကွယ်လွန်သွား‌ကြောင်းကြားသိရတဲ့အတွက် စိတ်နှလုံးမသာမယာနဲ့မောဝ်ပြည်ကို ချီတက်လာခဲ့တယ်။ထိုအခါ မောဝ်သျှမ်းစော်ဘွားလည်း ကံကုန်သွားပြီ ဖြစ်တာ‌ေကြာင့် သားတော်“စောနောင်” ဟာ စော်ဘွားအဖြစ် အုပ်ချုပ်လျက်ရှိတယ်။ စော‌နောင်ဟာ အနော်ရထာမင်းကိုနာကြည်းမုန်းတီးပြီး လက်ခံ‌တွေ့ဆုံဖို့ငြင်းဆန်ခဲ့‌ပေမယ့် မင်းကြီးက အကျိုးကြောင်း စီလျော်‌အောင်ပြောပြတဲ့အတွက် စိတ်ကျေနပ်ပြီး ခမည်းတော်‌စော်ဘွားလက်ထက်တုန်းကလို နှစ်ပြည်တစ်ပြည် ချစ်ကြည်မှုအတွက် နှမတော်နှစ်ပါးဖြစ်တဲ့ စောအောင်နှင့် စောနန်းကို ဆက်သလိုက်တယ်။ မင်းကြီးလည်း ပုဂံပြည်ပြန်လာပြီး ကျောက်ဆည်နယ် အရောက်မှာတော့ ခရီးကွန်းထောက်ချပြီး ယာယီနန်းဖြင့် စံမြန်းနေတယ်။ထို့နောက် လယ်ယာမြေများအတွက် ရေသွယ်ရေမြောင်း မြောက်များစွာကို ဆည်ဖို့ခြင်း ပြုလုပ်တော်မူတယ်။ မင်းကြီးကိုယ်တိုင်ဦးစီးပြီး လုပ်ရာ အချိန်ကာလအားဖြင့် သုံးနှစ်ခန့် ကြာမြင့်ခဲ့‌လေတယ်။သို့သော် ဆည်ကြီးမှာမအောင်မြင်ဘဲ ရဲမက်ဗိုလ်ပါများစွာ သေဆုံးခြင်း၊ ဇော်ဂျီချောင်းမှ ဆည်တော်ကြီးမှာလည်း မကြာခဏ ကျိုးပျက်ခြင်း ဖြစ်ပေါ်လျှက်ရှိတယ်။ ထိုအခါ မင်းကြီးက ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ အမည်တွင် “အောင်” ပါသည့် တနင်္ဂနွေသမီးကို စတေးရမည်ဟု လျှောက်ထားလေတယ်။ မင်းကြီးလည်း အောင်ပါတဲ့ တနင်္ဂနွေသမီးကိုကိုးခရိုင်နယ်အတွင်း ကြော်ငြာမောင်းခတ် ရှာဖွေစေသော်လည်း မတွေ့ဘဲ ဖြစ်နေလေ၏။ ထိုအခါ မင်းကြီးရဲ့ အနားတွင် ခစားနေသောကိုယ်ဝန်အရင့်အမာနဲ့ ရှမ်းမိဖုရားစောအောင်ဟာ လယ်ယာကိုင်းကျွန်းသာယာဖွံ့ဖြိုးပြီး သာသနာတော်ထွန်းကားစေမည့် အကျိုးအတွက် မိမိအသက်ကို လှူပါရစေဟုဆိုတယ်။မင်းကြီးက ငြင်းဆန်ပယ်ရှားသော်လည်း ကြိမ်ဖန်များစွာ လျှောက်ထား‌ နေသည့်အတွက် စောအောင်ရဲ့ ဆန္ဒကိုလိုက်လျောတဲ့အနေနဲ့ စတေးရ‌လေတယ်။ ယခုလို မိဖုရားစောအောင်ကို အရှင်လတ်လတ်စ‌ တေးလိုက်တာကို ညီမတော် စောနန်းမြင်‌တော့ကြောက်လန့်တကြားနဲ့ သွေးရူးသွေးတန်း‌ပြေးကာ ဇော်ဂျီချောင်းအတွင်း ခုန်ချ သေဆုံးသွားခဲ့တယ်။ ထိုအခါမင်းကြီးက နှစ်ပြည်ထောင် ပဋိပက္ခဖြစ်ပွားမှာကိုစိုးရိမ်တဲ့အတွက် အကျိုးအ‌ကြောင်း‌ပြောပြရန် စော်ဘွား‌စောနောင်ကို ခေါ်‌ဆောင်စေတယ်။မင်းကြီးအမိန့်နဲ့ ခေါ်ဆောင်လာခဲ့တဲ့ စော်ဘွားစောနောင်ကို နှမဖြစ်သူတို့က အစိမ်းနတ်ဘဝဖြင့် ကိုယ်ထင်ရှားပြကြလေတယ်။ ထိုအခါ စောနောင်သည်လည်း စိတ်မချမ်းမသာဖြစ်ပြီး ဇော်ဂျီချောင်းအတွင်း ခုန်ချသေဆုံးကာ အစိမ်းနတ်ဖြစ်သွားခဲ့တယ်။ နတ်မောင်နှမသုံးယောက်တို့သည် အနော်ရထာမင်းကြီးအား ကိုယ်ထင်ရှားပြ၍ နေထိုင်ရန် နေရာတောင်းလေ၏။ ထိုအခါ စော်ဘွားကိုးခရိုင်နယ်၌ ၉ရက်နေ့တွင် သေဆုံး၍ နတ်ဖြစ်သဖြင့် ကိုးသိန်းရှင်နတ်အဖြစ် ကိုးခရိုင်တစ်လွှားတွင် လူအများအား ကိုးကွယ်ကြစေဟု အပိုင်စားပေးခဲ့တယ်။ စောအောင်ကို ဆည်ကြီး၊ စောနန်းကိုမူ အောက်ဘက်ဆီးတောဆည်ကိုအပိုင်စားပေးခဲ့လေတယ်။ အဲ့တာကြောင့် ကျောက်ဆည်နဲ့ကိုးခရိုင်နယ်သားတွေက ကိုးသိန်းရှင်နတ် ခေါ်  အစ်ကိုတော်စောခွန်နောင်ကို အလွန်ရိုသေခန့်ညားကြတယ်။ခရီးသွားရင်တောင်လူကိုးယောက်ဆိုရင်မသွားရဲကြဘူး။မသွားမဖြစ်လို့သွားရမယ်ဆိုလည်း ကျောက်ခဲတလုံးကို မောင်ကျောက်ခဲအဖော်လိုက်ခဲ့ပါဆိုပြီး ယူဆောင်ခဲ့ရတယ်။ သိုက်သမိုင်းမှာဆိုလည်းအစ်ကိုတော်စောခွန်နောင်က အနော်ရထာရဲ့ပုဂံတပ်တွေနဲ့စစ်ဖြစ်တော့ ယခုပြင်ဦးလွင်ကနတ်ကျုံးမှာခံတပ်တည်ပြီး ခုခံခဲ့တယ်။အဲ့ဒီမှာ စောခွန်နောင်ရဲ့အားထားရတဲ့ စစ်ကဲကြီးရှင်ထူးကျဆုံးပြီးနတ်ဖြစ်တယ်။အစ်ကိုတော်ကတော့ လွတ်မြောက်သွားပြီး ရှမ်းပြည်ဘက်ကကျောက်ဂူကြီးတစ်ခုအတွင်းမှာ တရားကျင့်ကြံအားထုတ်တယ်။ပြီးတော့နတ်ဝိဇ္ဇာဘဝကိုရောက်ရှိသွားတယ်။အဲ့တော့အစ်ကိုတော်စောခွန်နောင်ဆိုတာ နတ်သမိုင်းဘက်ကကြည့်ရင် ကိုးခရိုင်တနယ်လုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နယ်ပိုင်နတ်တစ်ပါးဖြစ်တယ်။သိုက်သမိုင်းဘက်ကကြည့်ပြန်တော့လည်း ရှမ်းသိုက်တွေကိုစောင့်ရှောက်တဲ့ ရှမ်းဝိဇ္ဇာကြီးတစ်ပါးဖြစ်တယ်။အဲ့တော့ လုပ်ချင်သလိုလုပ် ပြောချင်သလိုပြောကြတာတွေလျော့ကြပါ။‌စောခွန်နောင်ဆိုတာရှမ်းနတ်‌တွေထဲမှာ နယ်နယ်ရရပုဂ္ဂိုလ်ကြီးမဟုတ်ပါဘူးလို့ ဆရာတိုက်တွန်းပါရစေ။

About