@myatthunews: 24 Oct 2026 ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ မြို့မအစ္စလာမ်ဗလီ အဆောက်အအုံကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်နှင့် ဗလီမှ တရားဟောဆရာ နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၁ နှစ်စီ ကျခံစေရန် စစ်ကောင်စီလက်အောက်ခံ ကျောက်မဲခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကျောက်မဲခရိုင် တရားသူကြီး ကျော်စိုးခိုင်က ရာဇသတ်ကြီးမှုအမှတ် ၃/၂၀၂၅ ဖြင့် စီရင်ချက်ချရာတွင် တရားခံဟု စစ်ကောင်စီက သတ်မှတ်ထားကြသည့် ဦးလုထွေးနှင့် ဦးစိုးသိန်းတို့နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီ၊ ပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နောင်ချိုမြို့၊ ဈေးရပ်ကွက်၊ နယ်မြေ (၆) တွင် တည်ရှိသည့် အလျား ၅၅ ပေ၊ အနံ ၆၀ ပေရှိ မြေကွက်နှင့် အဆိုပါ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် အလျား ၅၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၃၀ ပေရှိ အစ္စလာမ်ဘာသာရေးဝတ်ပြု မြို့မဗလီ အဆောက်အအုံ (၁) လုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် စီရင်ချက်တွင် ပါရှိသည်။ တစ်ဦးတစ်ယောက်၏ စွပ်စွဲချက်အပေါ် မူတည်၍ မြို့ပေါ်ရှိ မွတ်စလင်မ်ထု တစ်ခုလုံးနှင့် သက်ဆိုင်သည့် ဗလီကြီးအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း နောင်ချိုမြို့ခံ မွတ်စလင်မ်အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုသည်။ “အများမွတ်စလင်မ်ထုနဲ့ သက်ဆိုင်တဲ့ ဗလီကြီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်တယ်။ အများပိုင် ပစ္စည်းကို သူပိုင်တာ မဟုတ်ဘဲ သိမ်းယူတဲ့ အမိန့်ကို သဘောရိုးနဲ့ လက်ခံလို့ မရပါဘူး” ဟု နောင်ချိုမြို့ခံတစ်ဦးက Myanmar Muslims News Network လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တိုက်ခိုက်ပြီးနောက် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြို့မဗလီကြီး အပါအဝင် ဂေါ်ရခါး ဘာသာရေးအဖွဲ့၏ တည်းခိုရိပ်သာ၊ ရွှေဆိုင်၊ ဓာတ်ဆီဆိုင်များနှင့် အရပ်သားနေအိမ် ၂၀ ကျော်ကို စစ်တပ်က လိုက်လံချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြို့မဗလီကို စစ်တပ်က စတင်ဝင်ရောက်စဉ်က ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ဆောက်လုပ်သည်ဟု အကြောင်းပြကာ ချိတ်ပိတ်ခဲ့ရာမှ ယခုအခါ အကြမ်းဖက်မှု ပုဒ်မများ တပ်ကာ အပြီးသတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ #MPA #နောင်ချိုဗလီ #ဘာသာရေး
TK Khaing
Region: MM
Saturday 24 October 2026 12:17:37 GMT
Music
Download
Comments
🇲🇲ရေစက်ဆုံ ကြုံတွေ့ရ 🇹🇭💞 :
တစ်နိုင်ငံလုံးက ပလီရော လုပ်ပေးပါ
2026-10-24 13:39:19
190
zaw min htike :
တနိုင်ငံလုံး စစ်ဆေးပေးပါ။
2026-10-24 15:08:28
101
Lu Soe :
များများလုပ်ပေးပါကျေးဇူးတင်ပါတယ်
2026-10-24 13:08:55
393
Dream :
ဘာသာရေးအဆောက်အဦးဆိုတာအများပိုင်ပါ။ပြစ်မှုကျူးလွန်သူကိုအရေးယူတာလက်ခံပါတယ်။ကျူးလွန်သူတချို့ကြောင့်တော့ အများပြည်သူဝတ်ပြုရာနေရာကိုမသိမ်းသင့်ပါဘူး
2026-10-24 13:20:06
117
Ji Nado :
စုကြည်အစိုးရနဲ့ကွာတာ
အဲဒါပဲ
2026-10-24 13:39:45
70
Sai Nhit Thit :
အယူခံ/ပြင်ဆင်ရက်ကျော်က ပြည်သူဘဏ္ဍာအဖြစ်သိမ်းစေတဲ့လေ ဘာလို့ဘလိမ်းနေကြတာလဲ နောက်တော့ ပြန်အဆင်ပြေသွားပါလိမ့်မယ်ဗျာ
ကျနော် သိလို့တတ်လို့ပြောတာမဟုတ်ပါဘူးနော်
ဥပဒေကို လေ့လာပြီးမှ သတင်းတင်စေချင်ပါတယ်
2026-10-24 14:36:57
38
Thaw Ma :
ဖြစ်စဥ်အျသးစိပ်ကိုပေါ်လွင်အောင်မရေးပဲဗလီချိတ်ပိတ်တာကိုပဲဇောင်းပေးရေးတော့ဘယ်လိုအဓိပ္ပါယ်ရိှမလဲ
2026-10-24 13:18:35
31
zarnisoenaing :
တရားဟောဆရာမဟုတ်ပါဘူးအထင်တွေနဲ့မတင်ကြပါနဲဗျာ
2026-10-24 13:35:31
32
ko chit :
ပြည်သူ့ဆေးရုံလုပ်လိုက် ရှေည်အကျိုးရှိမယ်
2026-10-24 14:08:15
12
Ko Zay :
ဗလီကအမြားပိုင်လေတစ်ဦးတစ်ပိုင်မဟုပဘူလေအပြစ်ရှိတယ်စိုရင်လဲလုပ်သဲသူကိုအရေးယူရမယ်ဗလီနဲဘာမှကိုမစိုင်ဘူး
2026-10-24 14:22:33
21
Thar Gyi :
ထောက်ခံတယ်
2026-10-24 13:46:53
18
U Sai :
အရမ်းလေးစားတယ်
2026-10-24 13:41:57
19
Mg Mg :
good.. rights
2026-10-24 16:08:07
0
Ye Yint :
ဗမာတပ်မတော်ကကစစ်ရှုံးလို့ မြို့ကျသွားတာဖြစ်တဲ့အတွက် ကျသွားတဲ့မြို့တွေကို တပ်မတော်အစိုးရဟာခုလို ပြည်သူပိုင်သိမ်းခွင့်မရှိတဲ့အပြင် နစ်နာသူပြည်သူများအား စစ်လျော်ကြေးပါပေးရမယ်
2026-10-24 13:18:08
77
Khin Mg Naing :
very very good
2026-10-24 15:14:05
0
မျိုးချစ်မေ :
very good
2026-10-24 17:18:22
0
ဖက်တီးမ :
good 1000000
2026-10-24 14:15:52
0
ယဥ်ယဥ်အေး :
သီပေါနောင်ချိုလား?
မိုင်းပြင်းနောင်ချို လား?
2026-10-24 13:30:11
8
umoep8 :
အထူးပင်ကျေးဇူးတင်လျှက်ပါစီစစ်ပါမြန်မာတစ်နိုင်ငံလုံးကို
2026-10-24 13:36:36
57
twinzaw :
သတင်းအ ကြောင်းအရာကို. အထက် အောက် ပြောင်းပြန် ရေးခြင်းဖြင့်
စာရှူသူ ကို အမုန်းတရားရိုက်သွင်း ပြီး. ဆင်ခြင်တုံတရားကို သင်းသတ်တာ
2026-10-24 13:40:51
19
မောင်ဒီ :
ဥပဒေ ချိုးဖောက်ရိုး မှန်ရင် ဘာသော ညာသော ရှောင်မှာမဟုတ် အရေးယူခံရမှာဘဲ...
2026-10-24 13:56:09
30
Idgunisaar :
မျက်စိ2ဘက်ပါရင်၊တဘက်ထဲနဲ့မကြည့်ကြပါနဲ့၊ကိုယ်ကျင်စာတရားလေးနဲ့ကြည်ကြပါရှင်၊ဘဝဆိုတာခဏလေးပါနော်
2026-10-24 13:58:37
13
user82487166913 :
နောင်ချိကြိုက်တယ်♥️
2026-10-24 16:02:19
14
Ku La :
very good.
2026-10-24 13:10:38
19
Khin Pyae Sone :
ဗုဒ်ဓဘာသာမြန်မာနိုင်ငံ
2026-10-24 13:58:17
13
To see more videos from user @myatthunews, please go to the Tikwm
homepage.