@peer8786: သို့ ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နေ့စွဲ။ ၂၀၂၆ အောက်တိုဘာ ၂၃ ရက် အကြောင်းအရာ။ ။ နိုင်ငံတော်အကြီးအကဲ အငြိမ်းစားတစ်ဦးအား အုပ်စုဖွဲ့အနိုင်ကျင့်စော်ကားနေမှုနှင့် ဥပဒေမဲ့လုပ်ရပ်များအပေါ် ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပေးပါရန် တင်ပြခြင်း။ ၁။ ကျွန်တော်သည် သတင်းမီဒီယာသမားတစ်ဦးဖြစ်သည်နှင့်အညီ ပြည်သူများ သတင်းအချက်အလက် မှန်ကန်စွာသိရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတိုင်း၏ တရားမျှတသော အခွင့်အရေးကို မျှတစွာ ကာကွယ်ဖော်ထုတ်ပေးရန် ရည်ရွယ်၍ ဤတင်ပြစာကို ပေးပို့အပ်ပါသည်။ ၂။ ယခုတင်ပြအပ်သော ဖြစ်စဉ်မှာ တပ်မတော်စစ်ဥပဒေချုပ်(ငြိမ်း)၊ သမ္မတရုံးဝန်ကြီး(ငြိမ်း) ဖြစ်သည့် အဘ ဦးစိုးမောင်၏ ပိုင်ဆိုင်မှုနှင့် လုပ်ကိုင်ခွင့်ရှိသော မြေယာအငြင်းပွားမှုဖြစ်စဉ်အပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။ အဆိုပါမြေယာနှင့် ပတ်သက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းမြေဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် တရားဝင်ခွင့်ပြုထားသည့် မြေနေရာဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် ယင်းမြေနေရာသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ အစုလိုက်အပြုံလိုက် ဝင်ရောက်ကျူးကျော်ခြင်း၊ စိုက်ပျိုးထားသည့် နှစ်ရှည်ပင်များနှင့် ခြံစည်းရိုးများကို ဖျက်ဆီးခြင်းတို့အပြင် တရားရုံး၏ အမိန့်အရ ဒဏ်ငွေချမှတ်ခံရသည်အထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ၃။ သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစားအကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်နှင့် လူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ကာ လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် တစ်ဖက်သတ်အချက်အလက်အမှားများဖြင့် ဗီဒီယိုဖိုင်များဖြန့်ဝေခြင်း၊ အုပ်စုဖွဲ့ဖိအားပေးခြိမ်းခြောက်ခြင်းနှင့် လူအများရှေ့တွင် အနိုင်ကျင့်စော်ကားနေမှုများကိုပါ ထပ်မံကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဤကဲ့သို့သော လုပ်ရပ်များသည် တစ်ဦးတစ်ယောက်ချင်း၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို ထိခိုက်စေရုံသာမက နိုင်ငံတော်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအပေါ် မထီလေးစားပြုလုပ်သည့် အန္တရာယ်ကြီးမားသော တရားဥပဒေစိုးမိုးရေး ချိုးဖောက်မှုတစ်ခုပင် ဖြစ်ပါသည်။ ၄။ မည်သည့်နိုင်ငံသားမဆို၊ မည်သည့်အငြိမ်းစားအကြီးအကဲမဆို ဥပဒေ၏အကာအကွယ်ကို တန်းတူညီမျှ ခံစားခွင့်ရှိရမည်ဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်မျှ မိမိတို့၏ အုပ်စုဖွဲ့အာဏာပြမှုများ၊ ဥပဒေမဲ့ခြိမ်းခြောက်ဖျက်ဆီးမှုများဖြင့် အခြားသူ၏ အခွင့်အရေးကို ထိပါးချိုးဖောက်ခွင့် မရှိပါ။ ထို့ကြောင့် ဤကဲ့သို့ အုပ်စုဖွဲ့အနိုင်ကျင့်နေမှုများကို ထိရောက်စွာ အရေးမယူပါက တရားဥပဒေအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုပါ ထိခိုက်လာနိုင်ပါသည်။ ၅။ သို့ဖြစ်ပါ၍ နိုင်ငံတော်အကြီးအကဲ အငြိမ်းစားတစ်ဦးနှင့် သက်ဆိုင်သူများ၏ ဂုဏ်သိက္ခာ၊ လုံခြုံရေးနှင့် တရားမျှတမှုတို့အတွက် အောက်ပါအချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ အမြန်ဆုံး စိစစ်ဖော်ထုတ် အရေးယူပေးပါရန် တင်ပြအပ်ပါသည် - (က) မြေယာအသုံးပြုခွင့်ဆိုင်ရာ တရားဝင်စာရွက်စာတမ်းများ၊ တရားရုံး၏ အမိန့်နှင့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာဌာနများမှ စိစစ်အတည်ပြုပေးရန်။ (ခ) မြေယာအတွင်းသို့ အစုလိုက်အပြုံလိုက် တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ သီးနှံပင်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်အနိုင်ကျင့်ခြင်းစသည့် ဥပဒေချိုးဖောက်မှုများကို သက်‌သေအထောက် အထားများအပေါ်မူတည်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်။ (ဂ) လူမှုမီဒီယာပေါ်တွင် တစ်ဖက်သတ်ပုံဖော်ကာ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ဖြန့်ဝေနေသော သတင်းတု၊ ဗီဒီယိုဖိုင်များနှင့် အုပ်စုဖွဲ့ဖိအားပေးနေမှုများကို မူရင်းအထောက် အထားများဖြင့် စစ်ဆေးပြီး တည်ဆဲဥပဒေများအတိုင်း အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်။ (ဃ) တရားရုံး၏ အမိန့်နှင့် ဆုံးဖြတ်ချက်များကို လိုက်နာမှုမရှိဘဲ ဆက်လက်နှောင့်ယှက်ဖျက်ဆီးနေမှုများအပေါ် လုပ်ထုံး လုပ်နည်း နှင့်အညီ အားဖြည့်ကိုင်တွယ်ပေးရန်။ (င) မည်သည့်ဘက်လိုက်မှုမျှမရှိဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုဖြင့် သက်ဆိုင်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်ပေးရန်။ သတင်းသမားတစ်ဦးအနေဖြင့် အမှန်တရား၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုတို့ ဖော်ဆောင်နိုင်ရေးအတွက် ဤတင်ပြချက်ကို ပေးပို့အပ်ပါသည်။ လေးစားစွာဖြင့် ဌေးအောင် အယ်ဒီတာ Orchid News Agency

Orchid News Agency
Orchid News Agency
Open In TikTok:
Region: MM
Saturday 24 October 2026 05:48:02 GMT
727709
28360
503
703

Music

Download

Comments

naing.gyi1684
Naing Gyi :
ဘယ်သူမှားတယ်မှန်တယ်မသိပါဘူး မတရားမှုမှန်သမျှကျရှုံးပါစေ
2026-10-24 06:46:08
159
minnanda926
minnanda :
ပြည်သူကိုအနိုင်ကျင့်နေတာလား အစိုးရမြေတွေကြည့်ပဲလားပြည်သူတွေဘယ်နားနေရမလဲ ဘယ်ကောင်တက်တက်
2026-10-24 09:16:19
48
simple.life4904
simple life :
သမ္မတရုံးဝန်ကြီးက မြေတွေအများကြီးပိုင်သလား သိချင်တာ သူ့လစာနဲ့သူ့လုပ်သက် သူ့လုပ်သက် သူဘယ်ကငွေတွေရသလဲ စစစ မစစ်နိုင်ဘူးလား ဥပဒေဆိုတာ တရားမျှတမှူ့မဟုတ်ဘူးဆိုတာ ဥပဒေအကြံပေးတွေသိသင့်တယ်
2026-10-24 06:59:50
171
bo.ken242
Bo Ken :
Good luck
2026-10-25 07:18:10
0
daddysugar180
Aung Khant Paing :
ဦးစိုးမောင်ကို တရားဝင်လုပ်ကိုင်ခွင့်ချထားမပေးပါ မြေစားရင်းရုံး မှာသွားစုံစမ်းပါ ဦးဌေးအောင် လုပ်ကိုင်ခွင့်ကို အပြိုင်လျှောက်ထားဆဲ အဆင့်သာဖြစ်ပါသည် နောက်ပီးအဲ့နေရာမှာ မူလလက်ငုတ် ရွာသားတွေနေထိုင်တာ နှစ် ၅၀ ကျော်ပါပြီ ဦးစိုးမောင်အတိုင်အတော ထူလို့ ပြောင်းသွားရ အရေးယးခံရတဲ့ ဝန်ထမ်းတွေအများကြီးပါ ဦးစိုးမောင်အတိုင်အတောထူတာ ဦး ဌေးအောင်အသိဆုံးနေမှာပါ လှည်းကူးကဌာနဆိုင်ရာတွေအကုန် သူ့ကြောကါနေရတာပါ ဦးစိုးမောင်ကိုယ်တိုင် တရားဝင်ပိုင်ဆိုင်မှုမရှိတဲ့ မြေကို လူအုပ်စုနဲ့ခြံလာခတ်တာကရော တရားရဲ့လားဗျ
2026-10-24 06:56:05
45
naing.soee1687
U Naing :
လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေအရဥပဒေစိုးမိုးမှု့ဆိုတာမရှိသလောက်ပါဘဲဒီတော့ရပ်ကွက်ကျေးရွာမြို့ခံလူထုတွေအနေနဲ့ကိုယ့်မြို့ကိုယ့်ရွာကိုစုပေါင်းညီညွတ်စွာဖြင့်ကာကွယ်စောင့်ရှောက်ကြပါမတော်မတရားတာမှန်သမျှလုံးဝလုံးဝလက်မခံကြပါနှင့်စည်းလုံးညီညွတ်ဖို့အလွန်အရေးကြီးပါသည်
2026-10-24 08:17:13
61
user5772041853111
တောင်ပေါ်သား :
ဦးစိုးမောင်ကပိုင်ရအောင်သူဝယ်ထားတာလား။ ဘယ်သူ့ဆီကဝယ်ထားတာပါလဲ
2026-10-24 07:11:12
61
user4744832242486
user4744832242486 :
အုပ်ကြီးတွေက ရွာကာကွယ်ပေးရမှာမဟုတ်ဖူးလား
2026-10-24 06:47:23
48
agentsoemoe
Ko Soe Moe :
နေပါဦး နားထဲ ကြားနေရတာ ဥပဒေ... ဥပဒေ... ဥပဒေ... နဲ့ တိုင်းပြည် က ဥပဒေ အရမ်းပေါပြီး ထွန်းကားနေတာပေါ့ အက်လိုလား 😂😅😂😅😂😅 ပြေးပြီ ဝှစ် ဝှီး
2026-10-24 07:23:52
31
koahkim
Ah Kim ♓ :
ဥပဒေမဲ့လာလုပ်ရင်တော့ ဝန်ကြီးချုပ်ဖြစ်ဖြစ်ပြောခံရမှာပါပဲ
2026-10-24 07:09:20
13
tta1187
tsts :
အသိပညာနဲ့ဆိုင်တယ်ဗျ၊သူတို့နေထိုင်ရာကျင်လည်ရာဗဟုသုတအရ ပြုမူနေထိုင်ရာအရပ်သုံးစကားများကို သာသိကြသူများပါ၊စကားတခွန်းမဆိုထားနှင့် ဗျည်း အက္ခရာတလုံးစီတိုင်းက ဥပဒေအရ သတ်မှတ်ချက်တွေ ရှိနေတာပါ။
2026-10-24 06:19:53
15
tun.ya63
Tun Ya :
အဲမြေကအဲသူမယူခင်ကတည်းကမြေပြင်မှာလုပ်ကိုင်သူရှိနေပီးလားဆိုတာဘယ်လိုပြောရမလည်းဥပဒေကြီးပြောနေကြတာ
2026-10-24 09:02:49
8
myoeminnthein8
Minn Khant :
အာဏာရ အာဏာရှိလာရင် ၎င်းကိုယ်တိုင်နှင့် အာဏာရှိသူကို ဝင်ရောက်ပူးကပ် လုပ်ပိုင်ခွင့် ပါမစ် စလစ် လိုင်စင် ရအောင်ယူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံပိုင်သယံဇာတ အားလုံး သူတို့ သူတို့ အပိုင်ဖြစ်သွားကြတာပါ
2026-10-25 06:57:49
5
u.tin.tun338
U Tin Tun :
မြန်မာပြည်မှာ.ဉပဒေမရှိတော့ဘူးလေ
2026-10-24 07:31:49
8
zaw.htet3696
Zaw Htet :
ဥပဒေသာပြောတာ ပိုက်ဆံရှိရင်အကုန်နိုင်တယ် ခံရတာပြည်သူပဲ
2026-10-24 09:03:39
7
unaing0911
U. naing :
ဥပဒေကဘာကိုပြောတာလည်း
2026-10-24 10:53:25
7
khin71384
Khin :
မြင်ရတာစိတ်မကောင်းဘူး
2026-10-24 06:36:09
14
komyo.min24
komyo Min :
မြန်မာနိုင်ငံမှာ ဥပဒေဆိုတာ အာဏာရှင်တွေ ချုပ်ကိုင်ထားတာ ပြည်သူတွေက ဘယ်သူ့ကိုမှ တိုင်လို့မရပါဘူး
2026-10-24 07:24:06
15
daddysugar180
Aung Khant Paing :
ခုဟာက သပ်သက်ကြီးမတရားလာလုပ်နေတာပါ
2026-10-24 06:57:15
50
khin.mg.myint174
Khin Mg Myint :
ဥပဒေးဆိုတာကပစပ်ထဲမှာပဲရှိတာပါ ဘယ်သူကဥပဒေးကိူလိုက်နာနေလို့လည်းရာထူးကြီးလေ ဥပဒေကိုလက်တလုံးခြားပိုလုပ်လေပဲလေ
2026-10-24 07:21:19
12
zawwai.zaw2
Zawwai Zaw :
တော်ကြပါတော့ကွာဒီလောက်ချမ်းသာပြီးကြပြီဘဲကွာပြည်သူ့မျက်နှာကြည့်ပါတယ်နိုင်ငံတိုးတက်အောင်လုပ်တယ်ဆိုတာဒါလား
2026-10-24 07:13:42
9
tyrttyrt04
ko oo :
ဘယ်ရွာဘယ်မြိုလဲ
2026-10-26 02:54:35
0
angle.lay2344
Angle lay :
ဘယ်မြိုနယ်လဲအကိုရေ
2026-10-24 16:08:31
3
susu123252
Susu123 :
အားလုးံကသူတို့လက်ထဲမှာ သွားမလုပ်နဲမောတာပဲအဖတ် တင်မယ်
2026-10-24 17:49:54
2
aachct0
Dream :
အဲ့လိုလမ်းပေါ်မရှင်းနဲ့ဟ ကိုမှားသလိုဖြစိမယ် တရားရုံးတတ်ရှင်း ဘယ်ကောင်မှလိုက်မရှင်းရဲဘူး လမ်းပေါ်မှာက အာပဲစိုက် လိုင်းပေါ်တင်မှန်သလိုလုပ်ချင်တာ ။ ငါကတော့ စကားနဲနဲလာမှားတာနဲ့ တရုံးအမူဖွင့်ပစ်တာ လမ်းပေါ်လည်းမရှင်းဘူး အိမ်ထဲလဲမရှင်းဘူး ပြန်ကိုမပြောဘူးလေကုန်လို့
2026-10-24 12:00:37
4
To see more videos from user @peer8786, please go to the Tikwm homepage.

Other Videos


About